နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် မြန်မာရွှေ့ပြောင်းလုပ်သားရာချီ အလိမ်ခံရ
diz_admin
February 4, 2021နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် ထိုင်းနိုင်ငံ၊ ကော့စမွေကျွန်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားရာချီ အလိမ်ခံနေရကြောင်း ထားဝယ်ဒေသခံ ရွှေ့ပြောင်းလုပ်သားအချို့ထံမှ သိရသည်။ အဆိုပါကျွန်းပေါ်ရှိ ထိုင်းပွဲစား ကုမ္ပဏီတစ်ခုက မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ ငွေကြေးနှင့် နိုင်ငံကူး လက်မှတ်၊ အလုပ်လုပ်ခွင့်ပါမစ် အစရှိသည့် အထောက်အထားများကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက သက်တမ်းတိုးပေးရန်အတွက် ပေးထားကြကြောင်း ဦးဆောင်ကူညီပေးနေသည့် ကိုရန်ကျော်က ဆိုသည်။ အဆိုပါ အထောက်အထားများအပြင် တစ်ဦးလျှင် ထိုင်းဘတ်ငွေ တစ်သောင်းခွဲဝန်းကျင်စီ ပေးထားရကြောင်း ၎င်းက ပြောသည်။ ထိုသို့ ပေးပြီးနောက်ပိုင်းတွင် ယင်းပွဲစားကုမ္ပဏီနှင့် အဆက်အသွယ် မရတော့ဘဲ အထောက်အထားစာအုပ်များလည်း မရသေးကြောင်း ကိုရန်ကျော် က ဆိုသည်။ သို့သော် သက်တမ်းတိုးရန် အဆိုပါ အေဂျင်စီနှင့် အပ်ထားသည့် ရွှေ့ပြောင်း လုပ်သားအချို့မှာ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) ဆေးရုံဘတ် (ဆေးကုသခွင့်) […]


