ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း

ကော့သောင်း ပင်လယ်ပြင်တွင် ကျောက်ငါးမျိုးစိတ်များပေါ်လာခြင်း စုံစမ်းမည်ဟုဆို

diz_admin

November 3, 2020

ကျောက်ငါးမျိုးစိတ်များမှာ ရေစီးအတိုင်းမျောပါနေသည်မှာ ရက်ပေါင်း ၂၀ ခန့်ရှိပြီဖြစ်ပြီး တစ်ဦးလျှင် တစ်ကောင်စ နှစ်ကောင်စ ကောက်ရမှုကို ပေါင်းပါက တစ်ရက် အကောင် ၃၀ ကျော်ခန့် ရမည်ဖြစ်ကြောင်း ဦးချိုလွန်းက ခန့်မှန်းပြောဆိုသည်။

ကိုဗစ်ကပ်ဘေးကြောင့် ကော့သောင်းတွင် ဖုန်းရောင်းအား ထက်ဝက်ကျ

diz_admin

October 30, 2020

ကိုဗစ်ကပ်ဘေးကြောင့် စီးပွားရေး အကျပ်အတည်းဖြစ်သည့်အတွက် ကော့သောင်းမြို့တွင် ဖုန်း(ဟန်းဆက်)ရောင်းအား ထက်ဝက်ခန့်ကျဆင်းသွားကြောင်း ဖုန်းလုပ်ငန်းရှင်များအသင်းနှင့် ဖုန်းဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ ကိုဗစ်ဒုတိယလှိုင်းမဖြစ်မီက တစ်လလျှင် ဖုန်းဟန်းဆက်အရေအတွက် ၃၀ လုံးခန့် ရောင်းရပြီး လက်ရှိတွင် ၁၅ လုံးခန့်သာ ရောင်းရတော့ကြောင်း ချိုချိုဖုန်းဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုသည်။ လက်ရှိတွင် ပြည်သူများအနေနှင့်လည်း အလုပ်အကိုင်များ ဆုံးရှုံးမှုကြောင့် စားဝတ်နေရေးအတွက်ပင် ပူပန်နေရာ ဖုန်းအတွက် ငွေကြေးသုံးစွဲရန် မလွယ်ကူကြောင်း ဇွဲသစ်ဖုန်းဆိုင်မှ ဆိုင်ရှင်အမျိုးသား က ပြောသည်။ ကိုဗစ်ဂယက်ထိ ဘုတ်ပြင်းကွမ်းသီးစိုက်တောင်သူများ အခက်ကြုံ “ရောင်းအားက တစ်ဝက်လောက် ကျသွားတယ်။ ကိုဗစ်ပြီး လုပ်ငန်းတွေ ပြန်လည်ပတ်မှပဲ အဆင်ပြေမယ်” ဟု ၎င်းက ဆိုသည်။ ယခင်ကိုဗစ်မတိုင်မီက ဖုန်းရောင်း အားသွက်ခဲ့ပြီး ကိုဗစ်ကာလတွင် ရောင်းအားကျဆင်းသွားကြောင်း ဖုန်းလုပ်ငန်း ရှင်အသင်းဥက္ကဋ္ဌကလည်း […]

အဆက်မပြတ် မိုးရွာသွန်းမူကြောင့် ရော်ဘာခြစ်သူများ လုပ်ငန်းခွင်အဝင် နောက်ကျ

diz_admin

October 29, 2020

ဘုတ်ပြင်းမြို့နယ်တွင် အောက်တိုဘာလ တတိယပတ်အထိ အဆက်မပြတ် ရွာသွန်းနေသည့်မိုးကြောင့် ရော်ဘာ ခြစ်သူများအနေနှင့် လုပ်ငန်းခွင်မဝင်နိုင်ဘဲဖြစ်နေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ ဘုတ်ပြင်းမြို့နယ်တွင် ပုံမှန်အားဖြင့် စက်တင်ဘာလမှစပြီး ရော်ဘာစေး ခြစ်ကြသော်လည်း ယခုမူအောက်တိုဘာလအထိ မခြစ်ရသေးဟု တောင်သူများက ပြောပြသည်။ မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ရေကြီးရေလျှံခြင်းများလည်း ဖြစ်နေပြီး ရော်ဘာခြစ် တောင်သူများမှာ လုပ်ငန်းခွင်မဝင်ရောက်နိုင်ဘဲ အခြားလုပ်ငန်းအချို့ကို အစားထိုးလုပ်ကိုင် နေရကြောင်း ၎င်းတို့ကဆိုသည်။ “ရော်ဘာလည်းမခြစ်ရတော့ တောအခလိုက် ခုတ်နေရတယ်” ဟု ဘုတ်ပြင်း မြို့နယ်၊ တောင်ငယ်ကျေးရွာတွင် ရော်ဘာခြစ်သည့် အသက် ၃၂ နှစ်ရှိ ဦးနောင်ဖြူ က ပြောသည်။ ရော်ဘာခြစ်ရန် ပြီးခဲ့သည့်လကတည်းက ပြင်ဆင်ထားပြီး ယခုအချိန်အထိ လုပ်ငန်းခွင်မဝင်ရောက်နိုင်သေးသည့်အတွက် လုပ်ငန်းရှင်သူဌေးထံတွင် ရိက္ခာနှင့်ငွေယူကာ စားသောက်ရင်း တဖြည်းဖြည်း […]

