ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ယူနစ် ၂၀၀၀ ကျော်သွားသည့် ဘုတ်ပြင်းလျှပ်စစ်မီတာခ အနည်းငယ်စျေးပြန်ကျ

diz_admin

October 18, 2022

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ သွားလာရန်ခက်ခဲသည့် ပင်လယ်ရွာများတွင် လျှပ်စစ်မီတာခ တယူနှစ် နှစ်ထောင်ကျော်အထိ တက်ခဲ့ပြီးနောက် အနည်းငယ်စျေးပြန်ကျလာကြောင်း ဒေသခံများ ထံမှသိရသည်။ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အလယ်မန်ရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက လျှပ်စစ်မီးတစ်ယူနစ် ၂၁၅၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ယခုလတွင် ၁၈၀၀ ကျပ်သို့ဈေးပြန်ကျသွားသည်ဟု ဒေသခံများနှင့် လျှပ်စစ်မီးပေးသည့် လုပ်ငန်းရှင်ကပြောသည်။ “အဲဒီလက ဒီဇယ်ဆီ ကမန်းကတန်း(တက်သုတ်ရိုက်) စျေးတက်သွားတယ်။ (၁ ပေပါ) ၉ သိန်းခွဲပေးတာတောင် ဝယ်လို့မရဖြစ်သွားတယ်။ ခုကတော့ ၆ သိန်းခွဲအထိ ဈေးပြန်ကျသွားတော့ ဒီလ တစ်ယူနှစ် ၁၈၀၀ ကျပ်ကိုပြန်ချလိုက်ပါပြီ”ဟု အလယ်မန်ကျေးရွာ ပုဂ္ဂလိက လျှပ်စစ်မီးပေးဝေသည့် လုပ်ငန်းရှင်ကပြောသည်။ ယင်းကဲ့သို့ ဈေးတင်လိုက်သည့်အတွက် အိမ်ခြေ ၂၅၀ ဝန်းကျင်ခန့် မီတာကြေးလာမဆောင်ကြတော့ဘဲ သပိတ်မှောက်ခံရကြောင်း ၎င်းကပြောပြသည်။ “ဒီလမှာမောင်းထားတဲ့ […]

အမျိုးသမီးလစဉ်သုံးပစ္စည်းဈေးနှစ်ဆတက်

diz_admin

October 18, 2022

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး အထွေထွေကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုနှင့်အတူ အမျိုးသမီးလစဉ်သုံး ပစ္စည်းများလည်း ဆက်တိုက်စျေးတက်လာပြီး ယခင်ကထက် ဈေးနှစ်ဆခန့်တက်သွား ပြီဖြစ်သည်။ ထားဝယ်ဒေသတွင် လူသုံးများသည့် Blue အမှတ်တံဆိပ် လစဉ်သုံးဂွမ်းထုပ် တစ်ထုပ်လျှင် ၆၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ လည်းကောင်း၊ ပျိုမေ အမှတ်တံဆိပ်မှာ ၈၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိလည်းကောင်း၊ Eva အနီမှာ ၁၂၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိဈေးတက်သွားပြီး ဈေးကွက်အတွင်းရှိ အခြားအမှတ်တံဆိပ်များလည်း ဈေးတက်သွားသည်။ အခြားကုန်ပစ္စည်းများ ဈေးတက်ချိန်တွင် အမျိုးသမီးသုံးလစဉ်သုံးပစ္စည်းများလည်း တဖြည်းဖြည်း ဈေးတက်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လူသုံးကုန်ပစ္စည်း အားလုံးနီးပါးမှာ ပြည်တွင်း၌ ထုတ်လုပ်နိုင်ခြင်းမရှိဘဲ ပြည်ပမှသာ တင်သွင်းကြရသဖြင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်း၊ လမ်းပန်းဆက်သွယ်ရေးမကောင်းသဖြင့် သယ်ယူစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် သွင်းကုန်ပစ္စည်းများ အဆမတန်မြင့်တက်လာခြင်းဖြစ်သည်။ လက်ရှိ ကုန်ဈေးနှုန်းတက်နေချိန်တွင် စားဝတ်နေရေးအသုံးစရိတ် ပိုမိုကုန်ကျနေသည့်အပြင် လစဉ်သုံးပစ္စည်း ဝယ်ရန်အတွက်ပါ […]

