ရေးက အမြောက်တပ်ကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်
diz_admin
December 17, 2022မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကို ၇၉ လက်နက်၊ ၄၀ မမတို့ဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ “အမြောက်တပ်ဘက်မှာ သေနတ်သံတွေကြားရတာ ဟုတ်တယ်။ အပစ်ခံရတာလား တိုက်ပွဲလားတော့ ကျွန်တော်တို့လည်း မသိဘူး။ အသွားအလာတော့ သတိထားနေရတယ်” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။ ရေးမြို့နယ်အခြေစိုက် အမြောက်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာတွင် အမြောက်တပ်ဘက်က နာရီဝက်ခန့်ကြာ ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ရေးဘီလူးအဖွဲ့က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ပြောဆိုထားသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ စစ်ကောင်စီဘက်ကလည်း ရေးမြို့နယ်အခြေစိုက် […]


