ရေးဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြင်းထန်ဒဏ်ရာရ
diz_admin
February 18, 2023မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့အနီးတွင် မြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဥ် ဆက်တိုက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဒေသခံတစ်ဦး မိုင်းနင်းမိရာမှ ဘယ်ဘက်ခြေထောက် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ မော့ကနင်းကျေးရွာနေ အသက် ၅၉ နှစ်အရွယ် ဦးညွန့်ဝေဆိုသူသည် မနေ့နံနက် ၉ ခွဲအချိန်ခန့်က ကြိုးတံတားချောင်းအနီးရှိ ၎င်းပိုင်ဆိုင်သည့်ခြံမှ စျေးဝယ်ထွက်လာစဥ် မြေမြှုပ်မိုင်းနင်းမိသွားခြင်းဖြစ်သည်။ “ခြံက ကြိုးတံတားချောင်းအနီးမှာ အဲဒီခြံကနေ စျေးထွက်ဝယ်ရင်းနဲ့ မိုင်းနင်းမိသွားတယ်။ ခြေထောက်တစ်ဖက်ထိသွားတယ်။ ဒီကြိုးတံတားချောင်းတဝိုက်မှာ ဒီတခါပါဆို ၄ ခါရှိသွားပြီး မိုင်း(နင်း)မိနေတာ၊ အသွားအလာတော့ သတိထားရမယ်” ဟု လမိုင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ဦးညွန့်ဝေ၏ ဘယ်ဘက်ခြေထောက် ပြင်းထန်ဒဏ်ရာရရှိပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် လမိုင်းဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂ […]


