ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ထိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဝါရင့်နိုင်ငံရေးသမားကို ရွေးချယ်ရန် အနိုင်ရပါတီနှင့် မဟာမိတ်များဆုံးဖြတ်

Dawei Watch

July 4, 2023

ထိုင်းလွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အနိုင်ရပါတီဖြစ်သော Move Forward ပါတီနှင့် မဟာမိတ်ပါတီများက ထိုင်းတောင်ပိုင်းအခြေစိုက်ထားသော Prachachart ပါတီခေါင်းဆောင် ဝါရင့်နိုင်ငံရေးသမားတစ်ဦးကို သဘောတူရွေးချယ်ခဲ့ကြောင်း သိရသည်။ ထိုင်းတောင်ပိုင်းပါတီဖြစ်သော Prachachart ပါတီခေါင်းဆောင် Wan Mohamad Noor Matha ကို လွှတ်တောင်ဥက္ကဋ္ဌအနေဖြင့် Move Forward ပါတီဦးဆောင်ထားသော ညွန့်ပေါင်းပါတီ ၈ ပါတီက ရွေးချယ်လိုက်ခြင်းဖြစ်သည်။ လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် ညွန့်ပေါင်းပါတီကြီးများဖြစ်သော Move Forward ပါတီနှင့် Pheu Thai ပါတီနှစ်ပါတီ အချေအတင်ဖြစ်မှု အဆုံးသတ်အဖြေရှာသည့်အနေဖြင့် ၎င်းကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ရွေးချယ်ခံရသော Wan Noor ကို ညွန့်ပေါင်းပါတီ ၈ ပါတီစလုံးက သဘောတူခဲ့ကြောင်း သိရသည်။ လွှတ်တော် ဒုဥက္ကဋ္ဌနေရာများအတွက် Move Forward ပါတီက တစ်နေရာနှင့် Pheu Thai ပါတီက တစ်နေရာစီ ရယူထားကြောင်း သိရသည်။ အသက် ၇၉ နှစ်အရွယ်ရှိ Wan Noor သည် လွှတ်တော်ဥက္ကဋ္ဌနေရာကို ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ လုပ်ခဲ့ဖူးသူဖြစ်ပြီး အမတ်နေရာအတွက် ၉ ကြိမ်မြောက်ရွေးချယ်ခံရသူဖြစ်သည်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ Wahdah အုပ်စု၏ […]

သီရိလင်္ကာမှာ နှိပ်စက်ခံနေရတဲ့ ထိုင်းနိုင်ငံကဆင်ကြီး အိမ်ပြန်နိုင်ခဲ့ပြီ

Dawei Watch

July 3, 2023

ထိုင်းနိုင်ငံကနေ ၂၂ နှစ်အကြာ လက်ဆောင် ရရှိထားတဲ့ ဆင်ကြီးကို ဆေးဝါးကုသဖို့ဆိုပြီး သီရိလင်္ကာနိုင်ငံက ပြန်လည်ပေးအပ်လိုက်ရပါပြီ။ အကြောင်းကတော့ သီရိလင်္ကာမှာ ကောင်းကောင်း မကြီးပြင်းရဘဲ နှိပ်စက်ခံနေရတယ်လို့ ဆိုထားပါတယ်။ ဆင်ကြီးကို သီရိလင်္ကာမှာ မူထူရာဂျာ (Muthu Raja) လို့ခေါ်ကြပြီး ထိုင်းမှာတော့ ဆက်ဆူရင်း (Sak Surin) လို့ လူသိများပါတယ်။ ဆင်ကြီး ၁၀ နှစ်သားအရွယ်တုန်းက ထိုင်းတော်ဝင်မိသားစုကနေ သီရိလင်္ကာကို လက်ဆောင်အနေနဲ့ ပေးအပ်ထားခဲ့တာပါ။ သူဟာ သီရိလင်္ကာကို လက်ဆောင်ပေးထားခဲ့တဲ့ ဆင်သုံးကောင်ထဲက တစ်ကောင်ဖြစ်ပါတယ်။ သူ့ကို သီရိလင်္ကာတောင်ပိုင်း ဘုရားကျောင်းထဲမှာ ထားရှိထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက သီရိလင်္ကာရဲ့ တိရိစ္ဆာန်အခွင့်အရေးအဖွဲ့ဖြစ်သော Rally for Animal Rights and Environment (RARE) […]

လေယာဉ်ပျံနေစဉ် တံခါးဖွင့်ရန် ကြိုးပမ်းခဲ့သည့် တောင်ကိုရီးယားသား မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြောင်းဝန်ခံ

