ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ပတ္တရားတွင် ဂျာမန်လုပ်ငန်းရှင်တစ်ဦးကို အပိုင်းပိုင်းခုတ်ထစ်ကာ ရေခဲပုံးအတွင်းထည့်ထား

Dawei Watch

July 11, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တရားတွင် ၆ ရက်ကျော်ကြာပျောက်ဆုံးနေသော ဂျာမန်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ကာ ရေခဲပုံးအတွင်းထည့်ထားသည်ကို ထိုင်းရဲတပ်ဖွဲ့များက စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ ယင်းသို့အပိုင်းပိုင်းဖြတ်ထားသည့် အလောင်းကို ယမန်နေ့ (ဇူလိုင် ၁၀) ညသန်းခေါင်အချိန်တွင် ရဲတပ်ဖွဲ့များက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နောက်ဆုံးတွေ့ရှိခဲ့သော သေဆုံးသူ၏ မာစီးတီးကားအနီး မီတာ ၄၀၀ ခန့်အကွာ ချွန်ဘူရီခရိုင် ဘန်းလမူဒေသရှိ Chokchai Garden Home Village တစ်ခုတွင် အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အသတ်ခံရသူသည် အသက် ၆၂ နှစ်အရွယ် Hans Peter Ralter Mack အမည်ရှိ ဂျာမန်အိမ်ခြံမြေပွဲစား တစ်ဦးဖြစ်ပြီး ဇူလိုင်လ ၄ ရက်နေ့က မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားသူဖြစ်သည်။ ၎င်းပျောက်ဆုံးမှုအတွက် […]

ထိုင်းဝန်ကြီးချုပ်လောင်း Pita က ထိုင်းနိုင်ငံသို့ လာရောက်ဖျော်ဖြေရန် တေလာဆွစ်ဖ်ကိုဖိတ်ခေါ်

Dawei Watch

July 10, 2023

Move Forward ပါတီခေါင်းဆောင် အပြင် ထိုင်းနိုင်ငံ၏ အလားအလာရှိသော ဝန်ကြီးချုပ်လောင်း ဖြစ်သည့် Pita Limjaroenrat သည် အမေရိကန် ထိပ်သီး တေးဂီတကြယ်ပွင့် တေလာဆွစ်ဖ် ကို ဘန်ကောက်တွင် လာရောက် ဖျော်ဖြေရန် လူမှုကွန်ရက် Twitter မှတဆင့် ဇူလိုင် ၆ရက်နေ့က ရေးသားဖိတ်ကြားခဲ့သည်။ ကမ္ဘာကျော် တေးသံရှင် တေလာဆွစ်ဖ်သည် ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ပြုလုပ်ရန် ရည်ရွယ်ထားသည့် ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရသည်။ ယင်းကို ရည်ရွယ်ရင်း Pita က ထိုင်းနိုင်ငံအနေနှင့် “ဒီမိုကရေစီ အပြည့်အဝဖော်ဆောင်ရေး လမ်းကြောင်းပေါ်သို့ ပြန်ရောက်နေပြီ” ဟု ထည့်သွင်းရေးသားကာ ဖိတ်ခေါ်ခဲ့သည်။ “ထိုင်းပြည်သူတွေက ရွေးကောက်ပွဲကနေတစ်ဆင့် ထုတ်ဖော်ပြသခဲ့ပြီးပါပြီ။ ငါတို့အားလုံးက မင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ မျှော်လင့်နေပါတယ်” ဟု Pita က […]

ICC စုံစမ်းစစ်ဆေးရေးမှုး လာရောက်မှူးအပြီး ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် လူခြောက်ဦး သေဆုံး

Dawei Watch

July 9, 2023

သက်သေထွက်ဆိုချက်များ ကို စုဆောင်းရန် ရည်ရွယ်ကာ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ကိုယ်စားပြု စုံစမ်းစစ်ဆေးရေးမှုးတစ်ဦး၏ သွားရောက်မှုအပြီး နာရီပိုင်းအကြာ အဆိုပါ စခန်းတွင်း ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားကာ ရိုဟင်ဂျာ ခြောက်ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဇူလိုင် ၇ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ ဖြိုခွင်းမှုအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူ ရိုဟင်ဂျာ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံခဲ့ကြသည်။ မြန်မာနိုင်ငံသည် ယခုအခါ ကုလသမဂ္ဂ တရားရုံးတွင် အဆိုပါ လူမျိုးတုံးသတ်ဖြတ်မှုနှင့် စပ်လျဉ်းပြီး စုံစမ်း စစ်ဆေးခံနေရဆဲ ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သော အဆိုပါ အကြမ်းဖက်မှု သည် ယင်း ဒုက္ခသည် စခန်းများအတွင်း အားပြိုင်လှုပ်ရှားနေကြသည့် […]

