ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ပုလော ရှပ်ပုံတိုက်ပွဲတွင် စစ်ကောင်စီက ကြည်း၊ရေ၊လေသုံးပြီးတိုက်ခိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ

Dawei Watch

February 16, 2025

ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှသိရသည် ။ ယင်းတိုက်ပွဲများတွင် စစ်ကောင်စီ က ခြေလျင်စစ်ကြောင်းအပြင် ရေကြောင်းနှင့် လေကြောင်းတို့ကို သုံးပြီးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးအင်အားစုများက ပြောသည် ။ ဖေဖော်ဝါရီလ ၁၃ ရက်တွင် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း က တော်လှန်ရေးအင်အားစုများရှိရာသို့ ရောက်ရှိလာ၍ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း၌ တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့သည်ဟု မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည် ။ “ထိတွေ့မှု စဖြစ်တာနဲ့ စစ်တပ်ဘက်က ၂ ယောက်ကျတာ မျက်မြင်အတည်ပြုနိုင်တယ်။ သူတို့ကျတာနဲ့ ခဏ ပြန်ဆုတ်သွားတယ်” ဟု ၎င်းကပြောဆိုသည် […]

မြိတ်တွင် ကျောင်းသားများပါလာသည့်ကား မိုင်းထိပြီး အချို့ဒဏ်ရာရ

Dawei Watch

February 13, 2025

မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားများလိုက်ပါလာသည့် ကားတစ်စီးမိုင်းထိမှန်ပြီး ကျောင်းသားအချို့ ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၁ရက်နေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် တုံးဗျောကြီးကျေးရွာနှင့် သုံးမိုင်ခန့်အကွာရှိ သကန်တောင်ပုကျေးရွာအနီးတွင် မိုင်းထိခြင်းဖြစ်ပြီး ကားပေါ်လိုက်ပါလာသည့် ကျောင်းသားနှစ်ဦး မိုင်းစ ထိမှန်သွားကြောင်း ဒေသခံများကဆိုသည်။ ကားပေါ်တွင် မူလတန်းပြဆရာတစ်ဦးနှင့် ကျောင်းသား ၆ ဦး လိုက်ပါလာကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ဒဏ်ရာရသွားသူအရေအတွက်နှင့် ထိခိုက်မှုအခြေအနေ အသေးစိတ်ကို ထပ်မံစုံစမ်းနေဆဲဖြစ်ပြီး မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကို ဆက်သွယ်မေးမြန်းရာတွင် ဆရာမ ၁ ဦးနှင့် ကျောင်းသား ၄ ဦး ဒဏ်ရာရသွားကြောင်း ပြောဆိုသည်။ အဆိုပါကားမှာ စာမေးပွဲအတွက် လိုအပ်သည့် စာသင်ခုံများကို တောင်ဖီလာရွာရှိ အထက်တန်းကျောင်းမှ သွားရောက်သယ်ယူချိန် […]

တနင်္သာရီ ထုံမခါကျေးရွာဝန်းကျင်တွင် တိုက်ပွဲ ရက်ရှည်ဖြစ်

Dawei Watch

February 11, 2025

တနင်္သာရီမြို့နယ်၊ ထုံမခါကျေးရွာဝန်းကျင်တွင် ဇန်နဝါရီလနှောင်းပိုင်းမှစတင်ကာ ယနေ့အထိ တိုက်ပွဲ ရက်ရှည် ဖြစ်ပွားနေကြောင်း ကျေးရွာနေပြည်သူများနှင့် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ အင်အား ၂၇၀ ခန့်ပါသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၂၇ရက်မှစကာ ဘန်လောရွာ၊ ငါးမိုင်၊ ခြောက်မိုင်ဘက်မှ ထုံမခါကျေးရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။ စစ်ကြောင်းထိုးလာစဉ် လမ်းတွင် ဇန်နဝါရီလ ၂၈ရက်က တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၂၉ရက်တွင် ငါးမိုင်ကျေးရွာ၌ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ထုံမခါကျေးရွာတွင်လည်း အဆိုပါစစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ ဖေဖော်ဝါရီလ ၁ရက်မှ ယနေ့အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲအတွင်း သူတို့(စကစ)ဘက်က ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေရှိသလို အရှင်ဖမ်းဆီးရမိတာတွေလည်းရှိတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာမျိုးတွေလည်းရှိတယ်။ အတိအကျကို အတည်ပြုလို့ မရသေးဘူး” ဟု အဆိုပါရဲဘော်က ပြောဆိုသည်။ ထိုသို့ […]

