သထုံ သိမ်ဆိပ်နယ်မြေရဲစခန်း တိုက်ခိုက်ခံရ
diz_admin
April 17, 2023မွန်ပြည်နယ်၊ သထုံမြို့နယ် သိမ်ဆိပ်နယ်မြေရဲစခန်း ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ သိမ်ဆိပ်နယ်မြေရဲစခန်းကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ခွဲ ၃ နှင့် HRS ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားတို့နှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ငါးမိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ရဲစခန်း ဝင်ပစ်ခံရပြီးတော့ အပြန်အလှန် ပစ်ခတ်ကြသေးတယ်။ အထိအခိုက်တော့ မသိဘူး” ဟု သထုံဒေသခံတစ်ဦးက ပြောသည်။ ရဲစခန်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စခန်းမှူး ပြင်းထန်ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်သား သုံးဦး သေဆုံးသွားခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ စခန်းမှူး ပြင်းထန်ဒဏ်ရာရရှိမှု၊ စစ်ကောင်စီတပ်သားသေဆုံးမှုတို့နှင့် […]


