တနင်္သာရီတွင် ပျူစောထီးတစ်ဦးကို လက်နက်နှင့်အတူဖမ်းမိ
diz_admin
October 5, 2022တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် ပြည်သူ့စစ်ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိကြောင်း ဒေသခံများနှင့် နဂါးစစ်သည်စစ်ကြောင်း၏ ထုတ်ပြန်ချက်အရသိရသည်။ ညောင်ပင်ကွင်းရွာသား အသက် ၃၀ ကျော်အရွယ် ကိုနိုင်(ခေါ်)မတ်အီရှာ ဆိုသူအား အောက်တိုဘာ ၄ ရက်ညနေတွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံများကပြောသည်။ “သူကကမ်းနားဦးမှာနေတယ်။ ညနေရေသွားချိုးချိန် အဖမ်းခံရတယ်လို့ မြင်တဲ့သူတွေကပြောတယ်။ လက်နက်အပြည့်အစုံနဲ့ အဖမ်းခံရတာ”ဟု ညောင်ပင်ကွင်းဒေသခံ အမျိုးသား ကပြောသည်။ ကိုနိုင်အဖမ်းခံရပြီးနောက် ပြန်လိုက်ရှာရန် စစ်ကောင်စီတပ်မှ ပျူစောထီးများအား ခိုင်းစေနေသည်ဟု ဒေသခံများကပြောသည်။ “စစ်တပ်ကလည်း ရွာမှာမရှိဘူး။ သူတို့လည်းလိုက်ပြီးမရှာကြဘူး”ဟု ဒေသခံအမျိုးသမီးက ပြောသည်။ ညောင်ပင်ကွင်းကျေးရွာနေ ကိုနိုင်(ခ)မတ်အီရှာ ဆိုသူအား မိမိတို့ “နဂါးစစ်သည်စစ်ကြောင်း”တပ်ဖွဲ့မှ သွားရောက် ဖမ်းဆီးခဲ့ကြောင်း စစ်ကြောင်း(၂)မဟာမိတ်တပ်ပေါင်းစု၊ သတင်းနှင့်ပြန်ကြားရေးက ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။ ၎င်းနှင့်အတူ M-16 သေနတ် ၁ လက်၊လက်ပစ်ဗုံး […]


