ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း

ပါချန်လင်းပိုင် ထိန်းပေးကြပါ

diz_admin

January 30, 2020

ကော့သောင်းမြို့နယ်ထိုင်း-မြန်မာ နယ်ခြား ပါချန်မြစ်ရိုးတစ်လျှောက် နေထိုင်ကျက်စားနေသည့် လင်းပိုင်တို့ကို ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း ပါချန်မြစ် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏အတွင်းရေးမှူး ဦးမျိုးဇော်ဦးက ပြောသည်။ ဒေသခံများနှင့် မြစ်အတွင်းသားငါး ရှာဖွေသူများက လင်းပိုင်ကို တမင်တကာ ဖမ်းဆီးသတ်ဖြတ်ခြင်း မရှိသော်လည်း ၎င်းလင်းပိုင်တို့က ငါးဖမ်းပိုက်များတွင် တိုးဝင်သေဆုံးခြင်း၊ ပိုက်တွင်မိလာသည့် လင်းပိုင်များကို ပြန်မလွှတ်ခြင်းတို့ ပြု လုပ်မည်ကို စိုးရိမ်ရကြောင်း ဦးမျိုးဇော်ဦးက ပြောသည်။ သို့ကြောင့် အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရတာဝန်ရှိသူများက ပါချန် လင်းပိုင်ကို ထိန်းသိမ်းခြင်း၊ ထိန်းသိမ်းရန် ဒေသခံများကို အသိပညာပေးခြင်းတို့ လုပ်ဆောင်စေလိုကြောင်း ၎င်းက ပြောသည်။ “သူတို့(လင်းပိုင်းတွေ)ကို ဘယ်သူမှ အန္တရာယ်မပြုပါဘူး။ ဒါပေမယ့် မြစ်ထဲချထားတဲ့ ပိုက်တန်းတွေမှာမိပြီးသေဆုံးတာတွေ ရှိရင်ရှိမှာပေါ့။ ဒေသခံတွေကို အသိပညာပေး လိုက်လုပ်ရင်တော့ ပိုကောင်းတာပေါ့”ဟု ဦးမျိုးဇော်ဦးက ပြောသည်။ ပါချန်လင်းပိုင်အဖြူနှင့်အမည်း […]

တပ်မတော်က တရားစွဲထားမှု ရှေ့နေဦးကြီးမြင့်နှင့် ကဗျာဆရာ စောဝေတို့ ကော့သောင်းတွင် အမှုရင်ဆိုင်မည်

diz_admin

January 30, 2020

တပ်မတော်ကတရားစွဲထားသည့်ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် အမှုတွဲတရားလွှတ်တော်ရှေ့နေဦးကြီးမြင့်နှင့်ကဗျာဆရာစောဝေတို့က ကော့သောင်းတရားရုံးတွင် အမှုရင်ဆိုင်သွားမည်ဟု ရှေ့နေဦးကြီးမြင့်က ပြောသည်။ ကော့သောင်းမြို့တွင် ၂၀၁၉ခုနှစ် ဧပြီလက ပြုလုပ်ခဲ့သည့်”၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ကော်မတီထောက်ခံပွဲ”တွင် ဟောပြောချက်များက နိုင်ငံတော်ကိုအကြည်ညိုပျက်စေသည် ဟုဆိုကာ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ၅၀၅ (က) ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။ အမှုတွဲပါ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဇန်နဝါရီလ၂၀ရက်က ကော့သောင်းတရားရုံးသို့ ရုံးထုတ်ခဲ့သည်။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်မှာ တိုက် ကြီး၊ ဝါးခယ်မ၊ ခင်ဦးမြို့နယ်တို့တွင် ဟောပြောမှုများက နိုင်ငံတော်အကြည် ညိုပျက်စေသည်ဟုဆိုကာ မြို့နယ်တရားရုံး အသီးသီးက စုစုပေါင်း ထောင်၄ နှစ် ချမှတ်ထားပြီး အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသည်။ ယခု ကော့သောင်းတွင် အမှုရင်ဆိုင်ရန် အင်းစိန်အကျဉ်းထောင်မှကော့ သောင်းအကျဉ်းထောင်သို့ လွှဲပြောင်းရောက်ရှိလာပြီး ဇန်နဝါရီ […]

