ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် အိမ်ခြံမြေစျေးကွက် အရောင်းများပြီး အဝယ်မရှိ

diz_admin

October 7, 2022

မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းချိန်က အရောင်းအဝယ်သွက်ခဲ့သည့် ထားဝယ်အိမ်ခြံမြေဈေးကွက်သည် လက်ရှိတွင် ရောင်းလိုသူများသော်လည်း အဝယ်မရှိသလောက် ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့ထံမှ သိရသည်။ ဖေ့ဘုတ်အွန်လိုင်းပေါ်ရှိ ထားဝယ်အိမ်ခြံမြေ ရောင်းဝယ်ရေး ဂရုများတွင်လည်း ရောင်းချရန် ကြော်ငြာသူက များနေသည်။ ရွှေဈေးအဆမတန် မြင့်တက်ခဲ့သည့် ဩဂုတ်လအတွင်းက ထားဝယ်မြို့ပေါ်တွင် အိမ်ခြံမြေ အရောင်းအဝယ်သွက်ခဲ့ပြီး တစ်လလျှင်မြေကွက် ၁၀ ကွက်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။ အရောင်းအဝယ်သွက်နေသည့် အိမ်ခြံမြေဈေးကွက်သည် စက်တင်ဘာလ နှောင်းပိုင်းမှစကာ အဝယ်မရှိသလောက် နည်းပါးလာကြောင်း ၎င်းကပြောသည်။ “အရောင်းအဝယ် တော်တော်လေး ပါးနေပါတယ်။ ငွေဂျမ်း(ငွေမလည်ပတ်နိုင်) ဖြစ်နေကြတယ်လို့ ကြားတယ်ရှင်”ဟု ၎င်းက ပြောသည်။ အိမ်ခြံမြေအရောင်းအဝယ် ကောင်းခဲ့ချိန်က ထားဝယ်မြို့အတွင်းနှင့် မြို့သစ်ဘက်တွင် ကျပ်သိန်းရာဂဏန်းမှ ထောင်ဂဏန်းတန် မြေကွက်များ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ထားဝယ်ဒေသနေသူများကပင် ဝယ်ယူကြကြောင်း အထက်ပါ အကျိုးဆောင်က ဆိုသည်။ လက်ရှိကြုံတွေ့နေရသည့် စီးပွားရေးအကျပ်အတည်းကြောင့် ငွေလိုအပ်သူများလာပြီး […]

မြိတ်တွင် ကိုဗစ်ရောဂါဖြင့် ရဟန်းတစ်ပါး ပျံလွန်တော်မူ

diz_admin

October 7, 2022

မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကုသရေးဆောင်တွင် အောက်တိုဘာလ ၆ ရက်နေ့က ကိုဗစ်နိုင်တင်း ရောဂါပိုးစစ်ဆေးတွေ့ရှိသည့် အသက်ကြီး ရဟန်းတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းက အတည်ပြုပြောဆိုသည်။ အဆိုပါ ပျံလွန်တော်မူခဲ့သည့် ရဟန်းနှင့် ဆက်စပ်သူတို့တွင် ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးခဲ့ရာ ငါးဦးတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်း တစ်သင်းမှ တာဝန်ခံက ပြောပြသည်။ မြိတ်တွင် အောက်တိုဘာ ၄ ရက်နေ့က အချုပ်ကျနေသည့် အမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးစတင်‌တွေ့ရှိခဲ့ပြီး ၎င်းနှင့် ဆက်စပ်မိသားစုဝင် ငါးဦးတွင် ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း တာဝန်ခံက ဆက်လက်ပြောပြသည်။ အဆိုပါ အချုပ်ကျနေသည့် အမျိုးသားအား အမိန့်ချမည့်နေ့တွင် မိသားစုဝင်တို့က လာရောက်တွေ့ဆုံကြသဖြင့် ကို‌ဗစ်ပိုးကူးစက်ခံရခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်း တာဝန်ခံက ဆက်လက်ပြောပြသည်။ “ပိုးတွေ့တဲ့သူတွေနဲ့ ထိတွေ့ဆက်စပ်တဲ့သူတွေကို Home Quarantine အဖြစ် […]

တနင်္သာရီတိုင်းတွင် ကိုဗစ်ကူးစက်ခံရသူများလာ

diz_admin

October 7, 2022

တနင်္သာရီတိုင်းတွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရသူပမာဏ  မြင့်တက်လျက်ရှိကြောင်း တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ တနင်္သာရီတိုင်းတွင် စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာလ ၆ ရက်အထိ တစ်လကျော်ကာလအတွင်း ကိုဗစ်ပိုးတွေ့လူနာ ၉၂ ဦးရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန စာရင်းအရသိရသည်။ စက်တင်ဘာလ ပထမပတ်တွင် ပိုးတွေ့သူတစ်ဦး၊ ဒုတိယအပတ်တွင် ၁၃ ဦး၊ တတိယအပတ်တွင် ၁၂ ဦး၊ နောက်ဆုံးအပတ်တွင် ၂၅ ဦးနှင့် အောက်တိုဘာလ ပထမအပတ်တွင် ၃၉ ဦး တွေ့ရှိခဲ့ရာ စုစုပေါင်း ၉၁ ဦးစစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းကာလအတွင်း ကိုဗစ်စစ်ဆေးသူ ငါးထောင်ကျော်ရှိသည့်အနက် ၉၂ ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် သက်သာလာသဖြင့် ဆေးရုံဆင်းလူနာ ၇၀ ဦးရှိပြီး တစ်ဦးသေဆုံးကာ ကျန် ၂၀ […]

