ရေးတွင် အိမ်စီးကားတစ်စီးပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါသူ ၂ ဦးဒဏ်ရာရ
diz_admin
April 11, 2023မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်းမတွင် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဘုရားသုံးဆူမြို့ဘက်မှ ရေးမြို့ဘက်သို့ ဆင်းလာသည့် Vigo အိမ်စီးကားတစ်စီးသည် လိမ္မော်ခြံကျေးရွာ ကုန်းဆင်းအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသည့် ရေးမြို့နယ် ဒူးယားကျေးရွာမှ ဦးဖေသန်းဆိုသူမှာ ခါးကို ကျည်ဆန်ထိမှန်ခဲ့ပြီး လမိုင်းမြို့နေ ဒေါ်မြမွန်ဆိုသူမှာ ခြေသလုံးကိုကျည်ဆန်ရှပ်မှန် ခဲ့သည်ဟု နီးစပ်သူတို့ထံမှ သိရသည်။ အဆိုပါ အိမ်စီးကားမှာ လိမ္မော်ခြံကျေးရွာ ကုန်းဆင်းလမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး မည်သူတို့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ကို မသိရှိရပေ။ ကျည်ထိဒဏ်ရာရရှိခဲ့သည့် ဒေသခံ ၂ ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး […]


