ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော ကျဲရွာအုပ်စု အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

diz_admin

September 24, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၂၃ ရက် ညနေက ကျဲကျေးရွာတွင် နေထိုင်သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဂွမ်တင်အား အမည်မသိ လူတစ်စုက လာရောက်ပစ်သတ်သွားကြောင်း ကျဲကျေးရွာဒေသခံများက ပြောသည်။ “ပစ်သတ်ခံရပြီး သေဆုံးသွားတာကတော့ မှန်ပါတယ်။ ဘယ်နှစ်ချက်ထိပြီး သေသွားလည်းတော့ မသိရဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ အုပ်ချုပ်ရေးမှူး၏ ရုပ်အလောင်းအား ၎င်း၏နေအိမ်တွင် ထားရှိထားဆဲဖြစ်ကြောင်း ဒေသခံများက ယနေ့မွန်းလွဲပိုင်းတွင် ပြောဆိုသည်။ ဦးဂွမ်တင်သည် ယခင်က ကမ်းဇော်ဆီ ရောင်းဝယ်လုပ်ကိုင်သူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူး ဖြစ်လာကြောင်း ဒေသခံများက ပြောသည်။ ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကို Dawei Watch အနေဖြင့် […]

၁၃နှစ်အရွယ် မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းသည့် ထိုင်းအမျိုးသားကိုအမှုဖွင့်

diz_admin

September 24, 2022

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် အသက် ၁၃နှစ်အရွယ် မြန်မာမိန်းကလေးကို အိမ်ဖော်အဖြစ် အလုပ်ခန့်မည်ဟု ပြောဆိုပြီး ဟိုတယ်သို့ခေါ်သွားကာ အဓမ္မပြုကျင့်ရန်ကြိုးပမ်းခဲ့သော ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦးကို အမှုဖွင့်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မိန်ကလေးငယ်၏ ဖခင်ဖြစ်သူက စက်တင်ဘာ ၂၁ ရက်နေ့က ရဲစခန်းသွား၍ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ဖော်ပြသည်။ နွန်ထဘူရီခရိုင် ဘန်းဘိုဝ်ထွန်းဒေသတွင် အသက် ၁၅နှစ်မှ နှစ်၂ဝအတွင်းရှိ မိန်းကလေးအိမ်ဖော်အလိုရှိသည်ဟု ထိုင်းဘာသာဖြင့်ရေးထားသည့် Facebook ပေါ်က ကြော်ငြာကိုတွေ့သဖြင့် ဖခင်ဖြစ်သူက သမီးအတွက် စက်တင်ဘာလ ၂၂ ရက်က လျှောက်ထားခဲ့သည်ဟု ဆိုသည်။ အလုပ်ခေါ်သည့်ပွဲစားနှင့် သိကျွမ်းမှုမရှိဘဲ မြန်မာမိန်းကလေး၏ ပုံနှင့်အချက်အလက်များကို ဖခင်ဖြစ်သူက ပေးပို့ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။   ထိုင်းဘာသာဖြင့် “စူဖာချိုင်းရင်နိယွမ်း” အကောင့်ပိုင်ရှင်က အလုပ်ခန့်အပ်ရန် လက်ခံသဖြင့် လာပို့ရန် […]

ပုလော ထမင်းမစားရွာတွင် တိုက်ပွဲဖြစ်ပြီး နေအိမ်နှစ်ဆောင်မီးရှို့ခံရ

diz_admin

September 24, 2022

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ မင်းမစားကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်ဆောင် မီးရှို့ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ စက်တင်ဘာလ ၂၃ ရက်နေ့နံနက်က နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက်  မီးရှို့ခံရသည်ဟု ဒေသခံများကပြောသည်။ “အိမ်နှစ်ဆောင်မီးရှို့ခံရတယ်၊ တစ်ဆောင်ကတော့ပြာကျသွားတယ်။ တိုက်အိမ်ကတော့ ခေါင်မိုးပဲလောင်သွားတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ အဆိုပါနေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်မှ မီးရှို့ခြင်းမဟုတ်ဘဲ ထမင်းမစားရွာ၊ ပိန္နဲကုန်းရပ်ကွက်နေ ပျူစောထီးများက ရှို့ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်များ ကဆိုသည်။ စက်တင်ဘာလ ၂၃ ရက်နေ့က မြိတ်ခရိုင်တပ်ရင်း(၁)နှင့် မဟာမိတ်တပ်ဖွဲ့များသည် “နန်းထိုက်အောင် စစ်ဆင်ရေး”အဖြစ် ထမင်းမစားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များအား သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ပုလောပြည်သူ့ ကာကွယ်ရေးတပ်က ယနေ့နံနက်က ထုတ်ပြန်ထားသည်။ နံနက် ၈ နာရီမှ စတင်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နံနက် ၈ နာရီ ၃၀ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