၁၃ နှစ်သား မောင်းလာသည့် ဆိုင်ကယ် ကလေးကို ဝင်တိုက်

diz_admin

January 29, 2020

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းတွင် ၁၃ နှစ်သား မောင်းနှင်လာသည့်ဆိုင်ကယ်က ကစားနေသည့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အလယ်မန်ကျေးရွာတွင် ဇန်နဝါရီ လ ၁၄ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယောက်ျားလေး မောင်းနှင်လာသည့် Dream-၁၂၅ ဆိုင်ကယ်က အိမ်ရှေ့တွင် ကစားနေသည့် မိန်းကလေးကို ဝင်တိုက် ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဆိုင်ကယ်တိုက်မိခြင်းကြောင့် ကစား နေသည့် မိန်းကလေးငယ်တွင် မစိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ပြီး ဘုတ်ပြင်းဆေးရုံသို့ တင်ပို့ကုသထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးကို ဘုတ်ပြင်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ- ၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ […]

ကော့သောင်းလွတ်လပ်ရေး ကျောက်တိုင်ရင်ပြင် စပြင်

diz_admin

January 29, 2020

ကော့သောင်းမြို့၏အထင်ကရနေရာ တစ်ခုဖြစ်သည့်လွတ်လပ်ရေး ကျောက် တိုင်ရင်ပြင်ကို စပြင်နေပြီ ဖြစ်သည်။ ယခင်က ကာရံထားသည့် မြေနံရံ များပြိုကျခြင်း၊ ပုံစံကခေတ်မမီတော့ခြင်းတို့ကြောင့် ပြန်လည်ပြင်ဆင်ခြင်း ဖြစ်ကြောင်း ကော့သောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။ ကျောက်တိုင်ကိုတော့ ဘာမှမလုပ်ဘူး။ ဘာမှလုပ်လို့မရဘူး”ဟု ဦးတင်မြင့်က ပြောသည်။ ကော့သောင်းခရိုင်၏စီးပွားရေးကို ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးဖြင့် ဆွဲတင်မည်ဟု တနင်္သာရီတိုင်းအစိုးရက မူဝါဒ ချထားသည်။ Dawei Watch

ကော့သောင်းရေပြင် မိုင် ၇၀ ပတ်လည်ခန့် ငါးဖမ်းခွင့် အကန့်အသတ်မရှိပိတ်၊ ရေလုပ်သားတို့ အကြပ်ရိုက်

diz_admin

January 28, 2020

မြန်မာနိုင်ငံတောင်ပိုင်းရှိ အဓိက ငါးဖမ်းကွက်များအနက် တစ်ခုဖြစ်သော ကော့သောင်းပင်လယ်ရေပြင် မိုင် ၇၀ ပတ်လည် (စတုရန်းမိုင် ၄၉၀၀) ခန့်တွင် ကမ်းဝေးငါးဖမ်းလှေများ ငါးဖမ်းခွင့် အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၀ ဒီဂရီနှင့် ၁၁ ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၃၀ မှ ၉၈ ဒသမ ၃၀ ဒီဂရီ ကြား ငါးဖမ်းခွင့် ပိတ်လိုက်ကြောင်း ကော့သောင်းခရိုင်ငါးလုပ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကမ်းခြေအနီးမှ အနောက်ဘက်စူးစူး မိုင် ၇၀ ခန့်၊ ကရသူရိမြို့အနီး ကော့ရဲကြီးကျွန်းမှ အနောက်ဘက်စူးစူး မိုင် ၇၀ ခန့်အတွင်း ကမ်းဝေးလှေများ ငါးဖမ်းခွင့် ပိတ်လိုက်ခြင်း ဖြစ်သည်။ […]

ပင်လယ်ပြင်တွင် လှေသားက ပဲ့နင်းကို ဓားဖြင့် ထိုးသတ်

diz_admin

January 21, 2020

ကော့သောင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ် ပင်လယ်ပြင်တွင် လှေသားက ပဲ့နင်းကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ လှေသား ၁၆ ဦးပါသည့် ဝါလပ် ငါးဖမ်းလှေသည် လငန်းကျွန်း အရှေ့ ဘက် ရေမိုင် ၆ မိုင်ခန့်အကွာတွင် စက်ချို့ယွင်းသွားသည့် အတွက် အခြား လှေတစ်စီးကို အကူအညီတောင်းကာ မြိတ်မြို့သို့ ကြိုးဖြင့် ဆွဲလာကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ဆွဲလာစဉ် ဇန်နဝါရီလ ၁၀ ရက် နံနက်စောစောတွင် ပဲ့နင်းကြီးဖြစ်သူက အသက် ၄၁ နှစ်အရွယ် ညီဖြစ်သူ ပဲ့နင်း ငယ်ကို ပဲ့ကိုင်စေခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ထိုအချိန်တွင် မြိတ်မြို့နေ အသက် ၃၇ နှစ်အရွယ်ရှိ လှေသားဖြစ်သူက ဓားမြှောင်ကိုင်ကာ ပဲ့နင်းခန်းအတွင်း […]

