ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဘန်ကောက်တွင် ယနေ့ညနေ မိုးရေထဲဆန္ဒပြ

Dawei Watch

July 23, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လက်ရှိထိုင်းနိုင်ငံရေး အခြေအနေနှင့် ပက်သက်၍ တက်ကြွလှုပ်ရှားသူများနှင့် Move Forward ပါတီထောက်ခံသူများက ယနေ့ (ဇူလိုင် ၂၃) ညနေပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။ ညနေ ၅ နာရီအချိန်မှစ၍ Asoke လမ်းဆုံတွင် ဆန္ဒပြသူများက မိုးရေထဲ စုဝေးခဲ့ကြပြီး အနက်ရောင်ဝတ်စုံ စတင်ဝတ်ဆင်ကာ ပြည်သူများ၏ မပျော်ရွှင်မှု မကျေနပ်မှုများကို နည်းအမျိုးမျိုးဖြင့် ဖော်ပြကြရန် ကြွေးကြော်ခဲ့ကြောင်း ဖော်ပြထားသည်။ ညပိုင်းတွင် ထိုင်းအက္ခရာတစ်ခုဖြစ်သော “ค” (ခ) ကို သရုပ်ဖော်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ “ค” ကို ဝန်ကြီးချုပ်ပရာယွတ်လက်ထက် ကတည်းက လူသုံးများသော စကားလုံးဖြစ်ပြီး “ခွေ” (ထိုင်းအသံထွက်) ၏ အတိုကောက်ဖြစ်ကာ မြန်မာအဓိပ္ပာယ်အရ ဆဲဆိုသော စကားလုံးဖြစ်ကြောင်း ထိုင်းနိုင်ငံသူတစ်ဦးက ဆိုသည်။ ဆန္ဒပြသောအချိန်တွင် ဆန္ဒပြသူများအနီး […]

ထိုင်း ညွန့်ပေါင်းအဖွဲ့ဝင် ဖွေထိုင်းပါတီနှင့် စစ်တပ် နောက်ခံပြု Palang Pracharath ပါတီတွေ့ဆုံမှု ဆန္ဒပြခံရ

Dawei Watch

July 23, 2023

ထိုင်းတွင် ညွန့်ပေါင်းပါတီအဖွဲ့ဝင် ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ သမီး၏ပါတီ Pheu Thaiနှင့် စစ်တပ်ကျောထောက် နောက်ခံပြုထားသော ဒုဝန်ကြီးချုပ် ပရာဝတ်၏ Palang Pracharath ပါတီ၏ ယနေ့ ညနေပိုင်း ဆွေးနွေးပွဲတွင် ထိုင်းတက်ကြွလှုပ်ရှားလူငယ်များက ဆန့်ကျင်ဆန္ဒပြကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဆန္ဒပြလူငယ်များသည် Pheu Thai ပါတီရုံးခန်းရှေ့တွင် ပေါင်ဒါမှုန့်ကဲ့သို့သော အမှုန့်များကို ပစ်ပေါက်ခဲ့ပြီး ဆွေးနွေးပွဲလာသော Palang Pracharath ပါတီ၏ လွှတ်တော်အမတ် Thammanat Prompao ကိုလည်း ပစ်ပေါက်ရန် ကြိုးစားခဲ့ကြောင်း ရေးသားထားသည်။ ယင်းသို့ဆန္ဒပြမှုကြောင့် နှစ်ပါတီဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ရကြောင်း ဖော်ပြသည်။ ညွန်းပေါင်းအဖွဲ့ဝင် Pheu Thai ပါတီက စစ်တပ်ပါတီများဖြစ်သော ပရာယွတ်၏ United Thai Nation ပါတီနှင့် ပရာဝတ်၏ Palang […]

နာမည်ကျော် ကာယဗလမောင် လေ့ကျင့်‌နေစဉ် ဝိတ်တန်းပိ၍သေဆုံး

Dawei Watch

July 22, 2023

အင်ဒိုနီရှား ကာယဗလနှင့် ကာယအလှ လေ့ကျင့်ရေးအကျော်အမော် ဂျပ်စတင်ဗစ်ကီသည် လေ့ကျင့်ခန်းလုပ်ရင်း မတော်တဆဖြစ်ပြီး ဝိတ်တန်းပိမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဂျပ်စတင် ဗစ်ကီ သည် ယင်းမတော်တဆမှုကြောင့် ဇူလိုင်လ ၁၅ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ကာယဗလနှင့် ကာယအလှ လောက၌ ဆယ်လီ(Cele)တစ်ဦးအဖြစ် ကျော်ကြားသူလည်းဖြစ်သည်။ ဂျပ်စတင် ဗစ်ကီသည် ကွယ်လွန်ချိန်၌ အသက် ၃၃ နှစ်အရွယ်သာ ရှိသေးပြီး လေ့ကျင့်ရေးခန်းမတွင် ဝိတ်တန်းမသည့် လေ့ကျင့်ခန်းကို ပြုလုပ်စဉ်အချိန်၌ ဝိတ်တန်းပိကာ ကွယ်လွန်သွားခဲ့ရခြင်းဖြစ်သည်။ ဂျပ်စတင် ဗစ်ကီသည် The Paradise Gym လေ့ကျင့်ရေးခန်းမတွင် ပေါင် ၄၀၀ နီးပါးရှိသော ဝိတ်တန်းကို သယ်မလေ့ကျင့်ရန် ဝိတ်တန်းကို ထိုင်နေသည့်အနေအထားမှနေ၍ ဆွဲမပင့်တင်လိုက်စဉ်အချိန်၌ ရှေ့သို့လဲကျသွားစဉ်တွင် ဝိတ်တန်းက ၎င်း၏ပခုံးကို ပိရာကတစ်ဆင့် […]

