ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာ ထိတွေ့ပစ်ခတ်မှုတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

Dawei Watch

March 4, 2025

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ တော်လှန်ရေးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ထံမှ သိရသည်။ မတ်လ ၁ရက် နံနက်စောစောတွင် အဆိုပါကျေးရွာအုပ်စုရှိ ကျောက်စိမ်းကုမ္ပဏီအနီး တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး KTLA တပ်စိတ်တစ်စိတ်မှာ စစ်ကောင်စီတပ်၏ ပစ်ကွင်းအတွင်းရောက်သွားခဲ့ကြောင်း တိုက်ပွဲအတွင်းပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ တပ်စိတ်မှူး (ဦးစိုးကြီး) အပါအဝင် တပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးကြောင်း ၎င်းက ဆိုသည်။ သေဆုံးသွားသူများမှာ အသက် ၂၀ မှ ၄၀ နှစ်ကြားအရွယ်ရှိသူများဖြစ်ပြီး သေနတ် ခြောက်လက်အပါအဝင် စစ်သုံးပစ္စည်းအချို့ လည်း ဆုံးရှုံးခဲ့ကြောင်း KTLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ ”ဦးစိုးကြီးက ခေါင်းထိပြီး ပွဲချင်းပြီးကျဆုံးသွားခဲ့ရတယ်။ ကျန်တဲ့ရဲဘော်တွေကတော့ ပြန်လည်ခုခံရင်း လွတ်လာသူ လေးဦး ရှိခဲ့ပါတယ်”ဟု အဆိုပါတပ်ဖွဲ့ဝင်က ပြောသည်။ လက်ရှိတွင် အဆိုပါဒေသဝန်းကျင်၌ […]

တနင်္သာရီတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးနှစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦးဒဏ်ရာရ

Dawei Watch

March 3, 2025

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကော်တောရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးနှစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ယနေ့ မတ်လ ၃ ရက် နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံး လေးလုံး ကြဲချတိုက်ခိုက်ရာ ကော်တောရွာအတွင်းရှိ လူနေအိမ်များကို ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော်တောရွာနေ အသက် ၁၂ နှစ်နှင့် ၁၄ နှစ်အရွယ် ကလေးနှစ်ဦးအပြင် အသက်၆၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီးတစ်ဦးလည်း ဒဏ်ရာရကြောင်း ဒေသခံအချို့က ဆိုသည်။ ”ဗုံးလာကြဲချိန် အလုပ်သွားချိန်ဖြစ်နေတော့ ရွာထဲမှာက ကလေးနဲ့ အသက်ကြီးရွယ်အိုတွေပဲကျန်ခဲ့တာ။ အခြားသူတွေက အလုပ်ခွင်ထဲရောက်နေတော့။ ကြဲတာကလည်းရွာထဲကို လာကျတာ” ဟု ၎င်းက ပြောဆိုသည်။ […]

တနင်္သာရီ၊ တကူကျေးရွာအုပ်စုကို စစ်ကောင်စီ ဗုံးကြဲ

Dawei Watch

March 2, 2025

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မတ်လ ၁ရက်နေ့ နံနက် ၈ နာရီခွဲတွင် တကူကျေးရွာအုပ်စု မြရာချောင်းကျေးရွာကို စစ်ကောင်စီက K8W အမျိုးအစား ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးကြီးက ဆိုသည်။ “ဗုံးကြဲတာက တစ်ကြိမ်တည်းပါပဲ။ ဗုံးသီးကျတာက သုံး လေးနေရာလောက်ရှိတယ်။ ဥယျာဉ်ခြံတွေထဲကိုလည်းကျတယ်။ တံတားနားမှာလည်းကျတယ်။ ဘောလုံးကွင်းနားမှာလည်း ကျတယ်” ဟု ၎င်းက ပြောသည်။ ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြရာချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ဒေသခံလူထု ထိခိုက်မှုမရှိကြောင်း မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဆိုသည်။ “တိုက်ပွဲဖြစ်နေတာလည်းမဟုတ်ဘူးပေါ့။ ဘုန်းကြီးကျောင်းကတော့ဗုံးစမှန်သွားတယ်။ မိုးကြိုးပစ်သံထက်ကို ကြမ်းတာ။ တော်တော်လေးကိုကြမ်းတာ” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်က […]