Dawei Watch

July 1, 2023

လေယာဉ်ပျံသန်းနေစဉ်အတွင်း အရေးပေါ် တံခါးဖွင့်ရန် ကြိုးပမ်းမှုအတွက် စုံစမ်းစစ်ဆေးခံနေရသည့် အသက် ၁၉ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသားတစ်ဦးသည် အခင်းမဖြစ်မီ ရက်ပိုင်းအလိုတွင် (မက်သာဖက်တမင်း) စိတ်ကြွဆေးပြား သောက်ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အမည်မဖော်ပြထားသည့် အဆိုပါ လူငယ်သည် ဖိလစ်ပိုင်နိုင်ငံမှ တောင်ကိုရီးယား၏ အဓိကလေဆိပ် တည်ရှိရာ အင်ချွန်းမြို့သို့ ပျံသန်းသည့် ခရီးစဉ်တွင် ယခုလို လေယာဉ်တံခါးဖွင့်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်၏ ကနဦးမှာပင် အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ် ရဲတပ်ဖွဲ့ ၏ စစ်ဆေးမှု ကို ခံခဲ့ရသည့် ၎င်းသည် အဆိုပါ ခရီးစဉ် မတိုင်မီ နှစ်ရက်အလိုတွင် ဖိလစ်ပိုင်နိုင်ငံသား ခြောက်ဦးနှင့်အတူ ဖိလစ်ပိုင် နိုင်ငံ ၊ […]

နိုင်ငံတွင်း Facebook အသုံးပြုခွင့်ကို ပိတ်ပင်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ခြိမ်းခြောက်

Dawei Watch

July 1, 2023

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံရေး ပြိုင်ဘက်များကို ရိုက်နှက်မည်ဟု ခြိမ်းခြောက်ထားသည့် ဗီဒီယိုကို ကွန်ရက်မှ ဖယ်ရှားမည်ဟု Facebook ကကြေညာခဲ့ပြီးနောက် ဟွန်ဆင်ကလည်း သူ့အနေနှင့် နိုင်ငံတွင်း Facebook အသုံးပြုခွင့်ကို အချိန်မရွေး ပိတ်ပင်နိုင်ကြောင်း ဇွန်လ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။  လာမည့် ရွေးကောက်ပွဲမတိုင်မီ ဟွန်ဆန် ခေါင်းဆောင်သည့် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ၏ ပြိုင်ဘက် ပါတီ ခေါင်းဆောင်ကို အာဏာပိုင်များက မှတ်ပုံတင်ခွင့်ပေးရန် ငြင်းဆိုပြီးနောက် ယခုလို သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဇူလိုင် ၂၃ရက်နေ့ တွင် ကျင်းပသွားမည့်  ကမ္ဘောဒီးယားနိုင်ငံ၏  ရွေးကောက်ပွဲသည် ဟန်ပြ လုပ်ရပ် ဟူ၍ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသည်။ လူမှုကွန်ရက်တစ်ခု ဖြစ်သည့် Facebook သည် ၎င်းတို့အနေနှင့် ကြီးကြပ်ရေးဘုတ်အဖွဲ့၏ စီရင်ချက်နှင့်အညီ ဟွန်ဆန်၏ ဗီဒီယိုများထဲမှ တစ်ခုကို ဖယ်ရှားမည်ဖြစ်ကြောင်း နှင့် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

June 30, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ဆယ်ကျော်သက် လူငယ်ကို ပစ်သတ်ခဲ့လို့ ပြင်သစ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ် ရဲတပ်ဖွဲ့က ဆယ်ကျော်သက် လူငယ်တစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြင်သစ်နိုင်ငံမှာ အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပါရီမြို့တော်နားမှာ နာဟဲလ်အမ်လို့ သိရတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်လေးဟာ ကားထဲမှာ အနီးကပ် ပစ်သတ်ခံခဲ့ရတာပါ။ ရဲတွေက လမ်းမှာ ယာဉ်စည်းကမ်းစစ်ဆေးစဉ် ဖမ်းဆီးခဲ့ပြီးနောက် ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းဟာ ပြင်သစ် ပြည်သူတွေကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး အုံကြွ ဆန္ဒပြမှုတွေဆီ ဦးတည်သွားစေခဲ့ပါတယ်။ ဇွန် […]

