ရေးမြို့မရဲစခန်း တိုက်ခိုက်ခံရ
diz_admin
July 29, 2022မွန်ပြည်နယ် ရေးမြို့ မြို့မရဲစခန်း ဇူလိုင်လ ၂၈ ရက်ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရကြာင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့ သီရိခေမာရပ်ကွက်ရှိ မြို့ရဲစခန်းကို ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် သေနတ်သမားများ လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “မြို့မရဲစခန်းကို သေနတ်သမားတွေက ဆိုင်ကယ်နဲ့လာပြီး ဝင်ပစ်သွားတယ်။ ထိသွားတာရှိတယ်လို့တော့ ကြားတယ်။ သေချာတော့ မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့ကမူ ရေးမြို့မရဲစခန်းကို ၎င်းတို့အဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲသုံးဦး သေဆုံးကြောင်း ထုတ်ပြန်ထားသည်။ ယင်းနေ့တွင် ရေးမြို့နယ် ကဗျာဝကျေးရွာမှ စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် ကိုမင်းကိုဆိုသူကိုလည်း သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ရေးမြို့နယ်တွင် ရဲစခန်း၊ တံတားလုံခြုံရေးဂိတ်များ ဆက်တိုက်တိုက်ခိုက်ခံနေရသည့်အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူး […]


