ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဂျပန် နှင့် တောင်ကိုရီးယားနှစ်နိုင်ငံ သံတမန်ဆက်ဆံ​ရေး ပိုမိုမြှင့်တင်ရန် ကြိုးပမ်းမည်

Dawei Watch

May 10, 2023

သမိုင်းဝင်အငြင်းပွားမှုများကို ချန်ထားခဲ့ကာ တောင်ကိုရီးယားနှင့် ဂျပန် နှစ်နိုင်ငံအကြား နက်ရှိုင်းလာသည့် သံတမန်ရေး ဆောင်ရွက်ချက်များကို အလေးပေးကြိုးပမ်းရန် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောလ် က မေလ ၇ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါနေ့တွင် တောင်ကိုရီးယားနိုင်ငံ ၊ မြို့တော် ဆိုးလ်သို့ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒ အား ကြိုဆိုလက်ခံတွေ့ဆုံစဉ် ယခုလို ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများနှင့် တရုတ်နိုင်ငံထံမှ ပြိုင်ဆိုင်မှုများကို ပိုမိုကောင်းမွန်စွာ ထိပ်တိုက်ရင်ဆိုင်ရန် နည်းလမ်းတစ်ခုအနေဖြင့် သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တောင်ကိုရီးယား နှင့် ဂျပန် နှစ်နိုင်ငံ ခေါင်းဆောင်များက ကတိပြုခဲ့ကြသည်။ ထို့ပြင် ဤသို့ ခေါင်းဆောင်များ၏ ကတိကဝတ်ကို အမေရိကန်အစိုးရက ကြိုဆိုခဲ့သည်။ ကီရှီဒ ၏ ဝန်ကြီးချုပ်အဖြစ် ဆိုးလ်မြို့သို့ ခရီးစဉ်သည် ပြီးခဲ့သည့် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

April 28, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ နှစ် ၇၀ မဟာမိတ်အဖြစ် တောင်ကိုရီးယားသမ္မတ အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြော နှစ်နိုင်ငံ မဟာမိတ်ဖြစ်တည်တဲ့ အနှစ် ၇၀ မြောက် အထိမ်းအမှတ်ကာလကို ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် ဒီမိုကရက်တွေရော ရီပတ်ဘလစ်ကင် ပါတီဝင်တွေကိုပါ ကျေးဇူးတင်တယ်လို့ ဧပြီလ ၂၇ ရက်နေ့ အမေရိကန်လွှတ်တော်မှာ တောင်ကိုရီးယားသမ္မတ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။   တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံကြား မိတ်ဆွေဖြစ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု သက်တမ်း အနှစ် ၇၀ ရှိလာတာအတွက် အမေရိကန်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပွဲမှာ ချီးကျူးဂုဏ်ပြုလိုက်တာပါ။ […]

ဘတ်ငါးသောင်းနှင့်အထက် ငွေလွှဲငွေထုတ်ပြုလုပ်သူများကို မျက်နှာဓါတ်ပုံမှတ်တမ်းရယူရန် ထိုင်းဘဏ်ကြီးများစီစဉ်

diz_admin

April 27, 2023

ထိုင်းနိုင်ငံ ဘဏ်ကြီးအများစုက လာမည့်မေလမှစ၍ ငွေကြေးလိမ်လည်မှုများနှင့် အလွဲသုံးစားအလုပ်ခံရမှုများမှ ကာကွယ်နိုင်ရန်အတွက် ဘတ်ငါးသောင်းနှင့်အထက် ငွေလွှဲငွေထုတ်ပြုလုပ်သူများကို မျက်နှာအား ဓါတ်ပုံရိုက်ယူ မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း ထိုင်းတရားရေးကျွမ်းကျင်သူ Steven Sanyu က ယနေ့တွင် ရေးသားလိုက်သည်။ အဆိုပါအစီအစဉ်ကို ဘန်ကောက်ဘဏ်၊ ကစီကွန်ဘဏ်ကဲ့သို့ နိုင်ငံတော်အဆင့် ဘဏ်ကြီးများက လာမည့် မေလမှစတင်ကာ မိတ်ဆက်အသုံးပြုရန် စီစဉ်ထားကြောင်း Bangkok Post ကလည်း မနေ့က ဖော်ပြထားသည်။ ထိုင်းနိုင်ငံရှိ အလတ်စား၊ အသေးစားဘဏ်လုပ်ငန်းများကလည်း ယင်းအစီအစဉ်ကို လာမည့် ဇွန်လတွင် နောက်ဆုံးထား လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ သုံးစွဲသူများ၏ ဇီဝလက္ခဏာသက်သေပြချက်များကို ရယူထားရမည့် အဆိုပါအစီအစဉ်ကို ဇွန်လတွင် ဘဏ်အားလုံးက စတင်အသုံးပြုရန် ထိုင်းနိုင်ငံ ဗဟိုဘဏ်မှ ပြီးခဲ့သော မတ်လက ပြောကြားခဲ့ပြီးနောက် ဘဏ်ကြီးများက လာမည့်လတွင် စတင်ရန် စီစဉ်လာခြင်းဖြစ်သည်။ ဘတ် ငါးသောင်းနှင့်အထက် မိုဘိုင်းငွေကြေးလွှဲပြောင်းမှု […]