Coldplay နှင့် Blackpink ရှိုးပွဲများကြောင့် အင်ဒိုနီးရှားတွင် အွန်လိုင်းပေါ်မှ ချေးငွေရယူနှုန်းမြင့်တက် 

Dawei Watch

July 8, 2023

ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် ကမ္ဘာတဝှမ်းမှာ တေးဂီတဖျော်ဖြေပွဲများ ပြန်လည်လုပ်လာကြသည့် အတောတွင်း အင်ဒိုနီးရှားနိုင်ငံမှာလည်း Coldplay နှင့် Blackpink စသည့် အဖွဲ့များ၏ ဖျော်ဖြေပွဲများ အတွက် ငွေ အလျင်လိုလာသောကြောင့် အွန်လိုင်းပေါ်မှ တစ်ဆင့် ချေးငွေ ရယူမှုနှုန်း မြင့်တက်လာကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင်း ဒစ်ဂျစ်တယ် ပလက်ဖောင်းများပေါ်မှတစ်ဆင့် ရယူထားပြီး ပေးချေရန် ကျန်ရှိနေသေးသော ချေးငွေများသည် ယခုနှစ် ၊ မေလတွင် ၅၁ ဒသမ ၅ ထရီလီယံ ရူပီယာ ပမာဏ အထိ ရောက်ရှိခဲ့ပြီး အဆိုပါ ပမာဏသည် လွန်ခဲ့သည့် တစ်နှစ်ကျော်ကထက် ၂၈ ရာခိုင်နှုန်း တိုးလာသည်ဟု ဘဏ္ဍာရေး ဝန်ဆောင်မှု အာဏာပိုင်အဖွဲ့ OJK မှပြောကြားခဲ့သည်။ ယခုအခါ သက်ဆိုင်ရာ စည်းကမ်း […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

July 7, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ပြင်သစ်ဆန္ဒပြပွဲ ငါးရက်မြောက်နေ့တွင် လူ ၇၀၀ ကျော်ဖမ်းဆီးခံရ ပြင်သစ်နိုင်ငံ ဆူပူဆန္ဒပြမှုတွေဖြစ်ပေါ်လာပြီး ၅ ရက်မြောက်နေ့မှာ ဖမ်းဆီးခံရသူ ၇၀၀ ကျော် ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။   ဆယ်ကျော်သက် လူငယ်တဦးဖြစ်တဲ့ နာဟဲလ်အမ်ကို ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးစစ်ဆေးနေချိန် ပစ်သတ်ခဲ့လို့ မကျေနပ်မှုတွေနဲ့ ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ဇူလိုင်လ ၁ ရက်နေ့က ဖမ်းဆီးခဲ့သူ အရေအတွက် ၇၁၉ ဦး ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဒီအရေအတွက်က ပြီးခဲ့တဲ့ရက်က ၁၃၀၀ […]

တစ်ရက်တည်း အကောင့်ဖွင့်သူ သန်း ၃၀ ကျော်သွားသည့် Threads ကို တရားစွဲမည်ဟု တွစ်တာ ခြိမ်းခြောက်

Dawei Watch

July 7, 2023

စတင်မိတ်ဆက်သည့် နေ့တွင်ပင် သုံးစွဲသူ သန်း ၃၀ ကျော်သွားကာ နာမည်ကျော်သွားခဲ့သော ဇူကာဘတ်၏ Threads အက်ပလီကေးရှင်းကို ဥပဒေကြောင်းအရ တရားစွဲဆိုမည်ဟု အီလွန်မတ်ခ် ပိုင်ဆိုင်ထားသည့် တွစ်တာ၏ ဥပဒေအကျိုးဆောင်းများက ပြောဆိုလိုက်သည်။ တွစ်တာလူမှုကွန်ရက်စာမျက်နှာ၏ ဥပဒေအကျိုးဆောင်ရှေ့နေ အဲလက်စ် စပိုင်ရို သည် ဖေ့စ်ဘွတ်ခ်နှင့် Meta ၏စီအီးအိုအဖြစ် တာဝန်ယူထားသော ဇူကာဘတ်ထံသို့ ၎င်းတို့အနေနှင့် ဥပဒေကြောင်းအရ တရားစွဲဆိုရဖွယ်ရှိသည်ဟူသော စာတစ်စောင်ကို ပေးပို့ထားပြီးပြီဖြစ်ကြောင်း Reuters သတင်းရင်းမြစ်က ဖော်ပြထားသည်။ တွစ်တာ၏ဥပဒေအကျိုးဆောင်ရှေ့နေက တွစ်တာ၏ကုန်သွယ်မှုလျှို့ဝှက်ချက်များနှင့် အခြားသောလျှို့ဝှက်ချက်များကို သိရှိထားသည့် တွစ်တာဝန်ထမ်းဟောင်းများကို Threads တွင် ထည့်သွင်းအသုံးပြုနေကြောင်း ဇူကာဘတ်ထံသို့ ပေးပို့လိုက်သောစာတွင် ရေးသားဖော်ပြထားပြီး ယင်းလုပ်ရပ်မှာ ဉာဏမူပိုင်ခွင့်ကို ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်ဟုလည်း ဥပဒေအကျိုးဆောင်ရှေ့နေ စပိုင်ရို က ပြောကြားသွားခဲ့သည်။ ဇူကာဘတ် ပိုင်ဆိုင်ထားသည့် […]

