ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ထိုင်းလွှတ်တော်ရှေ့တွင် ဆန္ဒပြ

Dawei Watch

July 19, 2023

ပီထာကို iTV ရှယ်ယာများပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ရန် အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ပါလီမာန်လွှတ်တော်ရှေ့ တံခါးပေါက်တွင် Move Forward ပါတီထောက်ခံသူများက ဆန္ဒပြနေကြခြင်းဖြစ်သည်။ ယနေ့ နေ့လယ်ပိုင်းတွင် Move Forward ပါတီထောက်ခံသူ ၁၅၀ နီးပါးက လွှတ်တော်ရှေ့ တံခါးပေါက်တွင် အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်အား စိတ်ပျက်ဒေါသထွက်မှုကို ပြသသည့်အနေဖြင့် ဆန္ဒပြနေခြင်းဖြစ်ကြေင်း သတင်းတွင် ဖော်ပြထားသည်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို အမြန်ဆုံးရပ်တန့်ကြဖို့ သတိပေးထားပြီး အခြေအနေမှာ တင်းမာနေကြောင်း ဖော်ပြထားသည်။ အခြေခံဥပဒေခုံရုံးက နောက်ထပ်အမိန့်မချမှတ်ခင်အထိ ပီထာသည် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားခံရမည်ဖြစ်ပြီး ၎င်းကို ပြန်လည်ရှင်းလင်းချေပရန် ခုံရုံးက ၁၅ ရက်အချိန် သတ်မှတ်ပေးထားသည်။ ပီထာမှာ လွှတ်တော်အမတ်အဖြစ်က ဆိုင်းငံ့ခံထားရသော်လည်း ဝန်ကြီးချုပ်လောင်းအဖြစ် ဆက်အရွေးခံမည်ဖြစ်ကြောင်း ပါတီ၏ Twitter စာမျက်နှာက […]

ပီထာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားရန် ဆုံးဖြတ်

Dawei Watch

July 19, 2023

ပီထာကို iTV ရှယ်ယာများပိုင်ဆိုင်ထားမှုနှင့် ပက်သက်၍ စုံစမ်းစစ်ဆေးရန် အခြေခံဥပဒေခုံရုံးက ယနေ့ (ဇူလိုင် ၁၉) တွင် လက်ခံလိုက်ပြီးနောက် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အခြေခံဥပဒေခုံရုံးက နောက်ထပ်အမိန့်မချမှတ်ခင်အထိ ပီထာသည် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားခံရမည်ဖြစ်သည်။ ယင်းအမှုကို ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲမတိုင်ခင် တစ်ရက်အလို ဇူလိုင်လ ၁၂ ရက်နေ့တွင် အခြေခံဥပဒေခုံရုံးထံသို့ တိုင်ကြားထားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်က ပီထာကို မီဒီယာကုမ္ပဏီတစ်ခုဖြစ်သော iTV ရှယ်ယာ ၄၂၀၀၀ ပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အနေဖြင့် ရွေးကောက်ခံခွင့်မရှိဟူသော စွပ်စွဲချက်ဖြင့် ခုံရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ Ref: Thai Enquirer, Khaosod English

ပီထာကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း ထပ်မံတင်သွင်း

Dawei Watch

July 19, 2023

ယနေ့ ထိုင်းလွှတ်တော်တွင် ကျင်းပနေသော ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ဝန်ကြီးချုပ်လောင်းအဖြစ် Move Forward ပါတီခေါင်းဆောင် ပီထာကို ထပ်မံ အမည်စာရင်း တင်သွင်းလိုက်သည်။ သို့သော်လည်း အထက်လွှတ်တော်အမတ်နှင့် အတိုက်အခံပါတီ United Thai Nation ပါတီက လွှတ်တော်စည်းမျဉ်း စည်းကမ်းများနှင့် ဆန့်ကျင်နေကြောင်း ကန့်ကွက်ထားသည်။