မြိတ်တွင် ယာဥ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

February 10, 2025

မြိတ်မြို့၊ ကန်ဖျားလမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၀ရက် နေ့လယ်ပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားသေဆုံးကြောင်း မျက်မြင်တွေ့ရသူများနှင့် ကူညီဆောင်ရွက်ပေးခဲ့သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ကန်ဖျားလမ်းမကြီးပေါ်ရှိ ဆိုင်ကယ်က ကားကို ကျော်တက်စဥ် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် မြို့ခံတစ်ဦးက ပြောသည် ။ ” ဆိုင်ကယ်က ကားကိုကျော်ပြီး ယာဥ်ကြောပြန်ဝင်တာပါ။ ကားအရှိန်ကို ဆိုင်ကယ်က မမီဘဲ အနောက်က ဝင်တိုက်ခံရပြီး တရွတ်တိုက်ပါသွားပြီးမှ ကားက ဘရိတ်အုပ်ပြီး ရပ်လိုက်တယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါတိုက်မိသည့် ကားနဲ့ ဆိုင်ကယ် နံဘေးရှိ အခြားဆိုင်ကယ်တစ်စီးလည်း လဲကျကာ စီးနင်းလာသူ ဒဏ်ရာရကြောင်း အထက်ပါမြို့ခံက ပြောဆိုသည်။ ဆိုင်ကယ်မောင်းသူ အမျိုးသားမှာ မျက်နှာနှင့် ရင်ဘတ်တွင် သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာတွင် […]

ဘုတ်ပြင်းတွင် ရိုဟင်ဂျာ ၆၀ နီးပါးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီး၊ တစ်ဦးသေဆုံး

Dawei Watch

February 8, 2025

ဘုတ်ပြင်းမြို့နယ်၊ ထောင်ကမတ်ကျေးရွာအနီးရှိ ဆီအုန်းခြံအတွင်း ပုန်းအောင်းနေသည့် ရိုဟင်ဂျာ ၆၀ နီးပါးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၅ ရက်တွင် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရိုဟင်ဂျာအမျိုးသားနှင့် အမျိုးသမီး ၆၀နီးပါးသည် ရခိုင်ပြည်နယ်မှ လာကြသူများဖြစ်ပြီး ဘုတ်ပြင်းမြို့နယ်မှတစ်ဆင့် ထိုင်းဘက်ခြမ်းကို ထပ်သွားမည့်သူများဟုကြားသိရကြောင်း ကိုယ်တိုင်သွားကြည့်ခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ၎င်းတို့သည့် ကုန်းလမ်းခရီးဖြင့် လာကြပြီးနောက် ထောင်ခမတ်ကျေးရွာရှိ ဆီအုန်းတောအတွင်း ပုန်းအောင်နေခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးရာတွင် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသားခြောက်ဦး သေနတ်ကျည်ထိမှန်ဒဏ်ရာရသွားကြောင်း အထက်ပါအမျိုးသားက ပြောဆိုသည်။ “အားလုံးနီးပါး မြန်မာလိုကောင်းကောင်းတောင် မပြောတတ်ကြဘူး။ မေးရင်လည်း ဘာမှပြန်မဖြေတတ်ကြဘူး။ ဒဏ်ရာရတဲ့သူတွေကတော့ ဒဏ်ရာတော်တော်ပြင်းတယ်” ဟု ၎င်းက ပြောသည်။ […]

မြိတ်-တနင်္သာလမ်းပိုင်း ရက်ရှည်ပိတ်နေသဖြင့် ဘုတ်ပြင်းတွင် ဆန်အပါအဝင် ကုန်ပစ္စည်းဈေးတက်