လောင်းလုံးတွင် ရဲဝန်ထမ်းဟောင်းတစ်ဦး ပစ်ခတ်ခံရ

diz_admin

October 18, 2022

လောင်းလုံးမြို့နယ်က အငြိမ်းစားရဲဝန်ထမ်းဟောင်းတစ်ဦး အောက်တိုဘာလ ၁၈ ရက် မနက်ဝေလီဝေလင်းအချိန်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ကပြောသည်။ ပစ်ခတ်ခံရသူမှာ လောင်းလုံးမြို့နယ်အတွင်း နယ်ထိန်းတာဝန်ထမ်းဆောင်ဖူးသူ ရဲတပ်ကြပ်ကြီးဟောင်း ဦးချိုလွင်ဆိုသူဖြစ်ပြီး အာဏာမသိမ်းခင်ကတည်းက အငြိမ်းစားယူထားသူတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ မနက်ဝေလီဝေလင်းအချိန် လက်ဘက်ရည်ဆိုင်များသို့ အီကြာကွေးလိုက်ပို့နေချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သေနတ်ပစ်ခံရတယ်ဆိုတာဟုတ်တယ်။ သွေးအိုင်ထဲမှာလဲကျပြီးသေသွားတယ် ဆိုတာတော့မဟုတ်ပါဘူး။ ‌ဒဏ်ရာတော့ရတယ်။ ဒဏ်ရာကလည်း ကြီးကြီးမားမားရတာမျိုး မဟုတ်ပါဘူး” ဟု ဒေသခံတစ်ဦးကဆိုသည်။ ၎င်းသည် အငြိမ်းစားယူပြီးနောက် ‌လောင်းလုံးမြို့နှင့်ကပ်လျက် သဗျာကျေးရွာတွင် ပေါက်ဆီ၊ အီကြာကွေး စသည့်မု့န်လုပ်ငန်း လုပ်ကိုင်နေခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ ရဲတပ်ကြပ်ကြီးဟောင်း ဦးချိုလွင်အား လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ၎င်းသည် တော်လှန်ရေးကာလအစပိုင်း သပိတ်စစ်ကြောင်းများအား အကြမ်းဖက်ဖြိုခွဲရာတွင် ကူညီပါဝင်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် စစ်ကြေးကောက်ခံပေးခြင်း၊ စစ်ကောင်စီအား လျို့ဝှက်သတင်းထောက်လှမ်းပေးခြင်း၊ […]

ပဲရစ်မြို့တွင် မိန်းကလေးငယ်တစ်ဦးကို ရုပ်ရှင်ဇာတ်လမ်းများထဲကကဲ့သို့ သတ်ဖြတ်၍စွန့်ပစ်

diz_admin

October 18, 2022

အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ပြီး ၎င်းနေထိုင်ရာ တိုက်ခန်းအဆောက်အဦခြံဝန်းတွင် ကုန်သေတ္တာပုံးထဲ ထည့်ကာ လာပစ်သွားသည့် အမှုကြောင့် ပဲရစ်တစ်မြို့လုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ရကြောင်း BBC သတင်းက ဖော်ပြထားသည်။ လိုလာဟု အမည်ရသော သမီးငယ်လေးသည် ပုံမှန်အတိုင်း ကျောင်းသွားတက်ခဲ့ပြီးနောက် နေ့လယ်ခင်း အိမ်ပြန်မလာသည်မှ စ၍ သူမ၏ ဖခင်ဖြစ်သူက စတင် သတိထားမိသွားခြင်း ဖြစ်သည်။ ညနေခင်းသို့ ရောက်သောအခါ ထွင်းဖောက်မြင်ရသော ပလတ်စတစ်ကုန်သေတ္တာ တစ်ခုကို ကောင်မလေး၏ ဖခင် စီမံခန့်ခွဲသူအဖြစ် အလုပ်လုပ်ရာ တိုက်ခန်းနေရာတွင် တွေ့ရှိခဲ့ရသည်။ အဆိုပါ သေတ္တာပုံးထဲတွင် ဖုံးအုပ်လျက် လိုလာ၏ ရုပ်အလောင်းကို တွေ့ရှိရသည်။ သူမ ၏ လက်နှင့် ခြေများကို ကြိုးတုပ်ထားပြီး လည်ပင်းတွင် ပြတ်ရှရာကို တွေ့ရှိခဲ့ရသည်။ သေဆုံးသူ […]

