ရေးတွင် မြေမြှုပ်မိုင်းနင်းမိမှုထပ်ဖြစ်၊ အမျိုးသားတစ်ဦးဒဏ်ရာရ
diz_admin
February 3, 2023မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ ကြိုးတံတားကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်းမိမှု ထပ်မံဖြစ်ပွားပြီး အမျိုးသားတစ်ဦးဒဏ်ရာရကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂ ရက် ညနေ ၆ နာရီဝန်းကျင်က မော့ကနင်ကျေးရွာသား အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် လာစဉ် ကြိုးတံတားကျေးရွာအနီးတွင် မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရကြောင်း ၎င်းတို့က ပြောသည်။ “သူက ဆိုင်ကယ်နဲ့ ညနေ ခြံကနေ ပြန်လာတာ။ လမ်းမှာ မိုင်းနင်းမိတယ်။ ခြေထောက်နှစ်ဖက်စလုံးမှာ မိုင်းစထိမှန်သွားတယ်။ ဒဏ်ရာကတော့ မပြင်းဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အဆိုပါအမျိုးသားကို လူမှုကူညီရေးအသင်းတို့၏ အကူအညီဖြင့် လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းတို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း ကြိုးတံတားကျေးရွာအနီးတွင် ရေပိုက်လိုက်ပြင်သည့် နိုင်ကိုးမိုင်ဆိုသူ မြေမြှုပ်မိုင်းနင်းမိပြီး […]