September 23, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ရှရှားကို ထပ်မံပိတ်ဆို့မှုတွေနဲ့အတူ EU နိုင်ငံခြားရေးဝန်ကြီးတွေ အရေးပေါ်စည်းဝေး ရုရှားသမ္မတ ပူတင်က ယူကရိန်းမှာ တိုက်ခိုက်ဖို့ အရန်စစ်သည်အင်အား ၃ သိန်း ပြင်ဆင်ထားရေး အမိန့်ပေးပြီးတဲ့နောက်မှာ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေက စက်တင်ဘာ ၂၁ ရက် နယူးယောက်မြို့မှာ အရေးပေါ် အစည်းအဝေး ကျင်းပပါတယ်။ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ကုလသမဂ္ဂမှာ နှစ်စဉ်ကျင်းပနေကျ ကမ္ဘာ့ခေါင်းဆောင်များ စည်းဝေးပွဲအတွက် နယူးယောက်မြို့မှာ ရောက်နေကြတာ ဖြစ်ပါတယ်။ “ဝန်ကြီးတွေက ဒီခြိမ်းခြောက်မှုကို ဆွေးနွေးဖို့၊ ယူကရိန်းကို ဆက်ပြီး ပံ့ပိုးပေးဖို့နဲ့ ပူတင်က ကျနော်တို့အားလုံး လက်မခံနိုင်တဲ့ အခြေအနေထဲ […]

သေကြောင်းကြံမှုများ ဆက်တိုက်ဖြစ်လာ၊ မြိတ်ကမ်းစပ်တွင် သေကြောင်းကြံသူကို ကယ်တင်နိုင်ခဲ့

diz_admin

September 23, 2022

မြိတ်မြို့ ပင်လယ်ကမ်းစပ်တွင် သေကြောင်းကြံစည်ရန် အားထုတ်နေသူတစ်ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း မြိတ်ခရိုင် အရေးပေါ်လူနာတင်ယာဉ်များအသင်းချုပ်ထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အထွေထွေအကျပ်အတည်းများ ဖြစ်ပေါ်လာမှုနှင့်အတူ ကိုယ့်ကိုယ်ကိုသေကြောင်းကြံမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး အများစုမှာ ရေထဲခုန်ချသတ်သေမှုနှင့် ကြိုးဆွဲချသေဆုံးမှုများ ပြုလုပ်လာကြောင်း တွေ့ရသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ပြည်သူတစ်ဦးရေထဲ၌ ရပ်နေသည်မှာ ကြာမြင့်နေပြီဟု ဖုန်းဆက်အသိပေးလာသည့်အတွက် သွားရောက် ချော့မော့နားချကာ နေရပ်သို့ပြန်လည်ပို့ပေးခဲ့ရကြောင်း ယင်းအသင်းချုပ်မှ တာဝန်ရှိသူက ပြောသည်။ “ဒီအတိုင်းလွှတ်ထားရင် ရေတက်လာရင် သေသွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါအမျိုးသားသည် မွန်းလွဲ ၁ နာရီခန့်မှ စတင်ကာ ရပ်နေခြင်းဖြစ်ပြီး လှေငယ်ဖြင့်သွားရောက် ခေါ်ဆောင်ချိန်တွင် ပင်လယ်ဒီရေမှာ ခါးလောက် ရောက်နေပြီဖြစ်ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။ သွားရောက်ကယ်ဆယ်ခဲ့သည့်အဖွဲ့မှ တာဝန်ရှိသူကမူ […]

