တနင်္သာရီ ဘန်းလမွတ်ရွာတွင် ကလေးသုံးဦးအပါအဝင် ဒေသခံခုနစ်ဦးကို စစ်ကောင်စီဖမ်း
Dawei Watch
April 23, 2025တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာတွင် ကလေးသုံးဦးအပါအဝင် ဒေသခံခုနစ်ဦးကို စစ်ကောင်စီတပ်က ဖမ်ဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဧပြီလ ၂၃ရက် နံနက် ၇ နာရီခန့်က ဘန်းလမွတ်ရွာ အလယ်ပိုင်းရှိလမ်းဆုံတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါလမ်းဆုံရှိ စစ်ကောင်စီတပ်က ကလေးနှစ်ဦးအပါအဝင် မိသားစုဝင် ငါးဦးကို ဖမ်းဆီးခဲ့ကြောင်း ဘန်းလမွတ်ရွာခံတစ်ဦးက ဆိုသည်။ အသက် ၄၀ ဝန်းကျင်အရွယ် ဦးမောင်ဦးနှင့် ဇနီးဒေါ်နှင်းမူ၊ ၂၁ နှစ်အရွယ် မဆွေစန္ဒီထက်၊ ၁၇နှစ် အရွယ် မောင်ဘုန်းနှင့် ၁၀နှစ်အရွယ် မရွှေရတနာထက်တို့ကို ဖမ်းဆီးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ “အရင်ရက်ကလည်း ဒီအလယ်ပိုင်းလမ်းကြားကနေ သွားလာလို့ရတယ်ဆိုပြီးသွားကြတာ အဖမ်းခံလိုက်ရတာပေါ့။ အဲဒီမိသားစုက တုံးဗျော(ရွာ)မှာလည်း အိမ်ရှိတော့ အဲဒီကိုသွားရင်း အဖမ်းခံရတာမျိုးပါ။ ဘာကြောင့်ဖမ်းမှန်းတော့ မသိဘူး” […]


