ရေးမြို့ လဝကရုံး ပစ်ခတ်ခံရ၊ ထိခိုက်သေဆုံးမှုရှိဟုဆို
diz_admin
August 3, 2022မွန်ပြည်နယ် ရေးမြို့ရှိ လဝကရုံး ယနေ့ (ဩဂုတ် ၃) နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရပြီး လူထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လဝကရုံးကို ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ လဝကရုံး ဝင်ရောက်ပစ်ခတ်သည့်ဖြစ်စဉ်တွင် မြို့နယ်ဦးစီးမှူးအပါအဝင် အနည်းဆုံး ငါးဦးသေဆုံးသည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ မြို့ခံတစ်ဦးကမူ “ကြားသိရသလောက်ကတော့ နှစ်ယောက်သေသွားတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်” ဟု ပြောဆိုသည်။ လက်ရှိတွင် ရေးတစ်မြို့လုံးနှင့် မြို့အဝင်အထွက်နေရာများတွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ပိတ်ဆို့ရှာဖွေများ လုပ်ဆောင်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရေးမြို့နယ်အတွင်းရှိ အစိုးရဝန်ထမ်းများ ဩဂုတ်လ ၂ ရက်နေ့ နောက်ဆုံးထားပြီး […]


