ရေး အစင်ရွာ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးအပါအဝင်နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ
Dawei Watch
August 9, 2023မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာ လက်ဖက်ရည်ဆိုင်အတွင်း သေနတ်သမားနှစ်ဦးက ဝင်ရောက် ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး သုံးဦးကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၉ ရက် နံနက် ၈ နာရီခွဲခန့်က အစင်စံပြကျေးရွာထိပ်ရှိ ဦးချစ်ဆွေ လက်ဖက်ရည်ဆိုင်သို့ အမည်မသိ သေနတ်သမားနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၁၅ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ လက်ဖက်ရည်ထိုင်သောက်နေသည့် အသက် ၆၈နှစ်အရွယ် ရာအိမ်မှူး ဦးယဉ်ဝေတွင် ဦးခေါင်းနောက်စေ့၊ နောက်ကျော၊ ရင်အုံတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် ပစ်ခတ်ခံရသည့်နေရာတွင် သေဆုံးကြောင်း ဒေသခံတို့က ဆိုသည်။ ဦးယဉ်ဝေနှင့်အတူ ထိုင်နေသည့် အသက် ၆၂ နှစ်အရွယ် ဦးအောင်သိန်းဆိုသူလည်း ပါးနှင့် လည်ပင်းတွင် ကျည်ထိမှန် သေဆုံးကြောင်း အစင်ကျေးရွာဒေသခံတစ်ဦးက ပြောဆိုသည်။ […]


