မြိတ်တွင် ဆန်ဈေးအနည်ငယ်ကျ
Dawei Watch
June 27, 2025မိုးစပါးစိုက်ပျိုးရန် ထွန်ယက်စိုက်ပျိုးနေချိန် မြိတ်မြို့တွင် ဆန်းဈေးအနည်းငယ် ကျဆင်းလာကြောင်း မြိတ်မြို့နယ်ဆန်ကုန်သည်အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဧပြီ၊ မေလတို့နှင့်နှိုင်းယှဉ်ပါက ယခုမိုးရာသီအစဇွန်လ ကုန်ပိုင်းတွင် ဆန်တစ်အိတ် ကျပ်နှစ်သောင်းနီးပါး ဈေးကျဆင်းသွားကြောင်း ၎င်းကဆိုသည်။ ဆန်ဝယ်စားနေရသည့် မြိတ်မြို့ခံအချို့ကလည်း ဆန်းဈေးအနည်းငယ် ကျဆင်းနေကြောင်း ပြောဆိုသည်။ “ငါးလပိုင်းတုန်းက စူပါဆန် ၂၄ ပြည်တစ်အိတ်ကို ၉၃၀၀၀ (ကျပ်) ပေးရတယ်။ မနေ့က သွားဝယ်လာတာ ခုနစ်သောင်း(ကျပ်) ပေးရတယ်။ ဒါပေမဲ့ ဆန်(စျေး)တွေကတော့ တစ်ဆိုင်နဲ့တစ်ဆိုင်မတူကြဘူး” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ အလားတူ ဂျပန်မတံဆိပ်ဆန်လည်း ဆယ်ပြည်အိတ်တစ်အိတ်လျှင် ၄၀၀၀ ကျပ်ခန့် ဈေးကျလာကြောင်း မြို့ခံအချို့ကပြောသည်။ ” လေးလပိုင်းတုန်းက ဂျပန်မဆန် တစ်ပြည်ကို ၄၄၀၀ ကျပ်၊ ပြီးခဲ့တဲ့လက ၄၂၀၀ ကျပ် ဖြစ်သွားတယ်။ […]