မနက်ဖြန် ဝန်ကြီးချုပ်ရွေးချယ်ပွဲမစခင် ပီထာကိုတိုင်ကြားထားမှု ခုံရုံးဆုံးဖြတ်မည်

Dawei Watch

July 18, 2023

ရွေးကောက်ပွဲကော်မရှင်က ပီထာကို iTV ရှယ်ယာပိုင်ဆိုင်ထားမှုကြောင့် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ထားရန် တိုင်ကြားမှုကို အခြေခံဥပဒေခုံရုံးက မနက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် လက်ခံမခံ ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ခုံရုံး၏ ဆွေးနွေးပွဲသည် ဒုတိယအကြိမ် ဝန်ကြီးချုပ်အသစ်ခန့်အပ်ရန် လွှတ်တော်အတွင်း လွှတ်တော်အမတ်များ မဲပေးရွေးချယ်မှု မတိုင်မီ နာရီပိုင်းအလိုတွင် ဖြစ်ကြောင်း ဖော်ပြထားသည်။ ညွ့န်ပေါင်းပါတီ ၈ ပါတီကလည်း ပီထာကို ဒုတိယအကြိမ် ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံ အမည်စာရင်းတင်သွင်းသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ အကယ်၍ အခြေခံဥပဒေခုံရုံးက ရွေးကော်၏ တိုင်ကြားမှုကို လက်ခံရန် ဆုံးဖြတ်ခဲ့ပါက နောက်ထပ် အမိန့်မချခင်အချိန်အထိ ပီထာသည် လွှတ်တော်အမတ်အဖြစ်မှ ရပ်ဆိုင်းခံရနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။ ယင်းအမှုကို ရွေးကောက်ပွဲကော်မရှင်က ပထမအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲမတိုင်ခင် […]

ဝန်ကြီးချုပ်အဖြစ် ပီထာ ပြန်အရွေးခံရန် ညွန့်ပေါင်း ၈ ပါတီသဘောတူ

Dawei Watch

July 17, 2023

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်လောင်းအဖြစ် ပီထာအား နောက်တစ်ကြိမ် လွှတ်တော်အတွင်း အမည်စာရင်းတင်သွင်း၍ ပြန်အရွေးခံမည်ဖြစ်ကြောင်း အနိုင်ရ Move Forward ပါတီက ဦးဆောင်ဖွဲ့စည်းထားသည့် ညွန့်ပေါင်းရှစ်ပါတီမှ ယနေ့ညနေပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။ ပထမအကြိမ် ရွေးချယ်ပွဲတွင် ဝန်ကြီးချုပ်ဖြစ်ရန် လုံလောက်သော မဲအရေအတွက် မရရှိခဲ့သည် Move Forward ပါတီခေါင်းဆောင် ပီထာ၏ အမည်ကို ဒုတိယအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ထပ်မံတင်သွင်းသွားမည်ဖြစ်သည်။ အဆိုပါကြေညာချက်ကို ညွန်းပေါင်းပါတီ ၈ ပါတီက ယနေ့ဆွေးနွေးပွဲအပြီး ညနေပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ဇူလိုင်လ ၁၉ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အတွင်း အထက်လွှတ်တော်၊ အောက်လွှတ်တော် အမတ်များက မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။ ပထမအကြိမ် ရွေးချယ်ပွဲတွင် ပီထာသည် ဝန်ကြီးချုပ်ဖြစ်ရန် လိုအပ်သော ထောက်ခံမဲ ၃၇၅ […]

မလေးရှားတွင် မြန်မာဒုက္ခသည်များအရေး အကူအညီပေးနေသူနှင့် မိသားစုဝင်များ အမည်မသိ အဖွဲ့၏ဖမ်းဆီးမှုခံရ

Dawei Watch

July 17, 2023

မလေးရှားနိုင်ငံတွင် မြန်မာဒုက္ခသည်များနှင့် အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသော မသူဇာမောင်နှင့် မိသားစုဝင်များကို အမည်မသိ လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(Human Rights Watch) အဖွဲ့က ယနေ့ (ဇူလိုင် ၁၇) တွင် ထုတ်ပြန်ခဲ့သည်။ မသူဇာမောင်နှင့် မိသားစုဝင်များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ဦးစားပေး စုံစမ်းစစ်ဆေးဆောင်ရွက်ပေးဖို့ မလေးရှားအစိုးရကိုလည်း ယင်းအဖွဲ့က တောင်းဆိုထားသည်။ မြန်မာအလုပ်သမားများအရေး၊ ဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေသူ မသူဇာမောင်နှင့် အမျိုးသားဖြစ်သူ စောသန်းတင်ဝင်း၊ သားသမီး ၃ ဦးကို ဇူလိုင်လ ၄ ရက်နေ့တွင် ကွာလာလမ်ပူမြို့ရှိ ၎င်းတို့နေအိမ်တွင် အမည်မသိလူတစ်စုက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ကားတစ်စီး မသူဇာမောင်တို့‌ နေထိုင်ရာ အိမ်ရာဝင်အတွင်းသို့ ဝင်လာခဲ့ကြောင်း၊ […]

