တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
June 23, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၁၇ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ အမေရိကန်-အိန္ဒိယ ခေါင်းဆောင်များ အိမ်ဖြူတော်တွင် တွေ့ဆုံ အမေရိကန်နှင့် အိန္ဒိယခေါင်းဆောင်နှစ်ဦးက ဇွန်လ ၂၂ ရက်နေ့မှာ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ မိတ်ဆွေအဖြစ် ခိုင်မာအောင် ကြိုးစားမှာ ဖြစ်တယ်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ နှစ်နိုင်ငံ ဆွေးနွေးမှုတွေနဲ့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေက ကျနော်တို့ရဲ့ ကမ္ဘာမှာ ဗျူဟာကျတဲ့ မိတ်ဆွေတွေအနေနဲ့ စာမျက်နှာသစ် ဖွင့်လွှင့်နိုင်ခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ်က ပြောကြားထားပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင်ကလည်း အမေရိကန်နဲ့ အိန္ဒိယတို့ဟာ လူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတိုင်းအတွက် ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။ ရုရှားနဲ့ […]


