ဆေးခြောက်ထုတ်လုပ်ရေးနှင့် တောခွေးဝှေးစေ့ တရုတ်ပို့ရေးအစီအစဉ်ဖြင့် ကင်ညာသမ္မတလောင်းမဲဆွယ်
diz_admin
August 17, 2022ကင်ညာ သမ္မတရွေးကောက်ပွဲတွင် ထိပ်သီးသမ္မတလောင်းနှစ်ဦးက ဦးဆောင်နေပြီး တတိယနေရာက လိုက်နေသူသည် တိုင်းပြည်စီးပွါးရေးပြဿနာ ဖြေရှင်းရန်အတွက် ဆေးခြောက်ထုတ်လုပ်ရေးကို မဟာဗျူဟာ ကျကျ ဆောင်ရွက်ရန်နှင့် အာဖရိကတောခွေး ဟိုက်အီးနား များ၏ ဝှေးစေ့ကို နိုင်ငံခြားသို့ တင်ပို့ရန် အစီအစဉ်များ ချပြမဲဆွယ်လျက် ရှိသည်။ သမ္မတရွေးကောက်ပွဲ ပထမအကျော့ကို ဩဂုတ်လ (၉) ရက်နေ့တွင် စတင်ခဲ့ရာ အတိုက်အခံခေါင်းဆောင် ရိုင်လာအိုဒင်ဂါ နှင့် ဒုတိယသမ္မတ ဝီလီယမ်ရူတို တို့က ပြိုင်ဆိုင်မှု ပြင်းထန်စွာ ဦးဆောင်နေလျက်ရှိသည်။ တတိယနေရာက လိုက်နေသော ရက်ဂေးအနုပညာရှင် သမ္မတလောင်း ဂျော့ဝါဂျက်ကိုရာ ကမူ တိုင်းပြည်၏ ကြွေးမြီပြဿနာကို ဖြေရှင်းမည့် ကိုယ်ပိုင်နည်းလမ်းဖြင့် မဲဆွယ်လျက်ရှိသည်။ နိုင်ငံရေးသမားများ ကိုင်တွယ်ရန် ပျက်ကွက်လျက်ရှိသော အကျင့်ပျက်ခြစားမှု၊ ငွေဖောင်းပွမှု၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု တို့ကို […]