ပုလောတွင် အသုဘအိမ်က ပြန်လာသူများကို စစ်ကောင်စီတပ်ပစ်ခတ်၊ ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံး

Dawei Watch

March 1, 2025

ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအုပ်စု တော်ဝင်ရွာတွင် အသုဘအိမ်သို့သွားပြီး ပြန်လာသူများကို စစ်ကောင်စီတပ်က ပစ်ခတ်သောကြောင့် ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်အချို့က ပြောသည် တော်ဝင်ရွာ အထက်ပိုင်းရှိ အသုဘအိမ်သွားပြီး ဖေဖော်ဝါရီလ ၂၇ ရက် ည ၇ နာရီခန့်တွင် ရွာအောက်ပိုင်းသို့ ဆိုင်ကယ်သုံးစီးဖြင့် နေအိမ်ပြန်လာစဉ် ရွာလယ်ပိုင်းရှိ အုန်းတောလမ်းဆုံအနီးတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ ပစ်ခတ်သောကြောင့် အသက် ၃၅နှစ်အရွယ် ဒေါ်နှင်းဖြူအေး၊ ၎င်း၏ သမီးဖြစ်သူ အသက် ၈နှစ်အရွယ် မိန်းကလေးနှင့် အသက် ၁၈နှစ်အရွယ် မောင်ချစ်ပိုင်စိုးတို့ သေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောဆိုသည်။ “အဲဒီနေ့ညက သေနတ်သံတွေ အများကြီးကြားတော့ တိုက်ပွဲဖြစ်တယ်ထင်ပြီး ပြေးကြလွှားကြနဲ့ ရုတ်ရုတ်ဖြစ်နေကြတယ်။ […]

ပုလောမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး သားအဖ ပစ်သတ်ခံရ

Dawei Watch

March 1, 2025

ပုလောမြို့ အမှတ် ၃ ရပ်ကွက်၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးနှင့် သားဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများနှင့် မြိတ်ခရိုင်၊ PDF အမှတ်(၁)တပ်ရင်းထံမှသိရသည်။ အသက် ၇၄ နှစ်အရွယ် အုပ်ချုပ်ရေးမှူးဦးထွန်းမြင့်နှင့် အသက် ၄၁နှစ်အရွယ် သားဖြစ်သူ စာတိုက်စာရေးဦးဝင်းမင်းထွန်းကို ၎င်း၏နေအိမ်တွင်ပင် တော်လှန်ရေးတပ်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။ မြိတ်ခရိုင်၊ PDF အမှတ်(၁)တပ်ရင်းနှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၇) ပူးပေါင်းမဟာမိတ်တပ်များက ဖေဖော်ဝါရီ ၂၇ ရက် ည ၇ နာရီဝန်းကျင်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်၊ PDF အမှတ်(၁)တပ်ရင်းက ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်တွင် အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူက စစ်ကောင်စီနှင့်ပူးပေါင်းကာ CDM များနှင့် မိသားစုဝင်နေအိမ်များကို လိုက်ပြခြင်း၊ ရပ်ကွက်အတွင်း […]

ပုလော၊ ကြဲရွာတွင် နေရပ်ပြန်သည့် စစ်ရှောင်များကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်၊ တစ်ဦးဒဏ်ရာရ