လူငယ်တစ်ဦးကို တော်ဝင်အသရေဖျက်မှုဖြင့် ထိုင်းတရားရုံး ထောင်ချ

Dawei Watch

July 22, 2023

လွန်ခဲ့သည့် ၃ နှစ်က ဆန္ဒပြပွဲတစ်ခုတွင်း ၀တ်ဆင်ခဲ့သော ခါးတိုအင်္ကျီ (ခရော့ပ်တော့ပ်) တစ်ထည်နှင့် ပတ်သက်၍ ဆယ်ကျော်သက်တစ်ဦးကို ကြာသပတေးနေ့တွင် ထိုင်းတရားရုံးတစ်ရုံးက တော်ဝင် အသရေဖျက်မှုဖြင့် ထောင်ဒဏ် ၁၂ လ ချမှတ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၏ တော်ဝင်ဥပဒေအရ ဘုရင် သို့မဟုတ် မိသားစုဝင်များကို ပြစ်တင်ရှုတ်ချကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။ နာပါစစ် အမည်ရ လူငယ်သည် ၂၀၂၀ ခုနှစ်က ဒီမိုကရေစီအရေးဆန္ဒပြပွဲတစ်ခုတွင် အနက်ရောင် ခရော့ပ်တော့ပ် ၀တ်ဆင်ထားကာ ပါဝင်ခဲ့ပြီး အဆိုပါ ဝတ်ဆင်မှုသည် အစောပိုင်းနှစ်များစွာက ဥရောပ မီဒီယာများတွင် ထင်ရှားခဲ့သည့် ထိုင်းဘုရင်၏ ဝတ်ဆင်ပုံများကို ရည်ညွှန်းကာ ပြသခဲ့ဟုဆိုသည်။ တရားရုံးမှ နာမည်အပြည့်အစုံကို ထိန်ချန်ထားသည့်၊ အသက် […]

ဟောင်ကောင် ဂီတကြယ်ပွင့်ကို အထူးအခွင့်အရေးပေးခဲ့၍ ထိုင်းလေဆိပ်ရဲများ အရေးယူခံရ

Dawei Watch

July 22, 2023

ဟောင်ကောင် စူပါစတား ဂျက်ဆင်ဝမ်၏ ထိုင်းနိုင်ငံခရီးစဉ်တွင် သုဝဏ္ဏဘူမိလေဆိပ်၏ လူဝင်မှုကြီးကြပ်ရေး ရဲများက အထူးအခွင့်အရေးပေးခဲ့မှုကြောင့် ရဲ ၉ ဦး ကို တာဝန်ပြောင်းရွှေ့ အရေးယူလိုက်ကြောင်း သိရသည်။ လေဆိပ်တွင် ရှိနေသည့် အခြားသော ခရီးသည်များက တိုင်ကြားကြသဖြင့် ယင်းသို့အရေးယူလိုက်ခြင်း ဖြစ်ကြောင်း ထိုင်းလဝကအဖွဲ့၏ ထုတ်ပြန်အချက်အရ သိရသည်။ တိုင်ကြားချက်များအရ ဝမ် သည် အထူးအခွင့်အရေးအပြင် ရဲများ၏ ဝန်းရံပို့ဆောင်မှုကိုပါ ရရှိခဲ့ကြောင်း၊ သူနှင့် တချိန်တည်း ရှိနေသည့် လေဆိပ်တွင်း အခြားသော ခရီးသည်များမှာမူ ဆိုက်ရောက် ကောင်တာများကို ကျော်ဖြတ်ရန် ပုံမှန်ထက် အချိန် ပိုမိုကြာမြင့်စွာ စောင့်ဆိုင်းရမှုများ ရှိခဲ့ဟုဆိုသည်။ အဆိုတော် ဝမ် ကို ထိုင်းလေဆိပ်ရဲများက ဤသို့ ဝန်းရံလိုက်ပါပို့ဆောင်ပေးခဲ့သည့် ပုံရိပ်များနှင့် ဗီဒိယိုများ သည်လည်း လူမှုကွန်ရက်များတွင် ရေပန်းစားခဲ့သည်။ အဆိုပါ ဗီဒီယိုများတွင်း ရာနှင့်ချီသော ပရိသတ်များသည် လေဆိပ်၏ ဒုတိယထပ် ရှိ ဝရန်တာများတွင် ဝမ်ကိုစောင့်ဆိုင်းနေသည်ကို မြင်တွေ့ခဲ့ရသည်။ ဧည့်ဆောင် သို့ ဝမ် ဖြတ်သန်းလာသည့် အခါ နံဘေးတွင် လဝကရဲများက […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

