ရေးမြို့နယ်တွင် ပျောက်ဆုံးနေသည့်မိန်းကလေး ထိုးသွင်းဒဏ်ရာများဖြင့် ပြန်တွေ့
diz_admin
November 7, 2022မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာက ဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးနေသည့် အသက် ၁၆နှစ်အရွယ် မိန်းကလေးကို ထိုးသွင်းဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိကြောင်း လူမှုကယ်ရေးအသင်းတို့ထံမှ သိရသည်။ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ကဗျာကို နိုဝင်ဘာလ ၆ ရက်နေ့က နှစ်ကရင်ရွာအထွက် ဆင်နှစ်ကောင်အကွေ့ မရောက်မီ သင်္ချိုင်းအနီး ခြုံကြားတွင် ထိုးသွင်းဒဏ်ရာများ၊ ထိုးကြိတ်ခံရသောဒဏ်ရာများဖြင့် ပြန်လည် တွေ့ရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ တစ်ရွာတည်းနေသူ မပြည့်ဖြိုးဝေနှင့် သံဖြူဇရပ်မြို့သား မောင်ချမ်းမွန် (ခ) အာရုံဦးတို့ ဇနီးမောင်နှံက သံဖြူဇရပ်သို့ ပြန်ရန် နှစ်ကရင်ကျေးရွာလမ်းဝသို့ ပို့ဆောင်ပေးရန် အကူအညီတောင်းခံသဖြင့် မဖူးပွင့်ကဗျာက နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းနောက် ညပိုင်းအထိ […]