ပလမြို့ထွေအုပ်ရုံး ဗုံးဖြင့်ပစ်ခတ်ခံရ

diz_admin

October 17, 2022

မြိတ်ခရိုင် ပုလောမြို့နယ်ခွဲတစ်ခုဖြစ်သည့် ပလမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗုံးဖြင့် ပစ်သွင်းခံရကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၁၆ ရက် နံနက် ၁၁ နာရီဝန်းကျင်ခန့်က ပစ်သွင်းခံရခြင်းဖြစ်ပြီး ဗုံးပစ်ခတ်ခံရပြီးနောက် ယင်းရုံးအနီးရှိ မီးသတ်ရုံးက မီးသတ်ကားအချို့ကို နေရာပြောင်းရွှေ့ထားသည်ကိုတွေ့ရကြောင်း ဒေသခံများက ပြောသည်။ “နှစ်ယောက် ထိတယ်လို့လည်း ပြောသံကြားရတယ်။ ဘယ်သူဘယ်ဝါမှန်းလည်း မသိဘူး။ တချို့ကလည်း ထိခိုက်မှု မရှိဘူးလို့ ပြောနေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပစ်ဖြင့် ပစ်ခတ်ခံရသည့် ထွေအုပ်ရုံးအနီးတွင် စစ်ကောင်စီတပ်က စောင့်ကြပ်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။ ဗုံးဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်မှု ရှိမရှိ အခြေအနေကို Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။ ပလမြို့ထွေအုပ်ရုံးအား ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုရှိကာ ထိခိုက်မှုစာရင်းအတိအကျကို […]

နိုက်ဂျီးရီးယား ရေဘေးကြောင့် လူ ၆၀၀ ကျော်သေဆုံး

diz_admin

October 17, 2022

လတ်တလော ဖြစ်ပွါးလျက်ရှိသည့် နိုက်ဂျီးရီးယား ရေဘေးသည် ကြီးမားသော သဘာဝဘေးဒဏ်အဖြစ် တိုင်းပြည်ကို သက်ရောက်လျက်ရှိရာ ပြည်နယ် အများအပြားသည် သတိပေးချက်များ ရှိလင့်ကစား ကောင်းမွန်စွာ ပြင်ဆင်ထားနိုင်ခြင်း မရှိကြောင်း သဘာဝဘေးဒဏ်စီမံခန့်ခွဲရေး ဝန်ကြီးက ပြောကြားသည်။ အနောက်အာဖရိက နိုင်ငံတွင် ဆယ်စုနှစ်အတွင်း အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုကြုံနေရပြီး လူ ၆၀၀ ကျော် သေဆုံး ခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။ လူဦးရေ ၁ ဒသမ ၃ သန်းကျော် နေရပ်စွန့်ခွါတိမ်းရှောင်နေရပြီး အိမ်ခြေ ၂ သိန်းကျော် ပျက်စီးသွားသည်။ ရေလွှမ်းမိုးမှုသည် နိုဝင်ဘာလ အကုန်အထိ ဆက်လက်ဖြစ်ပွါးနေဖွယ်ရှိသည်။ နိုက်ဂျီးရီးယားနိုင်ငံတွင် နှစ်စဉ် ရေလွှမ်းမိုးသည့် ရာသီဥတုရှိပြီး ယခုနှစ်သည် ပုံမှန်နှစ်များထက် သိသိသာသာ ဆိုးဝါးခဲ့သည်။ ပုံမှန်မဟုတ်သော မိုးရေချိန်မြင့်မားမှုနှင့် ရာသီဥတုဖောက်ပြန်ခြင်းများကြောင့် […]

