ကော့သောင်းမင်္ဂလာဈေး ယခုနှစ်ကုန်တွင် စဆောက်မည်
diz_admin
November 6, 2020ကော့သောင်းမြို့၊ မင်္ဂလာဈေးကို ယခုနှစ်ကုန်တွင် စဆောက်ရန် မျှော်မှန်းထားကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ ရွှေဟင်္သာရပ်ကွက်ရှိ အဆိုပါဈေးကို ငွေကျပ်သိန်း ၁၅၀ဝ ခန့် အကုန်အကျခံကာ တည်ဆောက်မည်ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလတွင် စတင် တည်ဆောက်ရန် မျှော်မှန်းထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးစိန်ဝင်းက ဆိုသည်။ အဆိုပါဈေးကို သုံးလအတွင်း အပြီးတည်ဆောက်ရန် လျာထားကြောင်း ၎င်းက ပြောသည်။ ဈေးအဆောက်အအုံအား သံမဏိတိုင်ဖြင့် တည်ဆောက်မည်ဖြစ်ပြီး ၁၅ ပေအမြင့်ရှိကာ တစ်ထပ်တည်ဆောက် မည်ဖြစ်သည်။ ဈေးဆောက်လုပ်ပါက လက်ရှိ ရောင်းချနေသည့် ဈေးဆိုင်များအတွက် ယာယီရောင်းချရန် နေရာကိုလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် ယာယီဈေးပြောင်းရွှေ့ရန် အခက်အခဲရှိပြီး ယာယီဈေးသို့ ပြောင်းရွှေ့မည့်ကုန်ကျစရိတ်ကိုလည်း ကိုယ်တိုင် ကျခံနေရသည့်အတွက် အခက်အခဲရှိကြောင်း အဆိုပါဈေးတွင် […]