လေးပတ်ဆက်ဈေးတက်ခဲ့သည့်ကြက်သွန် ဈေးပြန်ကျ

diz_admin

September 23, 2022

ထားဝယ်တွင် ဩဂုတ်လ ၁၉ ရက်နေ့ကစပြီး စက်တင်ဘာလ ၉ ရက်နေ့အထိ လေးပတ်ဆက်တိုက် ဈေးတက်ခဲ့သည့် ကြက်သွန်နီဈေးမှာ စက်တင်ဘာ ၁၆ ရက်နေ့ကစပြီး ပြန်လည်ကျဆင်းကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဩဂုတ်လ ၁၉ ရက်က ထားဝယ် လက်လီလက်ကားဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် သုံးထောင် ကျော်မှစ၍ ဈေးတက်လာရာ စက်တင်ဘာလ ၉ ရက်နေ့တွင် ကြက်သွန်နီ တစ်ပိဿာဈေးမှာ လေးထောင်ငါးရာကျပ်အထိ ဖြစ်လာခဲ့သည်။ လေးပတ်ဆက်တိုက် ဈေးတက်သည့် ကြက်သွန်နီဈေးသည် ထားဝယ်ဈေးကွက်တွင် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ တစ်ပိဿာ လေးထောင်ခန့်မှ စက်တင်ဘာ ၂၃ ရက်နေ့တွင် တစ်ပိဿာ ၃၅၀၀ ကျပ်အထိ ဈေးပြန်ကျလာခဲ့ကြောင်း ထားဝယ်မြို့ရှိ ကုန်ခြောက် လက်လီလက်ကားဈေးရောင်းချသူတစ်ဦးက ပြောသည်။ “ဈေးကျလာတာကတော့ တရုတ်ကြက်သွန် […]

လောင်းလုံး အောက်ကျောက်ဝပ်ရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 23, 2022

လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ရွာတွင် စက်တင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်းက အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ ထားဝယ် – ရှင်‌မော် ပြေးဆွဲသည့် ခရီးသည်တင်မော်တော်ယာဉ် ယာဉ်မောင်း ဦးမြင့်စိန်ဆိုသူ ဖြစ်သည်။ ဦးမြင့်စိန်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ထားဝယ်မှအပြန် ကားသိမ်းပြီးနောက် ယင်းကျေးရွာအနီး ပင်လယ်ဒီရေတောစပ်တွင် ဂွေး (ငါးပိလုပ်သည့် ငါးအကောင်ငယ်တစ်မျိုး) ထိုးသွားမည်ဟု နေအိမ်မှ ထွက်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းနောက် ကျေးရွာအလွန် ဒေသအခေါ် ကျွန်းသာယာအနီးက ဇင်းကျောင်းသား အလှူခံမဏ္ဍပ်အနီးတွင် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သေနတ်သံ လေးချက်ကြားရတယ်။ ဦးခေါင်း ညာဖက်တစ်ချမ်းလုံး […]

စက်သုံးဆီနှင့် အထွေထွေစရိတ် ကြီးမြင့်သဖြင့် ကမ်းဝေးငါးဖမ်းလှေ ထက်ဝက်ခန့် ရပ်နားထားရ

diz_admin

September 23, 2022

ယခုနှစ် ငါးဖမ်းရာသီတွင် စက်သုံးဆီနှင့် အထွေထွေစရိတ် ကြီးမြင့်ပြီး တွက်ခြေမကိုက်သဖြင့် ကမ်းဝေးငါးဖမ်းလှေ ထက်ဝက်ကျော် ရပ်နားထားရကြောင်း ငါးဖမ်းလှေပိုင်ရှင်များထံမှ သိရသည်။ ယခုနှစ် ကမ်းဝေးငါးဖမ်းလှေ ငါးဖမ်းရာသီမှာ ပြီးခဲ့သည့် ဩဂုတ်လတွင်စတင်ခဲ့ပြီး တစ်လစောကာ ဇူလိုင်လတွင် ငါးဖမ်းခွင့်ရသည့်လှေများလည်းရှိသည်။ သို့သော် စရိတ်ကြီးမြင့်မှုကြောင့် လှေထက်ဝက်ခန့် မထွက်နိုင်ကြကြောင်း ကော့သောင်းနှင့် မြိတ်က လှေပိုင်ရှင်များကို မေးမြန်းချက်အရ သိရသည်။ “စက်သုံးဆီတွေ၊ (လှေ) အထွက်စရိတ်တွေက ဈေးကြီးတော့ မကိုက်ဘူး။ နားပြီးအခြေအနေ စောင့်ကြည့် နေကြတယ်” ကော့သောင်းမြို့နေ ငါးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့်နှစ် ငါးဖမ်းရာသီက ကမ်းဝေး (ဝါတန်း) ငါးဖမ်းလှေတစ်စီး လှေတစ်ခေါက် ထွက်စရိတ် ငွေကျပ်သိန်းလေးရာ ကုန်ကျနေရာမှ လက်ရှိတွင် ကျပ်သိန်းတစ်ထောင်ခန့် ကုန်ကျကြောင်း လုပ်ငန်းရှင်အချို့က ဆိုသည်။ လှေတစ်ခေါက် ထွက်လျှင် […]