သထုံတွင် ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရ၊ တစ်ဦးဒဏ်ရာရ
diz_admin
October 25, 2022မွန်ပြည်နယ်၊ သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ် တစ်စီး ပစ်ခတ်ခံရကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသော ရွှေဝယ်မင်း ခရီးသည်တင်မှန်လုံယာဉ်သည် အောက်တိုဘာ ၂၄ ရက်နေ့ ည ၈ နာရီခွဲခန့်က ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်းကျေးရွာအနီးအရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ခရီးသည်တင် မှန်လုံယာဉ် ပစ်ခတ်ခံရမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသားတစ်ဦး ပေါင်တွင် ထိခိုက်ဒဏ်ရာရ ကြောင်း ဒေသခံတို့က ဆိုသည်။ “ခရီးသည်အမျိုးသားတစ်ဦး ပေါင်မှာ ကျည်ထိမှန် ဒဏ်ရာရသွားတယ်။ တခြားတော့ ထိခိုက်တာမရှိဘူး” ဟု အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။ သေနတ်ဒဏ်ရာရရှိသည် ခရီးသည်ကို သုဝဏ္ဏဝတီမြို့ ပြည်သူ့ဆေးရုံသို့ု ပို့ဆောင်ကာ ဆေးကုသပေးနေကြောင်း […]


