ရေး – ထားဝယ်လမ်းမပေါ်က တံတားကြီးဂိတ် တိုက်ခိုက်ခံရ
diz_admin
August 25, 2022မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ တံတားကြီးစစ်ဆေးရေးဂိတ် ယနေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ တံတားကြီးစစ်ဆေးရေးဂိတ်ကို ယနေ့ (ဩဂုတ် ၂၅) နံနက် ၁၀ နာရီခွဲခန့်က ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များလည်း ရှိနိုင်သည်ဟု ရေးဘီလူးအဖွဲ့က ပြောဆိုထားသော်လည်း Dawei Watch အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ တံတားကြီးဂိတ်ကို တော်လှန်ရေးအဖွဲ့တိုက မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ “တံတားကြီးစစ်ဆေးရေးဂိတ်က မကြာခဏ တိုက်ခိုက်ခံနေရတယ်။ အဲဒီလိုဖြစ်ပြီး ဒီနောက်ပိုင်းမှာ လုံခြုံရေး ပိုပြီး တင်းကျပ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၇ […]


