ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်လေဆိပ်တွင် အဖမ်းခံရသည့် ဦးမျိုးဦး ပြန်လွတ်

diz_admin

September 29, 2022

မြိတ်မြို့လေဆိပ်တွင် စစ်ကောင်စီက ဖမ်းဆီးသွားသည့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားဆောင်ရွက်နေသူ ဦးမျိုးဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ကာယကံရှင် ကပြောသည်။ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်က NGO အစည်းအဝေးတစ်ခုသို့ သွားရောက်ရန် မြိတ်လေဆိပ်သို့ရောက်လာစဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးသံသယဖြင့် ဖမ်းဆီးစစ်ဆေးခြင်းဖြစ်ပြီး မေးမြန်းစစ်ဆေးပြီးနောက် စက်တင်ဘာလ ၂၈ ရက်ညနေတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကာယကံရှင် ဦးမျိုးဦး ကပြောသည်။ “သူတို့က ဖုန်းတွေကွန်ပျူတာတွေစစ်တယ် မေးမြန်းတယ်၊ကျွန်တော်က ဘာမှမလုပ်ထားတဲ့အတွက် ပြန်လွှတ်လိုက်တယ်”ဟု ၎င်းကပြောသည်။ သို့သော် ယနေ့တက်လာသည့် သတင်းတစ်ခုတွင် ကွန်ပျူတာကို စစ်ဆေးပြီး သူတို့လိုချင်သည့် အချက်အလက်မရှိသည့်အတွက် တောင်းပန်ပြီး ပြန်လွှတ်ပေးလိုက်သည်ဆိုသည့် ရေးသားချက်ပါရှိလာကြောင်း၊ စကားအသုံးနှုန်း အမှားများအတွက် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ၎င်းကဆိုသည်။ “ကိုယ့်ကိုပြန်ပတ်လာအောင်  အရေးအသားတွေမျိုး ဖြစ်နေတယ်။ စိတ်အနှောင့်အယှက် ဖြစ်ရတယ်”ဟု ဦးမျိုးဦး ကပြောသည်။ ဦးမျိုးဦးသည် NGO အဖွဲ့အစည်းတစ်ခုတွင် […]

တနင်္သာရီ ဇဝဲရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရဟုဆို

diz_admin

September 29, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ အသက် ၅၀ကျော်အရွယ် စစ်ကောင်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထူးကို ဇဝဲရွာအနီးဝန်းကျင်က ပြင်ဝန်းရွာတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက စက်တင်ဘာလ ၂၇ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက် နောက်တစ်ရက်အကြာ စက်တင်ဘာလ ၂၈ ရက်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားပြီဟု ကြားသိရကြောင်း ဒေသခံများက ပြောသည်။ “သေနတ်နဲ့ ပစ်သတ်လိုက်ပြီလို့ ကြားရတယ်။ အလောင်းကတော့ မရသေးဘူး” ဟု ဇဝဲကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ရဲတပ်ကြပ်ကြီးအငြိမ်းစားလည်းဖြစ်သူ ဦးခင်မောင်ထူးအား မည်သည့်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ကိုမူ မသိရှိရသေးကြောင်း ဒေသခံတို့က ဆိုသည်။ ဦးခင်မောင်ထူး စစ်ကောင်စီအား သတင်းပေးသဖြင့် အဖမ်းခံရသူ၊ တိမ်းရှောင်နေရသူများရှိကြောင်း ဒေသခံများက ပြောဆိုပြီး […]

တနင်္သာရီမြို့တစ်ဖက်ကမ်း ဘန်လောရွာအနီး တိုက်ပွဲဖြစ်

diz_admin

September 29, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောရွာအနီးတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဘန်လောကျေးရွာနှင့် မိုင်ဝက်ခန့်အကွာတွင်ရှိသည့် ကျောက်ပုံတောင်အနီး ယနေ့ (စက်တင်ဘာ ၂၉) နံနက် ၁၁ နာရီခန့်တွင် စတင်တိုက်ပွဲဖြစ်ပွားပြီး ပစ်ခတ်သံများကြားနေရဆဲဖြစ်ကြောင်း ယင်းရွာသားတစ်ဦးက နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်က ပြောသည်။ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ညနေ ၅နာရီဝန်းကျင်ကလည်း ဘန်လောရွာနှင့် နှစ်မိုင်ခန့် အကွာတွင်ရှိသည့် ဗောဓိကမ်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။ “မနေ့ကတော့ လက်နက်ကြီးပစ်သံပါ ကြားရတယ်။ ဒီနေ့တော့ လက်နက်ငယ်အသံတွေပဲ ကြားနေရတယ်” ဟု တနင်္သာရီမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲကြောင့် ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ […]