ကင်ဂျုံအန်၏ ချစ်လှစွာသော ကလေးကြောင့် မြောက်ကိုးရီးယားတွင် ပြည်သူများ၏ မကျေနပ်မှု မြင့်တက်ဟုဆို

diz_admin

April 27, 2023

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ “အချစ်ဆုံးကလေး” ဂျူအယ်သည် တန်ဖိုးကြီးသော အဝတ်အစားနှင့်အတူ စည်းစိမ်အပြည့်နေထိုင်နေမှုမှာ အငတ်ဘေးကို ဖြတ်သန်းနေကြရသည့် မြောက်ကိုရီးယားပြည်သူများအတွက် မကျေမနပ်ဖြစ်မှုကို မြင့်တက်လာစေသည်ဟု တောင်ကိုရီးယားမှ လွှတ်တော်အမတ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “မြောက်ကိုရီးယားနိုင်ငံသားအများစုဟာ ပြင်းထန်တဲ့ ကန့်သတ်ချုပ်ချယ်မှုအောက်မှာ နေထိုင်နေ ကြရပါတယ်။ ဒါကြောင့် ခေတ်မီအဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ဂျူအယ် ရဲ့ ပျိုမြစ်မှုပုံရိပ်က ပြည်သူတွေကို စိတ်ပျက်စေတာပါ” ဟု တောင်ကိုရီးယားနိုင်ငံ ၊ အမျိုးသား လွှတ်တော် ဆိုင်ရာ ထောက်လှမ်းရေးကော်မတီ၏ အမှုဆောင်အတွင်းရေးမှူး ယူးဆန်းဘုမ်း  က ပြောကြားခဲ့သည်။ ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး တံခါးပိတ်သတင်းစာရှင်းလင်းပွဲတွင် ယူး၏ပြောကြားမှုအရ လက်ရှိတွင် အသက် ၁၀နှစ်ဟု ယူဆရသည့် ဂျူအယ်သည် နှင်းလျှောစီးခြင်းနှင့် မြင်းစီးခြင်း ကဲ့သို့သော ငွေကုန်ကြေးကျများသည့် ကိစ္စများကို ပိုင်ဆိုင်ထားပြီး ပညာသင်ကြားမှုကိုမူ နေအိမ်မှသာ ဆောင်ရွက်ကြောင်း […]

မြောက်ကိုရီးယား ဒုံးကျည်ရန်ကြောင့် ဂျပန်တွင် စစ်ရေးသတိရှိရန် ညွှန်ကြား

diz_admin

April 24, 2023

မြောက်ကိုရီးယားက ၎င်း၏ ပထမဆုံး စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုလ်တုကို ပစ်လွှတ်ရန် အသင့်ဖြစ်နေကြောင်း နိုင်ငံပိုင်မီဒီယာ မှတစ်ဆင့် ယခုသီတင်းပတ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဤဖြစ်စဉ် အပြီး မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်ကို ပစ်ချနိုင်ဖို့ရာ ပြင်ဆင်ထားကြရန် ဂျပန်အစိုးရ က ၎င်း၏ စစ်တပ်ကို ဧပြီလ ၂၂ရက်နေ့တွင် အမိန့်ပေးခဲ့ကြောင်း သိရသည်။ ယင်းဂြိုဟ်တုကို ပတ်လမ်းတွင်းသို့ ချထားနိုင်ရန် တာဝေးပစ်ဒုံးကျည် နည်းပညာကို စမ်းသပ်ရမည် ဖြစ်သည့်အတွက် တားမြစ်ခံထားရသည့် မြောက်ကိုရီးယား အနေနှင့် ဤအခြေအနေကို အသုံးပြုကာ တာဝေးပစ် ဒုံးကျည်ဆိုင်ရာ နည်းပညာစမ်းသပ်မှု ဆောင်ရွက်ဖွယ်ရှိကြောင်း ကုလသမဂ္ဂက ရှုမြင်ထားသည်။ ဧပြီလ ၂၂ရက်နေ့တွင် ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ယာဆာကူဆူ ဟာမာဒါ က နိုင်ငံ၏ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့အား ပဲ့ထိန်းဒုံးကျည်များနှင့် အခြားသော အရာများကို […]

