သီရိလင်္ကာတွင် သမ္မတ၊ အစိုးရအဖွဲ့ဝင်များနှင့် အမတ်များ၏ နေအိမ်များကို မီးရှို့
diz_admin
May 10, 2022ဒေါသထွက်နေကြသော လူအုပ်ကြီးများက အာဏာရ သမ္မတ နှင့် ဝန်ကြီးချုပ် ရာဂျာပတ်စာ ညီအစ်ကို ပိုင်သော နေအိမ်များ၊ အာဏာရပါတီ အမတ်များပိုင်သော နေအိမ်များကို မီးတင်ရှို့နေကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။ သီရိလင်္ကာရှိ အစိုးရနုတ်ထွက်ပေးရေး ဆန္ဒပြသူများကို အစိုးရလိုလားသူများက တိုက်ခိုက်ခဲ့ပြီးနောက် လူအုပ်ကြီးများက အစိုးရအဖွဲ့၏ နေအိမ်များကို မီးရှို့မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စီးပွါးရေး အကျပ်အတည်းအား အစိုးရ၏ စီမံခန့်ခွဲပုံကို မကြိုက်သဖြင့် ဝန်ကြီးချုပ် မဟင်ဒါရာဂျာပတ်စာ နုတ်ထွက်ရန် တောင်းဆိုနေသော လူထုဆန္ဒပြပွဲများ အတွင်း ယင်းသို့ အဓိကရုဏ်းများ ဖြစ်ပွါးလာခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်အတွင်းမှာ ရှိနေသော နေအိမ်ကို ဆန္ဒပြသူများက ဝင်ရောက်လာကြခြင်း ဖြစ်သည်။ ယမန်နေ့ကတည်းက လူ (၇)ဦးသေဆုံးပြီးဖြစ်ကာ (၁၉၀) ကျော် ဒဏ်ရာရရှိသွားကြသည်။ အာဏာပိုင်များက […]


