မွန်တွင် လက်ကျန်ဆားနည်းသဖြင့် ဆားကြမ်းဈေးမြင့်တက်
diz_admin
September 27, 2022မွန်ပြည်နယ်တွင် လက်ကျန် ဆားနည်းပါးလာသည့်အတွက် ဆားဈေးမြင့်တက်လာကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ဆားထုတ်လုပ်ရာသီတွင် မိုးဖျက်၍ ဆားအထွက်နည်းခဲ့ခြင်းကြောင့် လက်ကျန်ဆားနည်းပါးလာကာ ဆားဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ်မှ ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။ ဆားထုတ်လုပ်ရာသီအစဖြစ်သည့် ဇန်နဝါရီလခန့်က ဆားကြမ်းတစ်ပိဿာဈေး ကျပ် ၈၀ ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိတွင် ဆားကြမ်းတစ်ပိဿာဈေး ကျပ် ၂၇၀ အထက်ရှိနေကြောင်း ဆားဈေးကွက်ထံမှ သိရသည်။ “ဆားထွက်တဲ့အချိန်မှာ မိုးဖျက်တော့ ဆားအထွက်နည်းတယ်။ အခု လက်ကျန်ဆားနည်းသွားတော့ ဈေးက ၂၇၀ လောက်ဖြစ်သွားတယ်” ဟု ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောဆိုသည်။ ယမန်နှစ် ယခုလိုကာလမျိုးတွင်မူ ဆားကြမ်းဈေးတစ်ပိဿာ ၁၃၅ ကျပ်ခန့်သာရှိကြောင်း ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။ လက်ရှိတွင် ဆားဈေးကောင်းရရှိနေသော်လည်း ဆားအသစ်ထွက်သည့်အချိန်တွင် ဈေးပြန်ကျသွားနိုင်သည်ဟုလည်း ဆားလုပ်ငန်းရှင်တို့က ခန့်မှန်းထားသည်။ “ဆားထွက်တဲ့အချိန်ကျရင် […]