ထိုင်း-မြန်မာ မောတောင်နယ်စပ်ဂိတ် နံနက်ပိုင်းတွင်သာ ဖွင့်မည်ဟုဆို

diz_admin

October 7, 2022

ထိုင်း-မြန်မာ မောတောင်နယ်စပ်ဂိတ်ကို နေ့စဥ်နံနက်ပိုင်းတိုင်း ပုံမှန်ပြန်ဖွင့်မည်ဟု အောက်တိုဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြကြောင်း မြိတ်မြို့နေ ကုန်သည်ကြီးများထံမှ သိရသည်။ အောက်တိုဘာ ၅ ရက် ညက နယ်စပ်ဂိတ်အနီးတွင် တိုက်ပွဲဖြစ်ပွားသဖြင့် နယ်စပ်ဂိတ်ကို ယာယီပိတ်မည်ဟု ထိုင်းဘက်မှ ကုန်သည်များအား ပြောဆိုခဲ့သည်။ ယင်းကြောင့် ပြန်လည်ဆွေးနွေးခဲ့ကြရာ ပိတ်ရက်(တနင်္ဂနွေနေ့)မှလွဲပြီး နေ့စဥ်နံနက်ပိုင်း အချိန်တွင်နယ်စပ်ဂိတ်ဖွင့်ရန် ဆုံးဖြတ်ခဲ့သည်ဟု ကုန်သည်များကဆိုသည်။ “ထိုင်းဘက်ရော မြန်မာဘက်ပါ ပြောကြတယ်။မြန်မာဘက်က ပုံမှန်ဖွင့်မယ်။ ထိုင်းဘက်ကတော့ နံနက်ပိုင်းပဲ ဖွင့်ပေးမယ်။ နေ့လယ်ပိုင်းကတော့ လုံခြုံရေးအခြေနေအရ မလုပ်ပေးနိုင်ဘူးလို့ပြောတယ်”ဟု မြိတ်မြို့နေ ကုန်သည်ကြီး တစ်ဦးကပြောဆိုသည်။ အလားတူ မြိတ်မြို့မှ ထိုင်းနိုင်ငံသို့ရေထွက်ပစ္စည်း တင်ပို့နေသည့် ကုန်သည်အချို့နှင့် ကားသမားအချို့ကလည်း နယ်စပ်ဂိတ်ပုံမှန်ပြန်ဖွင့်မည်ဟု သိရှိရကြောင်း ပြောသည်။ “ဂိတ်ကတော့ အရင်လိုပုံမှန်တိုင်းပြန်ဖွင့်မယ်၊ တနင်္ဂနွေတစ်ရက်ပိတ်ပြီး […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

October 7, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ထိုင်းမူကြိုကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပွား ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နွန်ဘိုဝါလမ်ဖူခရိုင်မှာရှိတဲ့ မူကြိုကျောင်း နေ့ကလေးထိန်းစင်တာထဲသို့ ရဲအရာရှိဟောင်းတစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၃၆ ဦး သေဆုံးခဲ့ပါတယ်။ မူကြိုကျောင်းထဲမှာရှိတဲ့ ကလေးတွေ အိပ်ပျော်နေတဲ့အချိန် အောက်တိုဘာလ ၆ ရက်နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ သေဆုံးခဲ့သူအများစုမှာ မူကြိုကျောင်းသား ကလေးငယ် ၂၂ ဦးပါဝင်နေကြောင်း ရဲတပ်ဖွဲ့က နေ့လယ်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ ပစ်ခတ်ခဲ့သူဟာ အသက် ၃၄ နှစ်အရွယ်ရှိတဲ့ ရဲမှူးဟောင်း Panya Kamrab အမည်ရှိသူဖြစ်ပြီး ပစ်ခတ်ပြီးတဲ့နောက် ကားနဲ့ထွက်ပြေးသွားခဲ့ကာ သူ့ကိုယ်တိုင်နဲ့ […]