လောင်းကစားလုပ်သည်ဟုဆိုကာ မြန်မာလုပ်သား ၇၀ကျော်ကို ထိုင်းရဲဖမ်း

diz_admin

October 16, 2022

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ရော်ဘာခြံထဲတွင် တရားမဝင် လောင်းကစားပြုလုပ်နေသည်ဟုဆိုကာ မြန်မာအလုပ်သမား ၇၃ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စူရတ်ဌာနီခရိုင် ထာ့ချမ်းဒေသ ခလောင်ဆိုင်ရွာရှိ ရော်ဘာခြံထဲတွင် တရားမဝင် လောင်းကစားပြုနေသည်ဟု တိုင်ချက်ရရှိသဖြင့် စူရတ်ဌာနီခရိုင်ရှိ ထိုင်းအာဏာပိုင်များက အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။ စစ်ဆေးစဉ်တွင် ခြံထဲ၌ ဖဲဝိုင်းဖွဲ့ကာ လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိခဲ့ရပြီး လောင်းကစာဝိုင်းအတွက် မိုးကာတဲငှားထားသည်ကိုပင် တွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ အဆိုပါနေရာတွင် မြန်မာအလုပ်သမားတစ်ဦး၏ အသက် ၄လအရွယ်သမီးဖြစ်သူအတွက် မွေးနေ့ပွဲကျင်းပနေခြင်း ဖြစ်ပြီး ထာ့ချမ်းဒေသနှင့် တခြားဒေသမှ ဖိတ်ထားသော မြန်မာအလုပ်သမားများ စုဝေးရောက်ရှိလာခြင်းဖြစ်ကာ ခြံထဲတွင် ဖဲရိုက်နေကြခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါ လောင်းကစားဝိုင်းသည် လာမည့်အောက်တိုဘာလ […]

လောင်းလုံးမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့်သေဆုံး

diz_admin

October 16, 2022

လောင်းလုံးမြို့ နယ် လေးသွန်းခံရွာနှင့် ကထောင်းနီရွာကြား လမ်းပိုင်းတစ်နေရာတွင် ယနေ့ (အောက်တိုဘာ ၁၆)  မနက်ပိုင်းက သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အဆိုပါအလောင်းကို ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့် ကယင်းလမ်းပိုင်းတစ်နေရာတွင် ကထောင်းနီရွာသို့ ဈေးရောင်းလာသည့် ဈေးသည်များက ကနဦးတွေ့ရှိရခြင်းဖြစ်ကြောင်း ဈေးသည်တစ်ဦးကပြောသည်။ သေဆုံးနေသူမှာ ကထောင်းနီရွာတွင် လွန်ခဲ့သည့် လေးနှစ်ခန့်ကစပြီး မိသားစုနှင့်အတူ လာရောက်ရွှေ့ပြောင်းနေထိုင်သည့် အသက် ၃၉ နှစ်အရွယ်ရှိ ကိုထွန်းဦးဆိုသူဖြစ်သည်။ “သူတို့မိသားစုက စပါးပေါ်ချိန်စပါးလိုက်ရိတ်တယ်။ ငါးဖမ်း၊ ငါးရှဉ့်ထောင် အုတ်ဖိုတွေမှာလည်း လိုက်လုပ်လေ့ရှိတယ်”ဟု အထက်ပါဈေးသည်ကပြောသည်။ ဦးထွန်းဦးမှာ လေးသွန်းခံရွာနှင့် ကထောင်းနီကျေးရွာသို့သွားသည့် လမ်းပိုင်းတစ်နေရာရှိ တံတားအနီးတွင် ဦးခေါင်းနှင့် လည်ပင်းတွင် သေနတ်ဒဏ်ရာဖြင့် သွေး‌ထွက်လွန်ကာ သေဆုံးနေခြင်းဖြစ်ကြောင်း အခြားဒေသခံတစ်ဦးကပြောသည်။ ဦးထွန်းဦးအား လောင်းလုံးမြိုနယ်ပြည်သူ့ကာကွယ်ရေး […]