ကိုဗစ်ဂယက်ထိ ဘုတ်ပြင်းကွမ်းသီးစိုက်တောင်သူများ အခက်ကြုံ

diz_admin

October 28, 2020

ကိုဗစ်အကျပ်အတည်းကြောင့် ကွမ်းသီးအဝယ်ဒိုင်များအဝယ်ရပ်နားထားသဖြင့် အခက်တွေ့နေရကြောင်း ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ကွမ်းစိုက်တောင်သူ အချို့ထံမှသိရသည်။ ယင်းသို့ အဝယ်ရပ်နားထားကြသည့်အတွက် စားဝတ်နေရေး အခက်အခဲကြုံနေရကြောင်း ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညှာအရှေ့ရပ်ကွက်တွင်နေသူ ဒေါ်ချစ်သဲကဆိုသည်။ “ကျွန်မတို့မိသားစုမှာတင်ပဲ ဘယ်လောက်ထိခက်ခဲခဲ့လဲဆိုရင် အရင်တစ်ပတ်က ကျွန်မသမီးအငယ်လေး တစ်ယောက်နေမကောင်းဖြစ်တာတောင် ဆေးခန်းပြ ဖို့မတတ်နိုင်ခဲ့ဘူး။ ကျွန်မ အခုပြောနေတာ ကျွန်မမိသားစုအခက်ခဲ ဆိုပေမဲ့ ကျွန်မတို့လိုပဲ အခြားတောင် သူမိသားစုတွေမှာလည်း အခက်အခဲတွေအများကြီးနဲ့ ကြုံနေရတာပါ” ဟု ဒေါ်ချစ်သဲက ပြောသည်။ ယခင်က တောင်သူများမှာ ကွမ်းသီး မပေါ်မီ ကွမ်းသီးအဝယ်ဒိုင်များထံမှ ကြို တင်ငွေများ ထုတ်ယူသုံးစွဲပြီး စားဝတ်နေရေး ဖြေရှင်းလေ့ရှိသည်။ လက်ရှိတွင် ကွမ်းသီးအဝယ်ဒိုင်များက ကြိုတင်ငွေများ ထုတ်ပေးခြင်းမရှိတော့ကြောင်း လေညှာအရှေ့ရပ်ကွက်နေ တောင်သူ ဦးလင်းနိုင်ချစ်က ဆိုသည်။ “အစ်ကိုတို့ရွာမှာတော့ ကြိုတင် ငွေမရှိဘဲ အဆင်ပြေနိုင်တဲ့ တောင်သူတွေဆိုတာ […]

ရဲဝင်ဖမ်းချိန် ရေထဲပစ်ချလိုက်သည့် အထုပ်အတွင်းမှ စိတ်ကြွဆေးပြား တစ်ရာနီးတွေ့

diz_admin

October 21, 2020

ကော့သောင်းမြို့နယ်တွင် မူးယစ်သတင်းအရ ရဲတပ်ဖွဲ့က ဝင်ဖမ်းချိန်တွင် ရေထဲပစ်ချလိုက်သည့် အထုပ်အတွင်းမှ စိတ်ကြွဆေးပြား တစ်ရာနီးပါးဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။ ချန်းဖန်းကျေးရွာအုပ်စုနေ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို မူးယစ်ဆေးသတင်းအရ အောက်တိုဘာ လ ၇ ရက်နေ့က သွားရောက်ဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့သွားဖမ်းရာတွင် အဆိုပါ အမျိုးသားက ဘေးချင်းကပ်ရှိ အခြားနေ အိမ်သို့ ဝင်ပြေးသွားပြီး အိမ်အောက်ရှိ ရေထဲသို့ ပစ္စည်းများအား ပစ်ချခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ လုံခြုံရေးတင်းကျပ်ထားသည့် မြန်မာ-ထိုင်းနယ်စပ်တွင် ခိုးဝင်မှုများ ရှိနေဟုဆို အဆိုပါပစ်ချသည့်နေရာအားရှာဖွေရာ WY စိတ်ကြွဆေး ၈၆ ပြား တွေ့ရခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ အမျိုးသားကို သက်ဆိုင်ရာ မူး/စိတ်ပုဒ်မ များဖြင့် […]

