ပြင်သစ်အောက်လွှတ်တော်ရွေးကောက်ပွဲတွင် လက်ဝဲစွန်း၊ လက်ယာစွန်း အင်အားစုများ နေရာပိုရလာ
diz_admin
June 20, 2022သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရပြီးနောက် ၂ လခန့်အကြာတွင် သမ္မတမက်ခရွန်၏ အင်အားစုသည် အောက်လွှတ်တော်ရွေးကောက်ပွဲ ရလဒ်အရ ထိန်းချုပ်ထားနိုင်မှုများ ဆုံးရှူံးရပြီး လက်ဝဲမဟာမိတ်များ နှင့် လက်ယာစွန်း နိုင်ငံရေး သမားများ သိသိသာသာ အင်အားရရှိလာကြောင်း BBC သတင်းက ဖော်ပြထားသည်။ ပြင်သစ်သမ္မတသည် မဲဆန္ဒရှင်များကို ၎င်း၏ မဟာမိတ်အင်အားစုအား ဆက်လက်ထိန်းချုပ်ခွင့်အတွက် ခိုင်မာသော အများစုမဲပေးကြပါရန် တောင်းဆိုခဲ့သေးသည်။ သို့သော် သမ္မတမက်ခရွန်၏ အလယ်အလတ် ညွန့်ပေါင်းအဖွဲ့သည် ရွေးကောက်ပွဲတွင် ဒါဇင်များစွာသော မဲဆန္ဒနယ်များ၌ ရှူံးခဲ့ပြီး ပြင်သစ်နိုင်ငံရေး အင်အားစုများလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။ ခေတ်သစ်ပြင်သစ် အောက်လွှတ်တော်တွင် ယခုကဲ့သို့ အနေအထား မဖြစ်ခဲ့ဖူးကြောင်း ဝန်ကြီးချုပ် အဲလိဇဘတ်ဘော်နီ က သမ္မတနန်းတော် အစည်းအဝေး အပြီးတွင် ပြောကြားခဲ့သည်။ “ယခုအခြေအနေဟာ တိုင်းပြည်အတွက် အန္တရာယ်ရှိပါတယ်။ ပြည်တွင်းရေး ရော […]


