ကော့သောင်းလေယာဉ်ကွင်း မြေယာလျော်ကြေး ငွေကျပ်သိန်းပေါင်း လေးသောင်းကျော် လျာထား
diz_admin
January 14, 2021ကော့သောင်းလေယာဉ်ကွင်းတိုးချဲ့မည့် ဧရိယာအတွင်း ပါဝင်နေသည့် နေအိမ်အဆောက်အအုံ၊ သီးနှံနှင့် မြေယာ လျော်ကြေးအတွက် ငွေကျပ်သိန်းပေါင်း လေးသောင်းကျော် လျာထားကြောင်း ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ နိုင်ငံတကာအဆင့်မီလေဆိပ်အဖြစ် တိုးချဲ့ရာတွင် သိမ်းဆည်းရမည့် မြေယာ၊ အဆောက်အအုံ၊ သီးနှံများအပေါ် လျော်ကြေးပေးရန် ပြီးခဲ့သည့် နှစ်ကတည်းကပင် စာရင်းကောက်ယူထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ဆိုသည်။ မြေယာလျော်ကြေးအတွက် ဒေသန္တရပေါက်ဈေး သတ်မှတ်ချက်များဖြင့် တွက်ချက်ပေးလျော်မည်ဖြစ်ပြီး အဆောက်အအုံ လျော်ကြေးကို စည်ပင် သာယာရေးနှင့် လမ်းဦးစီးဌာနတို့က တွက်ချက်ထားကြောင်း ၎င်းက ပြောသည်။ သီးနှံလျော်ကြေးအတွက်ကိုမူ စိုက်ပျိုးရေးဦးစီးဌာန၏ သတ်မှတ်ချက်များဖြင့် ပေးလျော်ရန် တွက်ချက်ထားသည်ဟု ဆိုသည်။ “(စာရင်းတွေကို) ကောက်ထားတာက မနှစ်လောက်ကတည်းက လိုက်ကောက်ထားတာ” ဟု ဦးဇော်လင်းထွန်း က ပြောသည်။ ဒေသခံတွေ ပွင့်လင်းမြင်သာစွာ ပြောဆိုပြီး […]