ထိုင်းလေဆိပ်တွင် ခရီးသည်တစ်ဦး ရွေ့လျားစက်လှေကားညပ်သဖြင့် ခြေထောက်တစ်ဖက်ဆုံးရှုံး

Dawei Watch

June 29, 2023

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်ရှိ ရွေ့လျားလူသွားလမ်းတစ်ခုတွင် မတော်တဆဖြစ်ပြီး အမျိူးသမီးခရီးသည်တစ်ဦး ခြေထောက်ညပ်သွားကာ ဘယ်ဘက်ခြေထောက် အောက်ပိုင်း၏ ထက်ဝက်ခန့် ဆုံးရှုံးသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ ယင်း မတော်တဆမှုမှာ ဒွန်မောင်း လေဆိပ်၏ ပလက်ဖောင်း နံပါတ် (၄) နှင့် (၅) အကြားရှိ တောင်ဘက် စင်္ကြံတွင် ယနေ့ (ဇွန် ၂၉) နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လေဆိပ်စီမံခန့်ခွဲရေးမှ သိရသည်။ အဆိုပါခရီးသည်မှာ ဘန်ကောက်မြို့မှ နိုင်ငံ၏ တောင်ပိုင်း ၊ နခွန်ဆီထမ်မာရတ်သို့ သွားရောက်ရန် လေဆိပ်သို့ ရောက်လာခြင်းဖြစ်သည်။ လေဆိပ်အတွင်းရှိ ရွေ့လျားလူသွားလမ်းပေါ်တွင် သွားနေစဉ် စက်မှာအောက်သို့ကျွံဝင်သွားပြီး သူမ၏ ဘယ်ဘက်ခြေထောက်မှာ စက်ယန္တရားထဲသို့ ဝင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒွန်မောင်းလေဆိပ်၏ ဒါရိုက်တာ Karant Thanakuljeerapat က မီဒီယာများကို ဖြေကြားခဲ့သည်။ သူမ ကို ဆေးကုသမှု […]

သေဆုံးသူ အများအပြား ရှိခဲ့သည့် တရုတ်နိုင်ငံက စားသောက်ဆိုင် ပေါက်ကွဲမှု လူ ၄ ဦးကို ဖမ်းဆီး

Dawei Watch

June 26, 2023

တရုတ်နိုင်ငံတွင် စားသောက်ဆိုင်တစ်ခု ပေါက်ကွဲမှုကြောင့် လူအများအပြား သေဆုံးခဲ့ရမှုအပေါ် ဆက်နွှယ်နေသည့် လူ ၄ ဦးကို ဇွန်လ ၂၄ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာ က ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ၊ ရင်ချွမ်းမြို့ရှိ အကင်ဆိုင်တစ်ဆိုင်တွင် ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ သုံးရက်ကြာ နဂါးလှေပွဲတော် မတိုင်မီ အကြိုအားလပ်ရက်တွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကာလသည် တရုတ်နိုင်ငံမှ ပြည်သူအများစုသည် ၎င်းတို့၏ မိတ်ဆွေများနှင့် အပြင်ထွက်လည် မိတ်ဖွဲ့လေ့ ရှိသည့် အချိန် ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်အပေါ် သံသယရှိသူများတွင် ယင်းစားသောက်ဆိုင်ပိုင်ရှင်၊ ဆိုင်၏ ရှယ်ယာရှင်နှစ်ဦး အပြင် […]

အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံမှုများနှင့် လူကုန်ကူးစခန်းများကြောင့် ထိုင်း ၄ ဦး ကို စွဲချက်တင်

Dawei Watch

June 24, 2023

၂၀၁၅ခုနှစ်က ထိုင်းနှင့် မလေးရှား နှစ်နိုင်ငံကြား နယ်စပ်တွင် အစုလိုက်အပြုံလိုက် လူသတ်ကာမြှုပ်နှံမှုများ အပြင် လူကုန်ကူးသည်ဟု သံသယဖြစ်ဖွယ် ရှိသည့် စခန်းများကို ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်၍ သံသယရှိသူ ထိုင်းနိုင်ငံသား ၄ ဦးကို မလေးရှား တရားရုံးတွင် ဇွန်လ ၂၃ရက်နေ့ တွင် စွဲချက်တင်ထားကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောသည်။ ထိုင်းတောင်ပိုင်းနှင့် မလေးရှားမြောက်ပိုင်းရှိ သစ်တောများထူထပ်သော ဒေသသည် မှောင်ခိုသမား များမှတစ်ဆင့် အရှေ့တောင်အာရှသို့ လှေဖြင့် ကူးဝင်လာသူများအတွက် အဓိက ရပ်နားရာ နေရာတစ်ခုဖြစ်ပြီး ခရီးသည်အများစုမှာ မြန်မာနိုင်ငံတွင်း ဖိနှိပ်မှုမှ ထွက်ပြေးလာသော ရိုဟင်ဂျာ မူဆလင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကျဉ်းမြောင်းသော ဒုက္ခသည်စခန်းများမှ ရုန်းထွက်လာသူများ ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အဆိုပါ ဒေသ၏ ထိုင်းနိုင်ငံ […]