မွန် မြို့နယ်သုံးခုတွင် ရေကြီးရေလျှံ
Dawei Watch
July 18, 2023မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအချို့တွင် ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းကစပြီး ရေကြီးရေလျှံနေကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် ရေကြီးရေလျှံနေသည့်အပြင် ကားလမ်းရေကျော်မှုများလည်း ဖြစ်ပွားနေကြောင်း ၎င်းတို့က ဆိုသည်။ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းလာသည့်အတွက် ရေးမြို့နယ်၊ ဟံဂံကျေးရွာအတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်တို့တွင် ယနေ့ နံနက်ပိုင်းကစပြီး ရေကြီးရေလျှံသဖြင့် ပြည်သူအချို့ ဘေးလွတ်ရာသို့ စတင်ပြောင်းရွှေ့နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ “လက်ရှိက လမ်းပေါ်မှာ ရေက သုံး လေး ပေလောက်ရှိတယ်။ အဓိက အနိမ့်ပိုင်းတွေက ရေဝင်နေတာပေါ့။ ရေကတော့ တိုးလာနေတဲ့အတွက် တချို့ အနိမ့်ပိုင်းကလူတွေက စပြီးတော့ ပြောင်းရွှေ့နေကြရတယ်” ဟု […]


