ဘီးလင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ
diz_admin
September 18, 2022မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးကျေးရွာ အုပ်ချုပ်ရေးမှူး စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အလူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းကို ယနေ့ နံနက် ၇ နာရီဝန်းကျင်အချိန်ခန့်က အမည်မသိသေနတ်သမားတို့က ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှမင်းသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ ”ဆိုင်ကယ်နဲ့ သွားနေတဲ့အချိန်မှာ သေနတ်သမားတွေက ပစ်ခတ်သွားတယ်လို့ သိရတယ်၊ သေနတ်ဒဏ်ရာ ၃ ချက်နဲ့ အခင်းဖြစ်နေရာမှာဘဲ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ဦးလှမင်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်တို့က ကျေးရွာအတွင်း စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။ အလူးကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ ပြီးခဲ့သည့် စက်တင်ဘာ […]