ကျေးဇူးတော်ရွာ ပိတ်ဆို့ခံထားရဆဲဟုဆို

diz_admin

September 29, 2022

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးဇူးတော်ရွာကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသဖြင့် ဒေသခံများ စိုးရိမ်ပြီး တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ကျေးဇူးတော်ရွာကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသည်မှာ လေးရက်ခန့်ရှိနေပြီဖြစ်ပြီး ဒေသခံ ၂၀၀ ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။ “အခုအခြေအနေကတော့ သူတို့ (စစ်ကောင်စီတပ်) ကတော့ရွာကို ဝိုင်းထားတာပေါ့နော်။ အင်းအားကတော့ သုံးရာကျော်လောက်ရှိတယ်လို့ ကြားရတယ်။ ရွာဝင်လမ်းထိပ်က (KNU) ဂိတ်မှာကို အင်အားတစ်ရာလောက် ရှိတယ်လို့ပြောတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ယနေ့ နံနက် ၁၁နာရီခန့်က ပြောဆိုသည်။ စက်တင်ဘာလ လဆန်းပိုင်းက ကျေးဇူးတော်ရွာအနီး ထားဝယ် – ရန်ကုန်အဝေးပြေးကားလမ်းမဘေးရှိ နှမ်းကျဲ၊ ရေပုန်းနှင့် ကရင်ရှင်ထဘီကျေးရွာတို့မှ ဒေသခံ […]

ထားဝယ်တွင် ဖိနပ်မစီးဘဲ ဆိုင်ကယ်မောင်းသည်ဟုဆိုကာ ဒဏ်ရိုက်

diz_admin

September 29, 2022

ထားဝယ်မြို့တွင် ဖိနပ်မစီးဘဲ ဆိုင်ကယ်မောင်းသည်ဟုဆိုကာ စစ်ကောင်စီတပ်သားက ဒဏ်ရိုက်ခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် အမျိုးသားတစ်ဦးက ပြောသည်။ စက်တင်ဘာလ ၂၈ ရက် ညနေက ဆိုင်ကယ်ဖြင့် လမ်းထွက်လာစဉ် ဖိနပ်ပြတ်သွားသည့်အတွက် ထားဝယ်မြို့ ဥတ္တံားကြီးလမ်းဆုံရှိ စတိုးဆိုင်တွင် ဖိနပ်ဝယ်ရန် သွားခဲ့ကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။ ထိုအချိန်တွင် ဥတ္တံားကြီးလမ်းဆုံ၌ စစ်ကောင်စီတပ်သားနှစ်ဦးရှိနေပြီး ၎င်းအား ဆိုင်ကယ်လိုင်စင်၊ မောင်းလိုင်စင် အပါအဝင် ဆိုင်ကယ်နှင့် ပတ်သက်သည့် အချက်အလက်များကို စစ်ဆေးခဲ့သည်ဟု ပြောဆိုသည်။ အဆိုပါ အချက်အလက်များ ပြည့်စုံနေချိန်တွင် ဖိနပ်မစီးသည့်အတွက်ဆိုကာ ရဲစခန်းခေါ်သွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ “အပြင်ထွက်ရင် ဖိနပ်မစီးတတ်ဘူးလားလို့ မေးတယ်။ ကျွန်တော်က ပြန်ရှင်းပြပါတယ်။ လမ်းမှာပြတ်သွားလို့ အခုလာဝယ်တာပါဆိုပြီး။ မရဘူးတဲ့ စခန်းလိုက်တဲ့” ဟု အဆိုပါအမျိုးသားက ပြောသည်။ […]