ခရီးသည်ကားပေါ်မှ ဘီယာဖာ လေးရာကျော် ဖမ်းမိ

diz_admin

October 20, 2020

ဘုတ်ပြင်းမြို့နယ် ကိုဗစ်စစ်ဆေး ရေးဂိတ်တွင် ခရီးသည်တင်ကားပေါ်တင် လာသည့် ထိုင်းနိုင်ငံထုတ် SINGHA ဘီယာဖာ လေးရာကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ ကော့သောင်းမြို့ဘက်မှ ဘုတ်ပြင်းဘက်သို့ မောင်းနှင်လာသည့် ရွှေမြိတ် အောင် ခရီးသည်တင်ကားပေါ်တွင် ခွင့် ပြုချက်မရှိဘဲ ဘီယာများတင်လာကြောင်း သတင်းအရ အောက်တိုဘာလ ၇ ရက်နေ့ က စောင့်ဆိုင်း စစ်ဆေးခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။ ထိုသို့စစ်ဆေးရာ အဆိုပါကားပေါ် တွင် ထိုင်းနိုင်ငံထုတ် SINGHA ဘီယာ ၄၄၀ ဖာကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ-၈ ဖြင့် ဘုတ်ပြင်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

စကားများရာမှ တူမီးသေနတ်ဖြင့် ပစ်

diz_admin

October 16, 2020

ကော့သောင်းမြို့နယ်တွင် အမျိုးသားနှစ်ဦး စကားများရာမှ တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရဲမှတ်တမ်းအရ သိရသည်မှာ စူဘာလိုင်းကျေးရွာအုပ်စုရှိ ဥယျာဉ် ခြံတဲတွင် အောက်တိုဘာလ ၆ ရက်နေ့က အမျိုးသားလေးဦးထမင်းစားရန် ပြင်ဆင်နေခဲ့သည်။ ထိုစဉ် အမျိုးသားလေးဦးအနက်မှ နှစ်ဦးက ရော်ဘာရုံဆောက်ရန်နှင့် ရော်ဘာအစေးလှီးသည့်ကိစ္စဖြင့် စကားများခဲ့သည်။ စကားများရာမှ အသက် ၄၆ နှစ်အရွယ် အမျိုးသားကို သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် စိုးရိမ်ရသည့်ဒဏ်ရာ ရရှိခဲ့သည်။ ကော့သောင်းတွင် အိမ်ခြေခြောက်ရာခန့် လျှပ်စစ်မီးပေးနိုင်ရန်လျာထား သေနတ်ဖြင့်ပစ်သည့် အမျိုးသားမှာ ထွက်ပြေးသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်သည့်အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ-၃၀၇ ဖြင့် ကော့သောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ Dawei Watch

ကော့သောင်းတွင် အိမ်ခြေခြောက်ရာခန့် လျှပ်စစ်မီးပေးနိုင်ရန်လျာထား

diz_admin

October 16, 2020

ကော့သောင်းမြို့နယ်ရှိ ကျေးရွာလေးရွာမှ အိမ်ခြေခြောက်ရာခန့်ကို လျှပ်စစ်မီးပေးနိုင်ရန်အတွက်လျာထားပြီး လိုအပ်သောရန်ပုံငွေကို တင်ပြတောင်းခံထားကြောင်း ယင်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးငြိမ်းချမ်းက ပြောသည်။ ဘန်းကချွန်၊ ချမ်းဖန်း၊ မပုတေး၊ ပါဆယ်ပါညန်းကျေးရွာများရှိ အိမ်ထောင်စုများကို လျှပ်စစ်မီးပေးနိုင်ရန်အတွက် ထရန်စဖော်မာတပ်ဆင်နိုင်ရေး တိုင်းလျှပ် စစ်ဌာနသို့ တင်ပြထားခြင်းဖြစ်သည်။ ထရန်စဖော်မာတည်ထောက်ရန် ရန်ပုံငွေခွင့်ပြုပါက လျှပ်စစ်မီတာပုံးများအား အိမ်တိုင်းတွင် တပ်ဆင်ပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ရှေးဟောင်းရိုးရာ တနင်္သာရီ နဂါးလှေလှော်ပွဲတော်အား ကိုဗစ်အခြေ အနေကြည့် စီစဉ်မည် “ရန်ပုံငွေရမရကိုတော့ ဆယ်လပိုင်း(ယခုလ) မကုန်ခင်တော့သိရတော့ မှာပါ” ဟု ၎င်းကဆိုသည်။ လက်ရှိတွင် အထက်ဖော်ပြပါကျေး ရွာသားအချို့သည် လျှပ်စစ်မီးအတွက် ရွာမီးစက်နှင့် ဆိုလာကို အဓိကအားထားနေရကြောင်း ကော့သောင်းဒေသခံတစ် ဦးက ပြောသည်။ ဒီဇယ်ဈေးကြီးသည့်အချိန်ဆိုလျှင် ယင်းကျေးရွာများသည် လျှပ်စစ်မီးတစ်ယူနစ် ကို ကျပ်တစ်ထောင်အထိပေးပြီး သုံးစွဲရ […]