စင်ကာပူတွင် မူးယစ်ဆေးရောင်းဝယ်သူကို ကြိုးပေးကွပ်မျက်
Dawei Watch
August 3, 2023ဘိန်းဖြူ ရောင်းဝယ်ဖောက်ကားမှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို စင်ကာပူနိုင်ငံ တွင် ကြိုးမိန့် သေဒဏ် ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်သည် သီတင်းပတ် တစ်ပတ်ကျော်အတွင်း တတိယမြောက် သေဒဏ်ပေးမှု ဖြစ်သလို ယခုနှစ်အတွင်း ငါးကြိမ်မြောက် ကြိုးမိန့် ဖြစ်ကြောင်း အာဏာပိုင်များက ဩဂုတ် ၃ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ မိုဟာမက် ရှာလာ အဒူလ်လာတစ်ဖ် သည် ၂၀၁၉ ခုနှစ်တွင် ဘိန်းဖြူ ၅၅ ဂရမ်ခန့်လက်ဝယ်ရှိမှုအတွက် သေဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။ ၎င်း၏ ကြိုးမိန့်ကို ဩဂုတ် ၃ရက်နေ့တွင် စီရင်မှု ပြုလုပ်ခဲ့ကြောင်း စင်ကာပူ ဗဟိုမူးယစ်ဆေးဗျူရို (CNB) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ပုဂ္ဂိုလ်သည် ၂၀၁၆ ခုနှစ်မှာ […]


