မွန်တွင် လုပ်ငန်းရှင်များထံ ဖုန်းဖြင့်ခြိမ်းခြောက် ငွေညှစ်မှုများရှိနေ
diz_admin
August 27, 2022မွန်ပြည်နယ် မြို့နယ်အချို့တွင် လုပ်ငန်းရှင်များထံ ဖုန်းဖြင့်ဆက်သွယ်ပြီး ခြိမ်းခြောက်ငွေညှစ်သည့်ဖြစ်စဉ်များ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားနေကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။ မော်လမြိုင်မြို့ပေါ်ရှိ ရွှေဆိုင်များကို ဩဂုတ်လ ၂၀ရက်နေ့ကစပြီး ဖုန်းဆက်ကာ ခြိမ်းခြောက်ငွေညှစ်မှုများ ရှိနေကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ၎င်းနှင့် ရင်းနှီးသည့် လုပ်ငန်းရှင်အချို့ ငွေညှစ်ခံနေရမှုကို အဆိုပါလုပ်ငန်းရှင်က Dawe Watch သို့ ပြောဆိုခြင်းဖြစ်သည်။ တောင်းခံသည့်ငွေကို မပေးလျှင် ဆိုင်ကို ဖောက်ခွဲမည်ဟု ခြိမ်းခြောက်နေသည့်အတွက် ကြောက်ရွံ့ကာ ဆိုင်ကို ယာယီပိတ်သိမ်းထားရသည်များလည်းရှိကြောင်း ၎င်းက ဆိုသည်။ “ဒီရက်ပိုင်းမှာ ရွှေဆိုင်တွေ လုပ်ငန်းရှင်တွေကို ဖုန်းဆက်ငွေတောင်းခံတာတွေ ရှိနေတယ်လို့ သိရတယ်။ မပေးရင် ဆိုင်ကို ဗုံးဖောက်ခွဲမယ် ဘာညာဆိုပြီး ခြိမ်းခြောက်တာတွေလည်း ရှိနေတယ်” ဟု အထက်ပါ လုပ်ငန်းရှင်က ပြောသည်။ လုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေတောင်းခံနေသူတို့သည် […]


