ပေါင်မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင်နေအိမ် ချိတ်ပိတ်ခံရ
diz_admin
August 12, 2022မွန်ပြည်နယ်၊ ပေါင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်၏ နေအိမ် ချိတ်ပိတ်ခံရကြောင်း ၎င်းနှင့်နီးစပ်သူတို့ထံမှ သိရသည်။ ပေါင်မြို့နယ်၊ ကော့ကံကျေးရွာရှိ NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစောဆန်းဝင်း၏ နေအိမ်ကို စစ်ကောင်စီက ဩဂုတ်လ ၉ ရက်နေ့တွင် လာရောက်ချိတ်ပိတ်သွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။ ဩဂုတ်လ ၇ရက်နေ့က ဦးစောဆန်းဝင်း၏ နေအိမ်တွင် မီးလန့်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်ထဲ ဝင်ရောက် စစ်ဆေးခဲ့ရာ လက်ပစ်ဗုံး ၁ လုံး၊ ၉ မမ ကျည် အတောင့် ၅၀ နှင့် စနိုက်ပါ မှန်ပြောင်းတစ်လက်ရရှိသည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားကြောင်း ၎င်းတို့က ပြောဆိုသည်။ ဦးစောဆန်းဝင်း၏ နေအိမ်တွင် လက်နက်အချို့တွေ့ရှိသည်ဆိုပြီးနောက် ဦးစောဆန်းဝင်းသည် PDF အဖွဲ့အစည်း များနှင့် ဆက်စပ်သည်ဟုဆိုပြီး နေအိမ်ကို […]


