လမ်းမပေါ်ရောက် ဓာတ်တိုင်များ ပြောင်းဖို့အရေး ဘတ်ဂျက်လျာထားမည်
diz_admin
June 15, 2020လမ်းမကြီးပေါ် ရောက်ရှိနေသည့် ဓာတ်တိုင်များပြောင်းရွေ့ဖို့အရေး ဘတ်ဂျက်လျာထားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောကြားသည်။ ရန်ကုန်- ထားဝယ်- မြိတ်- ကော့သောင်း ပြည်ထောင်စုလမ်းမပေါ်တွင် လမ်းဘေးကပ်လျက်ရှိနေသည့် လျှပ်စစ်မီးတိုင်များကို လမ်းဘေးရွေ့ပြောင်းနိုင်ရေး စီစဉ်နေခြင်းဖြစ်သည်။ ယင်းဓာတ်တိုင်များကြောင့် ယာဉ်မတော်တဆမှုများ ကြုံတွေ့ရနိုင်သည့်အတွက် ပြောင်းရွေ့နိုင်ရေး သက်ဆိုင်ရာဌာနက ဘတ်ဂျက်လျာထားရန် ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ ဇွန်လ ၉ ရက်နေ့က ပြုလုပ်သည့် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေးတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ဓာတ်တိုင်က အရင်လား၊ လမ်းက အရင်လားဆိုတဲ့ ကိစ္စကိုသွားပြီးတော့ အဖြေသွားရှာနေခြင်းဆိုတာထက် လုပ်ရမယ့်ကိစ္စဖြစ်တဲ့အတွက် စနစ်တကျနဲ့ လမ်းနဲ့ဓာတ်တိုင်နဲ့ ရှိရမယ့်နေရာမှာ ရှိပြီးတော့ လုပ်ရမယ့်ကိစ္စဖြစ်တဲ့အတွက်လည်း ဒါလေးကိုလည်း ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။ ယင်းဓာတ်တိုင်များရွေ့ပြောင်းနိုင်ရေး သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် […]