တောင်ကိုရီးယားတွင် ရေကြီးမြေပြိုမှုကြောင့် လူ ၇ ဦးသေဆုံး

Dawei Watch

July 16, 2023

တောင်ကိုရီးယားနိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နေကာ ၃ ရက်မြောက် ဖြစ်သည့် ဇူလိုင် ၁၅ ရက်နေ့တွင် မြေပြိုမှုများနှင့် ဆည်ရေလျှံတက်ခဲ့မှုကြောင့် သေဆုံးသူ ၇ ဦးအထိ ရှိခဲ့သည်။ ယင်းအပြင် ပျောက်ဆုံးသူ ၃ ဦး ၊ ထိခိုက်ဒဏ်ရာရသူ ၇ ဦးအပြင် ပြည်သူ တစ်ထောင်ကျော် ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ဒေသစံတော်ချိန် နံနက် ၁၁ နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူပေါင်း ၁၅၆၇ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ပြည်ထဲရေးနှင့် ဘေးကင်းရေး ဝန်ကြီးဌာန၏ က ထုတ်ပြန်ခဲ့သည်။ နိုင်ငံ၏ မြောက်ဘက် ချွန်းချောင်း ပြည်နယ်ရှိ ဆည်တစ်ခု သည် မိုးသည်းထန်မှုကြောင့် ရေလျှံတက်လာသဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းရသူ ဦးရေမှာလည်း တိုးလာနိုင်ဖွယ် ရှိကြောင်း […]

ပီထာ၏ ရှုံးနိမ့်မှု အပေါ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြန်လည်ပြင်ဆင် မှတ်ချက်ပြု

Dawei Watch

July 16, 2023

ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် တစ်ပြေးနေသူ ပီထာလင်မ်ဂျာရုန်ရတ်၏ ထိုင်းနိုင်ငံကို ဦးဆောင်ရန် မဲအရေအတွက် လုံလောက်စွာ မရရှိခဲ့မှုနှင့်ပတ်သက်၍ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အပြုသဘောဆောင်သည့် မှတ်ချက်ကို ပြောင်းလဲပြောဆိုခဲ့သည်။ ယခင်က ပေးခဲ့ဖူးသည့် မှတ်ချက်အပေါ်  အပြုသဘောဆောင်ကာ ဇူလိုင် ၁၄ ရက်နေ့တွင် ပြန်လည် ပြင်ဆင်ပြောဆိုခဲ့သည်။ ၎င်း၏ တယ်လီဂရမ်တွင် ရေးသားခဲ့သည့် စာအရ ဟွန်ဆန် က “ထိုင်းနိုင်ငံအတွက် ဘယ်သူပဲဖြစ်ဖြစ် ဘယ်ပါတီကပဲ တာဝန်ယူပါစေ၊ (နောက်တက်လာမည့်) ထိုင်းအစိုးရခေါင်းဆောင်နဲ့ လက်တွဲဖို့ အဆင်သင့်ပါပဲ” ဟု ရေးသားခဲ့သည်။ ထို့အပြင် သူ့အနေနှင့် ထိုင်းပြည်သူများ၏ ဆုံးဖြတ်ချက်ကို လေးစားပြီး ထိုင်းနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ဖက်လိုကြောင်း ရေးသားဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့ကမူ ဟွန်ဆန်သည် ပီထာ၏ ယခုလို ရှုံးနိမ့်မှုသည် ကမ္ဘောဒီးယားမှာလည်း အတိုက်အခံပါတီအတွက် ရှုံးနိမ့်မှု ဖြစ်ကြောင်း လူမှုကွန်ရက် […]