ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် အရပ်ဝတ်ဖြင့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးဖမ်းမိကြောင်းထုတ်ပြန်
Dawei Watch
June 22, 2023မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြား မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမတွင် အရပ်ဝတ်ဖြင့် ခရီးသည်တင်ကားတွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ဖမ်းမိကြောင်း အထူးစစ်ဆေးရေးတပ်ဖွဲ့ (S.O.F) က ဇွန်လ ၂၁ ရက်က ထုတ်ပြန်သည်။ မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ကားလမ်းမတစ်လျှောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ စစ်ဆေးမှုများဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံနှင့် ကားသမားတို့ထံမှ သိရသည်။ ယင်းကားလမ်းမတစ်လျှောက်တွင် ဇွန်လ ၁၈ ရက်နေ့မှစတင်ကာ နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်ပြီး စစ်ကောင်စီ တပ်သားများသွားလာမှုကို စောင့်ကြည့်နေသည်ဟု KNLA နှင့် PDF တို့ ပူးပေါင်းဖွဲ့ထားသည့် အထူးစစ်ဆေးရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်သည်။ ထိုသို့ စစ်ဆေးနေစဉ် ခရီးသည်အသွင်ဖြင့် မော်တော်ယာဉ်ပေါ် […]