ထိုင်းတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း တိုးလာဖွယ်ရှိ၊ မိုးရာသီတွင် ပိုဆိုးလာနိုင်ဟုထုတ်ပြန်

diz_admin

April 23, 2023

ထိုင်းနိုင်ငံတွင် ဆုန်ခရန် ရေသဘင်ပွဲတော်ကို လူစုလူဝေးနှင့် ပြန်လည်ကျင်းပခဲ့ပြီးနောက် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပိုမိုတိုးမြင့်လာနိုင်ဖွယ်ရှိပြီး ယင်းဗိုင်းရပ်စ်သည် ရာသီအလိုက် ဖြစ်တတ်သည့် ကူးစက်ရောဂါများကဲ့သို့ စိုးရိမ်စရာဖြစ်လာကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ခဲ့သည်။ “ကူးစက်ရောဂါဗေဒဌာနခွဲရဲ့ တွေ့ရှိမှုအရ ကိုဗစ်-၁၉က တုပ်ကွေးလိုမျိုး ရာသီအလိုက် ကူးစက်နိုင်တဲ့အနေအထား ရှိနေပါတယ်” ဟု ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တာရက်စ် ကရက်ဆာနိုင်ရာဝီဝုန် က ပြောကြားခဲ့သည်။ ထို့အပြင် မကြာမီလာတော့မည့် မိုးရာသီမှာလည်း ကိုဗစ်-၁၉ ကူးစက်မှု ပိုမိုတွေ့ရှိလာနိုင်ဖွယ် ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။ “ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေကို မိုးရာသီမစတင်မီ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးကြဖို့အတွက် တိုက်တွန်းပေးစေချင်ပါတယ်” ဟု ဒေါက်တာ တာရက်စ် က ပြောကြားခဲ့သည်။ ကျန်းမာရေး […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

April 22, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကနေဒါလေဆိပ်မှာ ဒေါ်လာ ၁၅ သန်းခန့်တန်ဖိုးရှိ ရွှေဖောက်ထွင်းမှုတစ်ခု ဖြစ်ပွား ကနေဒါနိုင်ငံသမိုင်းမှာ ကြီးမားသော ဒေါ်လာ ၁၅ သန်းခန့် တန်ဖိုးရှိ ရွှေဖောက်ထွင်းမှုတစ်ခု တိုရွန်တိုပီယာဆင်နိုင်ငံတကာလေဆိပ် (Toronto Pearson International Airport) မှာ ဖြစ်ပွားခဲ့ပါတယ်။ ဧပြီလ ၁၇ ရက်နေ့က အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် တန်ကြေးရှိတဲ့ ရွှေနဲ့ အဖိုးတန်ပစ္စည်းတွေ ခိုးယူခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်တာပါ။ ထိုလေဆိပ်က အွန်တာရီယိုပြည်နယ်မှာ တူးဖော်ရရှိတဲ့ ရွှေတွေကို ပို့ဆောင်ဖို့ အသုံးပြုနေကျ နေရာဖြစ်ပါတယ်။ အဲဒီနေ့ ညနေက လေယာဉ်ပေါ် […]

တရုတ်နှင့် တင်းမာမှုမြင့်နေသော်လည်း အမေရိကန်သမ္မတနှင့် ဖိလစ်ပိုင်ခေါင်းဆောင်တို့ တွေ့ဆုံမည်

diz_admin

April 22, 2023

ထိုင်ဝမ် ကြောင့် တရုတ် နှင့် အမေရိကန် ၊ နှစ်နိုင်ငံအကြား ပိုမိုတင်းမာနေသည့်အချိန်တွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဖိလစ်ပိုင်သမ္မတ ဖာဒီနန်အာ – မားကို့စ်ဂျူနီယာ ကို မေလ ၁ ရက်နေ့တွင် အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံသွားမည် ဖြစ်သည်။ ဤတွေ့ဆုံမှုကို နှစ်နိုင်ငံကြား နွေးထွေးသော သံယောဇဉ် ပြယုဂ်အဖြစ် သတ်မှတ်ဆောင်ရွက်မည် ဖြစ်သည်။ ဘိုင်ဒင်သည် ဖိလစ်ပိုင်နိုင်ငံ၏ ကာကွယ်ရေးအတွက် အမေရိကန်၏ သံမဏိပမာ မြဲမြံသော ကတိကဝတ်ကို ထပ်မံအတည်ပြုသည့်အနေနှင့် ယခုလို လက်ခံတွေ့ဆုံမည် ဖြစ်သည်။ ယင်းတွေ့ဆုံမှုတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များသည် ကာလရှည်ကြာ အမေရိကန်-ဖိလစ်ပိုင် မဟာမိတ်ဖွဲ့မှုကို အားကောင်းစေမည့် ကြိုးပမ်းမှုများကို ဆွေးနွေးမည်ဖြစ်ကြောင်း အိမ်ဖြူတော် ၏ ပြန်ကြားရေးအတွင်းဝန် ကာရင်းယွန်ပီးယား (Karine Jean-Pierre) […]