မွန်တော်လှန်ရေးနေ့ စိန်ရတုအခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပမည်
diz_admin
August 10, 2022ဝါခေါင်လပြည့်နေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ကျရောက်မည့် (၇၅) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ဗဟို အခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပမည်ဖြစ်ကြောင်း မွန်တော်လှန်ရေးနေ့အခမ်းအနားကို ဦးဆောင် ကျင်းပလာခဲ့ကြသည့် မွန်လူငယ်တို့ထံမှ သိရသည်။ မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနားကို မွန်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးသွားခဲ့ကြသည့် မွန်ခေါင်းဆောင်များ အုတ်ဂူတည်ရှိရာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရသာသနာ့ကျောင်းဝင်းထဲတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။ ယခုနှစ်တွင်မူ လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် Covid-19 ကူးစက်ရောဂါတို့ကြောင့် အခမ်းအနားကို အကျဉ်ချုံးသာ ကျင်းပသွားရန် စီစဉ်ရခြင်းဖြစ်ကြောင်း အခမ်းအနားကျင်းပရေးကော်မတီတို့ထံမှ သိရသည်။ “ဒီနှစ်မှာ ကျရောက်တဲ့ မွန်တော်လှန်ရေးနေ့ အခမ်းအနားကို နိုင်ငံရေးအခြေအနေအရ လုံခြုံရေးအခြေအနေကို ကြည့်ပြီး ခန်းမတစ်ခုမှာပဲ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်” ဟု အဆိုပါကော်မတီမှ တာဝန်ရှိသူက ပြောသည်။ အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း […]


