တနင်္သာတိုင်းတွင် သနပ်ခါးအကြောင်း စစ်တမ်းကောက်မည်
diz_admin
February 25, 2020အခြားပြည်နယ်နှင့် တိုင်များတွင် ကောက်ယူနေသည့်အတိုင်း တနင်္သာရီ တိုင်းတွင်လည်း မြန်မာ့ရိုးရာ သနပ်ခါး အကြောင်းကို ဖေဖော်ဝါရီလ လကုန် ပိုင်းတွင် စတင်စစ်တမ်းကောက်မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ထားဝယ် ဌာနခွဲ)ထံမှ သိရသည်။ တိုင်းအတွင်း သနပ်ခါးအပင်များ စိုက်ပျိုးသည့်နေရာ၊ ရောင်းချသည့်နေရာ နှင့် သနပ်ခါးလိမ်းပွဲကဲ့သို့သော ပွဲတော်များ ကျင်းပနေခြင်းရှိမရှိ အချက်သုံး ချက်ကို ကောက်ယူမည်ဖြစ်ကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သနပ်ခါးသည် မြန်မာ့ရိုးရာဓလေ့ တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှုစာရင်း တွင် ထည့်သွင်းနိုင်ခြင်း မရှိသေးဘဲ အိမ်နီးချင်း ထိုင်း နိုင်ငံတွင်မူ သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းသွင်းကာ ယူနက်စကိုအဖွဲ့ထံ တင်သွင်းထား နိုင်ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ယူနက်စကိုတွင် […]


