ဘီးလင်းတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၊ အမျိုးသားနှစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်တစ်ဦးဒဏ်ရာရ
diz_admin
March 21, 2023မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကရဝေးဆိပ်အထက်စုကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ မတ်လ ၂ဝရက် နံနက် ၁၀ နာရီနှင့် ညနေ ၆ နာရီတို့တွင် ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမဘေးရှိ သံတံတားဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကျိုက်ထိုတော်လှန်ရေးအင်အားစုနှင့် KNU ပူးပေါင်းတပ်ဖွဲ့တို့က နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်ခံရပြီးနောက် သံတံတားဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနှင့် ကင်မွန်းစခန်းရှိ စစ်ကောင်စီတပ် လက်နက်ကြီးအထိုင်ထားသည့်နေရာတို့က ည ၇ နာရီခွဲဝန်းကျင်တွင် လူနေကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “သူတို့စခန်း တိုက်ခိုက်ခံရပြီးဆိုရင် ဒီလိုပဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တော့တာ။ တစ်ခါတလေ ဘာတိုက်ပွဲ ဘာတိုက်ခိုက်မှုမှမရှိလည်း ရွာတွေဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်” […]