ဆိုင်ကယ်အပိုပစ္စည်းဈေးကြီးသဖြင့် အရည်အသွေးနိမ့်ပစ္စည်းဝယ်သူပိုများလာဟုဆို

diz_admin

September 29, 2022

ထားဝယ်ဈေးကွက်ထဲတွင် ဆိုင်ကယ်အပိုပစ္စည်း ဈေးကြီးမြင့်နေသဖြင့် ဈေးနည်းပြီး အရည်အသွေးနိမ့်ပစ္စည်း ရွေးချယ်ဝယ်ယူသူ ပိုများလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာကျဆင်းသွားပြီး ကုန်ဈေးနှုန်း မြင့်မားလာမှုနှင့်အတူ ဆိုင်ကယ်အပိုပစ္စည်းဈေးနှုန်းလည်း ထိုးတက်သွားခဲ့ကြောင်း ထားဝယ်ဒေသရှိ ဆိုင်ကယ်ပြင်ဆိုင်၊ ဆိုင်ကယ် အပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင်အချို့က ဆိုသည်။ “ဆိုင်ကယ် ပြင်တော့မယ်ဆိုပြီး ဆိုင်လာရင် ပရုပ်ဆီဗူးပါ ယူလာခိုင်းမရလိုဖြစ်နေပြီ။ ဈေးမေးပြီးရင် (ခေါင်းမူးရင်) ရှူလို့ရအောင်” ဟု ထားဝယ်ဒေသခံ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ထိုင်းနိုင်ငံထုတ် အကောင်းစား တာယာတစ်စုံလျှင် အာဏာမသိမ်းမီက ကျပ်ငါးကျော်သာရှိသော်လည်း ယခုနှစ် ဇွန်လခန့်တွင် ကျပ်ရှစ်သောင်းခွဲဝန်းကျင်သို့ မြင့်တက်သွားခဲ့ပြီး လက်ရှိတွင်မူ ကျပ်တစ်သိန်းငါးသောင်းဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင်အချို့က ဆိုသည်။ အင်ဂျင်ဝိုင်၊ ဘရိတ် စသည်တို့မှာလည်း အလားတူ‌ ဈေးမြင့်တက်လျှက်ရှိသည်။ “(ထိုင်းထုတ်) Click […]

ဘုတ်ပြင်းပြည်ထောင်စုလမ်းတွင် တစ်ပတ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်

diz_admin

September 29, 2022

မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်တွင် တစ်ပတ်အတွင်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွါးခဲ့ကြောင်း ခရီးသွားများနှင့် ဘုတ်ပြင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ကော့သောင်းခရိုင်၊ ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းပေါ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့ကတစ်ကြိမ် စက်တင်ဘာ ၂၅ ရက်နေ့တွင် တစ်ကြိမ် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်များ ထံမှသိရသည်။ စက်တင်ဘာ ၁၉ ရက်နေ့က ဘုတ်ပြင်းမြို့နယ်၊ ဝါးဒင်းရွာနှင့် ဝါးချောင်းရွာကြား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ယာဥ်တန်း လေးစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ အလားတူ စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်း ဘုတ်ပြင်းမြို့နယ်၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းကဖက်ကျေးရွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်မှ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်ကဆိုသည်။ ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁ […]

မြိတ်တွင်ခရီးသွားလုပ်ငန်းများ ပြန်စရန်စီစဉ်၊ ကျွန်းခရီးစဉ်များ ဈေးတက်

diz_admin

September 29, 2022

ပွင့်လင်းရာသီရောက်လာတော့မည်ဖြစ်၍ မြိတ်ခရိုင်တွင် ခရီးသွားလုပ်ငန်းများ ပြန်စတင်ရန်စိုင်းပြင်းနေကြပြီး ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်းခရီးစဉ်များမှာ ယခင်နှစ်ထက် စျေးတက်လာကြောင်းတွေ့ရသည်။ လတ်တလောတွင် ကျွန်းခရီးလည်ပတ်ရေး အစီအစဉ်တို့ကို ခရီးသွားလုပ်ငန်းအချို့သာ ကြိုတင်ကြော်ငြာ ရောင်းချနေကြခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က တစ်ညအိပ် ကျွန်းခရီးစဥ်များအတွက် လူတစ်ဦးလျှင် ကျပ်နှစ်သိန်းကျော်၊ သုံးသိန်းဝန်းကျင်ခန့်မှ ယခုနှစ်တွင် လေးသိန်းကျပ်မှ လေးသိန်းငါးသောင်းကျပ်ခန့်အထိ စျေးတက်ထားကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအချို့က ပြောပြသည်။ “မနှစ်က ဆီဈေးနဲ့ ဒီနှစ်ဈေးက အတော်ကွာတာ၊ ဆီဈေးတွေတက်လို့ ဈေးတိုးထားရတဲ့သဘောပါ” ဟု ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်နှစ် ပွင့်လင်းရာသီက ဒီဇယ်ဆီတစ်ပီပါလျှင် ကျပ်နှစ်သိန်းကျော်ကျော်သာ ရှိခဲ့ပြီး ယခုနှစ်တွင် ကျပ်ခုနစ်သိန်းကျော်အထိ ပေါက်ဈေးရှိနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ “ခရီးသွားလုပ်ငန်းက အရင်လိုမဟုတ်တော့ဘူး၊ နှစ်နှစ်ရှိပြီပေါ့၊ ကိုဗစ်နဲ့ နိုင်ငံရေးတွေဖြစ်တော့ အလုပ်သိပ်မဖြစ်ကြဘူး၊ လောလောဆယ် နေ့ချင်းပြန်ရော၊ […]