မတ်လအထိ ကျောင်းဖွင့်မည်ကို ဘုတ်ပြင်းမှ ဆရာအချို့ ဆန္ဒပြရန် စီစဉ်

diz_admin

January 21, 2020

မတ်လအထိ အခြေခံပညာကျောင်း များ ဖွင့်လှစ်မည်ဆိုသည့် ကိစ္စနှင့်ပတ်သက် ပြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရှိ ဆရာ၊ ဆရာမအချို့က ဆန္ဒထုတ် ဖော်ရန် စီစဉ်နေကြောင်း ဦးဆောင်နေသူ အချို့ထံမှ သိရသည်။ ဇန်နဝါရီလ ၂၅ ရက်တွင် ဆန္ဒပြရန် ယာယီသတ်မှတ်ထားပြီး လက်ရှိတွင် ဆန္ဒထုတ်ဖော်မည့် ဦးဆောင်ကော်မတီ ကို အဖွဲ့ဝင် လေးဦးဖြင့်ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဦးဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် မူလတန်းပြ ဦးကိုကိုအောင်က ပြောသည်။ “တချို့က ဆရာတွေကကျတော့ စိတ်ဝင်စားတယ်။ တချို့ကျောင်းတွေ ကျတော့ လုပ်လို့မဖြစ်ဘူးထင်တယ်ဆိုတဲ့ ဆရာမတွေလဲ ရှိပါတယ်။ တချို့ကျောင်း တွေမှာဆို နှစ်ယောက်ရှိရင် တစ်ယောက် လောက်ကတော့ စိတ်ဝင်စားမှုရှိတယ်” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ဆန္ဒပြရာတွင်ပါမည့် ဆရာ၊ ဆရာများကို […]

ဘုတ်ပြင်းတွင် တောဆင်ရိုင်းတစ် ကောင်အသတ်ခံရ

diz_admin

January 21, 2020

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ နယ်တွင်တောဆင်ရိုင်းတစ်ကောင်အ သတ်ခံရပြီးအမြီးဖြတ်ယူဆောင်သွား ကြောင်းဘုတ်ပြင်းမြို့နယ်၊ သစ်တော ဦးစီးဌာနနှင့် ဒေသခံများထံမှသိရသည်။ ပြည်ကြီးမဏ္ဍိုင်၊ ထောင်ငါးသိုင်း ကျေးရွာအုပ်စု၊ ဝါးဒင်းကျေးရွာအနီး၌ ဇန်နဝါရီ ၁၄ရက်ခန့်ကအသတ်ခံရသည် ဟုယူဆရပြီး၄ပေ ခန့်ရှိသည့်ဆင်အမြီး တစ်ချောင်းကိုဖြတ်ကာယူဆောင်သွားကြောင်းဘုတ်ပြင်း မြို့နယ်တောအုပ် ဦးလွင်ပိုင်စိုးက ပြောသည်။ အလျား၁၀ပေနှင့် အမြင့်၈ပေ၊ ခန့် မှန်း အသက်၂၀ကျော်ခန့် ရှိသည့်အဆိုပါ တောဆင်ရိုင်းသည် ဝါးဒင်းရွာအနီးကား လမ်းမနှင့် မနီးမဝေးတွင်သေဆုံးနေသည်ကို တွေ့ရပြီးဆင်၏ဘယ်ဘက်နံကြားနှင့် ဘယ်နားရွက်အောက်တွင်အဆိပ်လူးမြား ဒဏ်ရာ၂ချက်ကိုစစ်ဆေးတွေ့ရှိရကြောင်း တောအုပ်က ပြောပြသည်။ “အရေခွံခွာယူဖို့တော့ထင်တာပဲ။ လူသိသွားလို့အချိန်မရလိုက်ဘဲ အမြီးပဲ ယူသွားတဲ့သဘောလို့ယူဆတယ်”ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်တွင်ဆင်ကိုမီးရှို့ကာ အကြွင်းအကျန်များကိုမြှုပ်ပြီး ပြည်ကြီး မဏ္ဍိုင်ရဲစခန်းတွင် သစ်တောဥပဒေပုဒ်မ ၄၁ က ဖြင့်အမှုဖွင့်ထားသည်ဟု တော အုပ်ဦးလွင်ပိုင်စိုး ထံမှသိရသည်။ “တရားခံမိဖို့လည်းချိတ်ဆက်ပြီးသတင်းစုံစမ်းနေပါတယ်”ဟု၎င်းက ပြောသည်။ လွန်ခဲ့သည့်၃ရက်ခန့်က […]