တနင်္သာရီတွင် စစ်ရှောင်လေးထောင်ခန့် အရေပြား၊ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် ဝမ်းရောဂါများဖြစ်
Dawei Watch
February 26, 2025တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်လေးထောင်ခန့်သည် အရေပြားရောဂါ၊ ဝမ်းရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနေကြောင်း နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။ ရောဂါဖြစ်နေသော ကျေးရွာများမှာ လတ်တလော တိုက်ပွဲဖြစ်ပွားနေကြသော သိန်ခွန်း၊ ညောင်ပင်ကွင်းနှင့် ထုံခါ ကျေးရွာအုပ်စုများက စစ်ဘေးရှောင်အများစု ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အရေပြားရောဂါနှင့် ဝမ်းရောဂါများသည် ပြီးခဲ့သော ဒီဇင်ဘာလကတည်းက ဖြစ်ပွားနေကြပြီး ဇန်နဝါရီလတွင် ပန်းနာရင်ကျပ်၊ နှာစေးချောင်းဆိုးကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများပါ ဖြစ်ပွားနေသည်ကို တွေ့ရှိကြောင်း နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီရေးအဖွဲ့က မငြိမ်းက ပြောသည်။ “အဓိကကတော့ ရာသီအကူးအပြောင်းကြောင့်လဲပါမယ်။ အစားအသောက် အာဟာရတွေ ကောင်းကောင်း မစားရတာ လည်း ပါတယ်။ နေထိုင်ရတာတွေလည်း ဆင်းဆင်းရဲရဲ နေရလို့လည်း ပါတယ်။ အခုက ရွာထဲ ဝင်လိုက်ရင် လူတိုင်းက ရောဂါတစ်ခုမဟုတ် တစ်ခုဖြစ်နေကြတာချည်းပဲ” ဟု […]


