ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ပစ်သတ်ခံရ
diz_admin
November 30, 2022မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မြို့ခံတို့ထံမှ သိရသည်။ ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်း (ခေါ်) ရှမ်းလေးသည် နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ၎င်းသည် ကျိုက်ထိုမြို့ ကျိုက်ပေါလောဘုရားလမ်းနှင့် ကံ့ကော်လမ်းမကြီးတောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ခြံဝင်း အတွင်း သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။ ၎င်းမှာ ကျည်ငါးချက်ထိမှန်ကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရသေးပေ။ မိုင်းအောင်နေထွန်းသည် ကျိုက်ထိုမြို့နယ်အတွင်းက မီတာခမဆောင်သည့် နေအိမ်များကို မီးဖြတ်ခြင်း၊ မီတာခ ဆောင်စေရန် ဖိအားပေးခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း မြို့ခံတို့က […]


