စိတ်ကြွဆေးပြား ၄၀ဝ နီးပါး ဖမ်းမိ၊ ကွင်းဆက်အမျိုးသမီးတစ်ဦး ထွက်ပြေးနေဆဲ
diz_admin
November 18, 2020ကော့သောင်းမြို့နယ်တွင် စိတ်ကြွ ဆေးပြား ၄၀ဝ နီးပါးဖမ်းမိခဲ့ပြီး အမှုနှင့် ဆက်စပ်သည့် အမျိုးသမီးတစ်ဦး ထွက်ပြေးနေဆဲဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မာရမ်းနယ်မြေရဲစခန်းတွင် အမှု ဖွင့်ထားသည့် အခြားအမှုမှ မသင်္ကာ တရားခံတစ်ဦးဖြစ်သူ အသက် ၃၃ နှစ်အရွယ်အမျိုးသားကို လုံးဖော-အေးချမ်းသာလမ်းရှိ လုံးဖောတောင် ထိပ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က စောင့်ဆိုင်းနေစဉ် အခြားအမျိုးသားတစ်ဦးမောင်းနှင်ပြီး မသင်္ကာသူလိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ မသင်္ကာသူလွယ်ထားသည့် ဘေးလွယ်အိတ်ကိုရှာဖွေရာ WY စိတ်ကြွဆေး ၃၉၀ ပြား တွေ့ရပြီး အဆိုပါ အမျိုးသားကို စစ်မေးရာ ယင်းမူးယစ်ဆေးများကို လုံးဖောရွာနေ အမျိုးသမီးတစ်ဦးထံမှ ဝယ်ယူခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။ ယင်းအမျိုးသမီး၏ နေအိမ်ကို သွားရောက်ရှာဖွေရာ အဆိုပါအမျိုးသမီးမှာ တိမ်းရှောင်နေပြီး […]