ထားဝယ်တွင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦး အမြင့်ဆုံးထောင်ဒဏ်များ ထပ်တိုးချခံရ

diz_admin

October 6, 2022

ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို စစ်ကောင်စီက အမြင့်ဆုံးထောင်ဒဏ်များ ထပ်တိုးပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သတင်းထုတ်ပြန်သည်။ ယခင်က ထောင်ဒဏ် ၂၆ နှစ် ထိချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုထွန်းဦးကို ထပ်တိုးထောင်ဒဏ် နှစ်၂၀ ထပ်ချမှတ်ခဲ့ပြီး ယခင် ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံထားရသည့် ကိုရာဇာထွန်းကိုလည်း ထပ်တိုးထောင်ဒဏ် နှစ် ၂၀ ထပ်တိုး ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယခင်က ထောင်ဒဏ် ၈ နှစ်ချမှတ်ခံထားရသည့် ကိုမင်းဆက်မှူးကို ထပ်တိုးထောင်ဒဏ် နှစ် ၂၀၊ ယခင်က ထောင်ဒဏ် ၉ နှစ်ချမှတ်ခံထားရသည့် ကိုမြတ်ကျော်သူကိုလည်း ထပ်တိုးထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။   ယင်းအပြင် ယခင်က ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံထားရသည့် […]

ရေကြည်ငါး (ငါးနီတူ) ခြောက်တစ်ပိဿာ ယမန်နှစ်ထက် ကျပ်ငါးထောင်ဈေးတက်

diz_admin

October 6, 2022

ထားဝယ်တွင် ရေကြည်ငါး (ခေါ်) ငါးနီတူခြောက် ယခုနှစ် ရာသီအဖွင့်ဈေးမှာ တစ်ပိဿာလျှင် ယမန်နှစ်ထက် ကျပ်ငါး ထောင်ဈေးတက်နေကြောင်း ရေကြည်ငါးရောင်းချသူများထံမှ သိရသည်။ ရေကြည်ငါးထွက်ချိန် ယခုလို အောက်တိုဘာလတွင် ယမန်နှစ်က တစ်ပိဿာလျှင် အသေးအကြီးပေါ်မူတည်၍ ငွေကျပ် ကိုးထောင် တစ်သောင်းဝန်းကျင်ခန့်ရှိရာမှ ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ်တစ်သောင်းခွဲအထိ ပေးဝယ်နေရကြောင်း ရေကြည်ငါး ဝယ်ရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဒီနှစ်က စရိတ်နဲ့ စက်သုံးဆီဈေးတွေ ကြီးမြင့်နေတော့ (တစ်ပိဿာ) တစ်သောင်းအထက်ကပဲ ရှိမယ်။ အဲဒီထက်လျော့ဖို့ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။ လက်ရှိထားဝယ်ဒေသ၏ ရေကြည်ငါး အများဆုံးထွက်ရာဒေသများဖြစ်သည့် လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာနှင့် ညောပြင်ကျေးရွာတို့တွင် ရေကြည်ငါးလုပ်ငန်းလုပ်ရန် ပြင်ဆင်နေဆဲသာရှိသေးကြောင်း စမ်းလှမ်းရွာသူတစ်ဦးက ပြောသည်။ “လှေတွေကတော့ သီတင်းကျွတ်ပြီးမှ ထွက်ဖို့ပြင်နေကြတယ်။ နေကလည်း […]

ထိုင်းမူကြိုကျောင်းဝင်းအတွင်းပစ်ခတ်မှု ကလေးငယ် ၂၂ဦးအပါအဝင် ၃၆ဦးထက်မနည်းသေဆုံး

diz_admin

October 6, 2022

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နွန်ဘိုဝါလမ်ဖူခရိုင်တွင် မူကြိုကျောင်း နေ့ကလေးထိန်းစင်တာတစ်ခုအတွင်း ရဲအရာရှိဟောင်းတစ်ဦး ဝင်ရောက်ပစ်ခတ်မှုကြောင့် ကလေးငယ်အများစု အပါအဝင် ၃၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ထိုင်းဗဟိုထောက်လှမ်းရေးအဖွဲ့ (CIB) က ထုတ်ပြန်ထားသည်။ နွန်ဘိုဝါလမ်ဖူခရိုင် ဥထိုင်းစဝမ်နာ့ကလမ်းဒေသရှိ မူကြိုကျောင်းတွင် ကလေးငယ်များ အိပ်ပျော်နေချိန် ယနေ့ အောက်တိုဘာလ ၆ရက် နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်။ သေဆုံးခဲ့သူအများစုမှာ မူကြိုကျောင်းသား ကလေးငယ်များဖြစ်ပြီး ၂၂ ဦး ပါဝင်နေကြောင်း ရဲတပ်ဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ သေနတ်သမားသည် ကျောင်းဝင်းအတွင်းရှိ ကလေးငယ်များနှင့် ကျောင်းဝင်းအတွင်းရှိသူများကိုပါ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်လည်း လိုက်ထိုးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရသိရသည်။ ပစ်ခတ်ခဲ့သူသည် အသက် ၃၄ နှစ်အရွယ်ရှိ ရဲမှူးဟောင်း Panya Kamrab အမည်ရှိသူဖြစ်ပြီး ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့ကာ […]