July 21, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ တောင်ကိုးရီးယားတွင် ရေကြီးမြေပြိုမှုကြောင့် အနည်းဆုံး ၄၀ ဦးသေဆုံး တောင်ကိုရီးယားနိုင်ငံမှာ ရေကြီးမြေပြိုခဲ့လို့ ဇူလိုင်လ ၁၇ ရက်အထိ အနည်းဆုံး လူ ၄၀ ဦး သေဆုံးခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဗဟိုနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ ဇူလိုင်လ ၉ ရက်နေ့ကနေ မိုးစတင်ရွာသွန်းခဲ့ရာကနေ ရေကြီးမြေပြိုမှုအထိဖြစ်လာပြီး လူသေဆုံးမှုတွေအထိ ဖြစ်လာခဲ့တာပါ။ ရေကြီးမြေပြိုခဲ့လို့ လူပေါင်း ၁၀၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အိမ်ထောင်စုပေါင်း ၂ သိန်းခွဲကျော် ကလည်း ယာယီမီးပြတ်ခဲ့ကြတာပါ။ ဥမင်လှိုက်ခေါင်းအတွင်းလဲ ရေကြီးခဲ့လို့ ဘတ်စ်ကားတွေ အိမ်စီးကားတွေမျောပါခဲ့ကာ လူ ၁၃ […]

တနင်္ဂနွေနေ့တွင် ဘန်ကောက်၌ ဆန္ဒပြမည်

Dawei Watch

July 21, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လာမည့် တနင်္ဂနွေနေ့၌ လက်ရှိ ထိုင်းနိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လူငယ်အဖွဲ့များက ဆန္ဒပြသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ လာမည့် ဇူလိုင်လ ၂၃ ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဘန်ကောက်မြို့လယ် Asoke လမ်းဆုံတွင် ဆန္ဒပြကြွေးကြော်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဆန္ဒပြပွဲကို ဦးဆောင်သော တက်ကြွလှုပ်ရှားသူ Sombat Boonngamanong က လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပက်သက်၍ ပြည်သူများ ဘယ်လောက်ထိ ခံစားနေကြရသည်ကို ကြားသိဖို့ အော်ဟစ်ကြွေးကြော် သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ အဆိုပါဆန္ဒပြပွဲသို့ ရဲတပ်ဖွဲ့များနှင့် ထိတွေ့ထားခဲ့ဖူးသဖြင့် လူသိများသော Thalugaz အဖွဲ့ကလည်း ပါဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ iTV ရှယ်ယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အခြေခံဥပဒေခုံရုံးက Move Forward ပါတီခေါင်းဆောင် ပီထာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခဲ့ပြီး ဒုတိယအကြိမ် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းချိန်တွင်လည်း အထက်လွှတ်တော်အမတ်များနှင့် […]

ကန့်ကွက်မဲများသဖြင့် ပီထာ ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးချယ်ခံခွင့်မရှိတော့

Dawei Watch

July 19, 2023

ဒုတိယအကြိမ် ဝန်ကြီးချုပ်လောင်းအဖြစ် ပီထာကို အမည်စာရင်းတင်သွင်းရာတွင် ကန့်ကွက်သူ လွှတ်တော်အမတ် ၃၉၅ ဦးရှိသဖြင့် ပီထာကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံတင်သွင်းရွေးချယ်ခံခွင့် မရှိတော့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပီထာကို နောက်တစ်ကြိမ် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခွင့်မရှိကြောင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၉၅ မဲ၊ ကန့်ကွက်မဲ ၃၁၂ မဲနှင့် ကြားနေမဲ ၈ မဲ ရှိခဲ့သည်။ ထို့ကြောင့် ဝန်ကြီးချုပ်ဖြစ်ရန် ကြိုးစားနေသော Move Forward ပါတီခေါင်းဆောင် ပီထာသည် အမည်စာရင်း ထပ်မံတင်သွင်းခွင့် မရှိတော့ပေ။ ယနေ့လွှတ်တော်တွင် ကျင်းပသော ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ထပ်မံအမည်တင်သွင်းခဲ့သော ပီထာကို လွှတ်တော်၏ စည်းမျဉ်းစည်းကမ်းများအရ ထပ်မံ တင်သွင်းခွင့်မရှိကြောင်း အထက်လွှတ်တော်အမတ်များနှင့် အတိုက်အခံပါတီများက အကြိတ်အနယ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိတွင် […]