နှစ်နှစ်အတွင်း ဆင်သုံးကောင် အသတ်ခံရ၊ ဆင်နှင့် လူ စားကျက်လုရာမှ အသတ်ခံခြင်းဖြစ်နိုင်ဟုဆို
diz_admin
December 25, 2020ကော့သောင်းခရိုင်တွင် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း တောဆင်ရိုင်း သုံးကောင် အသတ်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တော ဦးစီးဌာနထံမှ သိရသည်။ ၂၀၁၉ ခုနှစ်မှ လက်ရှိအချိန်ထိ သတ်ဖြတ်ခြင်းခံရကြောင့် သေဆုံးခဲ့သည့် ဆင်ကောင်ရေဖြစ်သည်။ အသတ်ခံရသည့် ဆင်များ၏ အစွယ်၊ ခွာနှင့် နှာမောင်းကို ဖြတ်တောက်ယူဆောင်သွားခြင်းမရှိသည့်အတွက် ဆင်လိုက်မုဆိုးများ၏ သတ်ဖြတ်ခြင်းမဖြစ်နိုင်ကြောင်း သစ်တောဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်သိန်းထွန်းက သုံးသပ်သည်။ အခြားတိုင်းနှင့် ပြည်နယ်များတွင် ဆင်အသတ်ခံရပါက အစွယ်၊ နှာမောင်းများကို ဖြတ်တောက်ယူဆောင် သွားလေ့ရှိသည်။ ထိုကြောင့် လက်ရှိတွေ့ရသည့် အခင်းအကျင်းအရ ဆင်နှင့် လူကြားတွင် စားကျက်လုနေရသည့် ပဋိပက္ခကြောင့် သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါဒေသတွင် ဥယျာဉ်ခြံမြေဖော်ထုတ်မှုများပြားခြင်း၊ ဆီအုန်းစိုက် ခင်းများလာခြင်း အစရှိသည့် မြေအသုံးချမှုများလာသည့်အတွက် ဆင် စားကျက်များပျောက်လာကြောင်း ဦးမြင့်သိန်းထွန်းက […]