Dawei Watch

March 1, 2025

ပုလောမြို့နယ်၊ ကြဲရွာတွင် နေအိမ်ခဏပြန်ကာ ပစ္စည်းသွားယူသည့် စစ်ရှောင်များကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်ရှောင်နေရသည့် ကြဲရွာဒေသခံအချို့က ၎င်းတို့၏နေအိမ်များကိုပြန်သွားကာ ပစ္စည်းများသွားယူရာက စစ်ကောင်စီတပ်၏ ပစ်ခတ်မှု ခံရခြင်းဖြစ်ကြောင်း ကြဲရွာနေ ဒေသခံများက ဆိုသည်။ “တိုက်ပွဲလည်းမဖြစ်ဘူး။ ကြဲမှာက စကစက စိုးမိုးထားတယ်။ အဲတော့ ဒေသခံစစ်ရှောင်တချို့က သူတို့အိမ်က ပစ္စည်းလေးတွေ သွားယူတဲ့အချိန်မှာ စကစက သေနတ်နဲ့လိုက်ပစ်တာမျိုးပေါ့” ဟု ကြဲရွာဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်ဌေးမူ ဒဏ်ရာရသွားပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်က အမျိုသမီးနှစ်ဦးကို […]

ကျွန်းစုတွင် ပျူစောထီးညီအစ်ကို အချင်းချင်း ပစ်သတ်၊ ညီဖြစ်သူသေဆုံး

Dawei Watch

February 28, 2025

ကျွန်းစုမြို့နယ် သဇင်ကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင် ညီအစ်ကိုနှစ်ဦး စကားများရန်ဖြစ်ရာက အစ်ကိုက သေနတ်ဖြင့် ပစ်သတ်၍ ညီဖြစ်သူသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ကျွဲခရံကျေးရွာအုပ်စု သဇင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ရာ အသက် ၃၀ ဝန်းကျင်အရွယ် ပျူစောထီးကိုမြင့်သူ သေဆုံးသွားခြင်းဖြစ်ကြောင်း သဇင်ရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ “ညီအစ်ကိုနှစ်ယောက်ရန်ဖြစ်ပြီး ညီဖြစ်သူကို အစ်ကိုက သေနတ်နဲ့ပစ်လိုက်တယ်။ ညီဖြစ်သူက သေသွားရော။ အဲလိုဖြစ်ပြီးတော့ အစ်ကိုကို ရွာက ရဲတွေက ကျွန်းစုမြို့ကိုဖမ်းခေါ်သွားတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။ အဆိုပါ ပျူစောထီးညီအစ်ကိုနှစ်ဦး ရန်ဖြစ်သည့်အကြောင်းအရင်း အသေးစိတ်ကို မသိရသေးပေ။ အစ်ကိုဖြစ်သည့် ပျူစောထီး ကိုခက်ခဲမှာ အသက် ၄၀ ဝန်းအရွယ်ရှိပြီး […]

တနင်္သာရီ၊ သိန်ခွန်းရွာဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ

Dawei Watch

February 27, 2025

တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေသည်ဟု စစ်ရေးသတင်းအရင်းမြစ်များက ပြောသည်။ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲများ နေ့စဉ်ဆက်လက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၂၆ ရက်(မနေ့က) တစ်ရက်တည်းမှာပင် Mi 2 ရဟတ်ယာဉ်၊ K8W ဂျက်ဖိုက်တာဖြင့် ဗုံးအလုံးရေ သုံးဆယ်ကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့ကပြောသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှစကာ ယနေ့အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တနင်္သာရီမြို့နယ် ထုံခါ-မောတောင်လမ်းပေါ်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် ဥက္ကဋ္ဌပဒိုစောညာဝါးက ပြောသည်။ “၁၈ ရက်နေ့ကနေ အခုထိကို တိုက်ပွဲမဖြစ်တဲ့နေ့က ရှားရှားပါးပါးပါဘဲ၊ နေ့တိုင်းနီးနီးဖြစ်တယ်၊ အစပထမပိုင်းမှာ လေယာဉ်တွေသိပ်မသုံးဘူး၊ အစပိုင်းမှာ (ဗုံး) သိပ်မချပေမဲ့ […]