ကျောက်ငါးဈေး ထိုးကျ
diz_admin
December 8, 2020ကော့သောင်းဈေးကွက်နှင့် ထိုင်းနိုင်ငံဈေးကွက်တွင် ကျောက်ငါးဈေး ထိုးကျနေပြီး အရောင်းအဝယ်ရပ်ဆိုင်း လုနီးဖြစ်လာသည်ဟု ကော့သောင်း ဒေသခံအချို့နှင့် ရေလုပ်ငန်းလုပ်ကိုင် သူအချို့က ပြောသည်။ ပင်လယ်ရေပြင်တွင် ပေါ်နေသည့် ကျောက်ငါးနမူနာနှင့် ပင်လယ်ရေနမူနာ ကို ရန်ကုန် ငါးပညာဌာန၊ ရန်ကုန် တက္ကသိုလ်နှင့် ငါးလုပ်ငန်းဦးစီးဌာနသို့ နိုဝင်ဘာ ပထမအပတ်က ပေးပို့စစ်ဆေး ခဲ့သည်။ ယင်းဌာနသုံးခု၏ ဓာတ်ခွဲအဖြေ အရ ကျောက်ငါးတွင် အသည်းအနည်း ငယ်ကြီးနေပြီး ပင်လယ်ရေတွင် မာကျူရီ -ပြဒါး(Merucry) ပါဝင်မှုမှာ ရှိသင့်သည့်နှုန်းထက်မြင့်နေသည်ကို တွေ့ရှိရ သည်ဟု ငါးလုပ်ငန်းဦးစီးဌာနက နိုဝင်ဘာ ဒုတိယအပတ်က ထုတ်ပြန်ထားသည်။ ကော့သောင်းပင်လယ်ပြင်မှ ကျောက်ငါးများ စားသုံးရန်မသင့်ဟုဆို ယင်းသို့ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ကော့သောင်းဈေးကွက်နှင့် ထိုင်း နိုင်ငံဈေးကွက်တွင် ကျောက်ငါး ဝယ်သူနည်းသွားပြီး ဈေးနှုန်းသိသိသာသာ ထိုးကျသွားသည်ဟု ဒေသခံရေလုပ်သား […]