Dawei Watch

February 6, 2025

တိုက်ပွဲဖြစ်ပွားနေသည့် မြိတ်- တနင်္သာရီလမ်းပိုင်းကို ရက်ရှည်ပိတ်ထားသည့်အတွက် ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာ အများစုတွင် ဆန်အပါအဝင် စားသောက်ကုန်နှင့် ကုန်ပစ္စည်းများ ဈေးတက်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဆိုပြီး မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းကို NUG ၏ တောင်ပိုင်းစစ်ဒေသ တိုင်းစစ်ဌာန (တနင်္သာရီ) က ဇန်နဝါရီလ ၂၃ရက်မှစတင်ကာ ဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့သည်။ ထိုကဲ့သို့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့်အတွက် ဆန်နှင့် စားသောက်ကုန်များကို မြိတ်မြို့မှ ဘုတ်ပြင်းမြို့နယ်ဘက်သို့ ရေကြောင်းမှတစ်ဆင့် သယ်ယူပို့ဆောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ ဘုတ်ပြင်းမြို့သို့ ရောက်ချိန်တွင်လည်း ရောင်းချမည့် ကျေးရွာများအထိ ကားဖြင့်တစ်ဆင့်ခံ ပြန်သယ်နေရသဖြင့် သယ်ယူ ပို့ဆောင်စရိတ် မြင့်မားရာ ကုန်ဈေးနှုန်းလည်း မြင့်တက်လာခြင်းဖြစ်ကြောင်း မနိုးရုံးကျေးရွာအုပ်စုရှိ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။ “ရေတစ်တန် ကုန်းတစ်တန်ဆိုတော့ သယ်ယူစရိတ်တွေ များတယ်။ […]

တနင်္သာရီတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် သုံးရက်ဆက်ဗုံးကြဲ

Dawei Watch

February 6, 2025

တနင်္သာရီမြို့နယ် ထုံမခါကျေးရွာနှင့် သိန်ခွန်းရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် သုံးရက်ဆက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်တပ်ဖွဲ့များထံမှ သိရသည်။ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ထုံမခါကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်လည်း သိန်ခွန်းရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ထုံမခါမှာ (တိုက်ပွဲ)တောက်လျှောက်ဖြစ်နေတာ။ (စစ်ကောင်စီတပ်က)လေကြောင်းကလည်းပစ်ကူပေးနေတယ်” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။ အင်အား ၂၇၀ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇန်နဝါရီ ၂၇ ရက်နေ့မှစကာ ဘန်လော၊ ငါးမိုင်၊ ခြောက်မိုင်ဘက်မှ ထုံမခါကျေးရွာကို ဦးတည်စစ်ကြောင်းထိုးလာပြီး လမ်းတစ်လျှောက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ထုံမခါကျေးရွာတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ကစကာ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားခဲ့ပြီး […]

ပုလောမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

February 5, 2025

ပုလောမြို့ပေါ်ရှိ စစ်ကောင်စီခန့် အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ပစ်သတ်ခံရကြောင်း မြို့ခံအချို့က ပြောသည်။ ဦးသန်းဝင်းသည် ဖေဖော်ဝါရီလ ၄ရက် ည ၈ နာရီခွဲခန့်က ၎င်း၏နေအိမ်တွင်ပင် ပစ်သတ်ခံရကြောင်း မြို့ခံအချိုက ပြောသည်။ ဦးသန်းဝင်းကို မြိတ်ခရိုင် PDF အမှတ်(၁)တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၏ တပ်ရင်း(၇)တို့က ပူးပေါင်း ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် PDF အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားသည်။ ၎င်းသည် လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းရန်ပို့ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများ လုပ်ဆောင်နေရာ အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်း ဆိုသည်။ ဦးသန်းဝင်းသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်သက် လေးနှစ်ရှိပြီဖြစ်ကာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ခန့်အပ်ထားသူလည်းဖြစ်သည်။ “ပြီးခဲ့တဲ့ နိုဝင်ဘာကနေစပြီး ညဘက်လူငယ်နှစ်ဆယ်ကျော်ကို အဖမ်းခံထိပြီးနောက်ပိုင်း တောက်လျှောက် သတိပေး […]