ဇူကာဘတ်နှင့် အီလွန်မတ်ခ်တို့ ယှဉ်ပြိုင်ထိုးသတ်မှုစပြီ

Dawei Watch

July 6, 2023

ဇူကာဘတ် ပိုင်ဆိုင်သော Meta စီးပွားရေးလုပ်ငန်းစုမှနေ၍ Threads အမည်ရှိ အက်ပလီကေးရှင်းကို ယနေ့စတင်မိတ်ဆက်လိုက်ခြင်းကြောင့် ဇူကာဘတ်နှင့် အီလွန်မတ်ခ်တို့ ယှဉ်ပြိုင်ထိုးသတ်မှုစပြီ ဆိုသော သုံးသပ်ချက်များထွက်ပေါ်လာသည်။ Threads အက်ပလီကေးရှင်းသည် အီလွန်မတ်ခ် ပိုင်ဆိုင်ထားသော Twitter ကို အကြီးအကျယ် ပြိုင်ဆိုင်လာဖွယ်ရှိသည်ဟု သုံးသပ်ချက်များ ထွက်ပေါ်လျက်ရှိသည်။ ဇူကာဘတ်နှင့် အီလွန်မတ်ခ်တို့သည် မကြာသေးမီကာလက စိန်ခေါ်ပွဲ ယှဉ်ပြိုင်ထိုးသတ်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ကာ လက်ရှိတွင် ဇူကာဘတ် တည်ထောင်ထားသော Meta ဘက်က Twitter ကို ပြိုင်ဆိုင်ရန်အတွက် Threads အက်ပလီကေးရှင်းကို ထုတ်လုပ်လိုက်ခြင်းမှာ ယင်းစိန်ခေါ်ပွဲ ထိုးသတ်မည်ဟူသော စကားများ၏အဖြေပင်ဖြစ်လိမ့်မည်ဟု ယူဆမှုများလည်း ရှိနေသည်။ အင်စတာဂရမ်ကို ဖေ့စ်ဘွတ်ခ်ကဲ့သို့ သုံးစွဲနိုင်စေရန် ရည်ရွယ်ချက်ဖြင့် Meta က Threads ကို […]

ထိုင်းတွင် အသက် ၁၂ နှစ်မိန်းကလေးငယ်ကို မွေးစားဖခင်က ရိုက်သတ်ပြီး အလောင်းဖျောက်

Dawei Watch

July 6, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၁၂ နှစ်အရွယ် ထိုင်းမိန်းကလေးငယ်တစ်ဦးကို မွေးစားဖခင်ဖြစ်သူက ရိုက်သတ်ပြီးနောက် အလောင်းကို အအေးပုံးထဲထည့်၍ ဘိလပ်မြေလောင်းကာ ဖျောက်ဖျက်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မှာယူသူများကို ပေးပို့မည့် ဖြည့်စွက်အစားအစာများကို ခိုးယူခဲ့သည်ဟုဆိုကာ မွေးစားဖခင်က မိန်းကလေးငယ်ကို ဘေ့စ်ဘောရိုက်တံဖြင့် ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ဘန်ကောက်မြို့ ဘန်ခန်းဒေသရှိ နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မိန်းကလေးငယ်၏ အလောင်းကို ပလတ်စတစ် အအေးပုံးထဲထည့်ပြီးနောက် ဘိလပ်မြေလောင်းပြီး မြေဆွေးဖြင့် ထပ်ဖုံးထားကာ အလောင်းကို ဖျောက်ဖျက်ထားခဲ့ကြောင်း ဖော်ပြထားသည်။ မွေးစားဖခင်က အလောင်းကို အပိုင်းပိုင်းခုတ်ထစ်ချင်သော်လည်း မလုပ်ရဲနေခဲ့ကြောင်း ဝန်ခံထားသည်ဟုဆိုသည်။ ထို့ကြောင့် အလောင်းထည့်ရန် ပလတ်စတစ် အအေးပုံးကြီးဝယ်ခဲ့ပြီး အပေါ်က ဘိလပ်မြေလောင်းခဲ့ကာ ကျန်နေရာများကို […]